သင်္ကြန်အမှတ်တရ

နွေ၊ မိုး၊ ဆောင်း ဆိုတဲ့ ရာသီဥတုသုံးဥတု ရှိတဲ့အထဲမှာ ကျမကတော့ နွေကိုသိပ်မကြိုက်ပါဘူး။ မုန်းလားဆို တော့လည်း မမုန်းပါဘူး။ နွေရာသီကို ဘာကြောင့် မကြိုက်တာလည်းဆိုရင် နွေရာသီက တအားပူတယ်။ အိုက် တယ်။ ကျမက ပူတဲ့ အိုက်တဲ့ ဒဏ်ကို မခံနိုင်ဘူး၊ ပူလွန်းအိုက်လွန်းရင် ခေါင်းကိုက်လာတယ်။ ခေါင်းကိုက်တဲ့ ရောဂါကိုလည်း အမုန်းဆုံးပဲ။ ဒါပေမယ့် နွေရာသီမှာ ပျော်စရာကောင်းတဲ့ ပွဲတော်တွေလည်းရှိပါတယ်။ အဲ့ဒီအ ထဲမှာ သင်္ကြန်ပွဲတော်ကို နှစ်သက်ဆုံးပဲ။ သင်္ကြန်ပွဲတော်ဆိုတာ မြန်မာဗုဒ္ဓဘာသာတွေအတွက်က ပျော်ဖို့ ကောင်းတဲ့ ပွဲတော်တစ်ရပ်လည်းဖြစ်ပါတယ်။ နှစ်ဟောင်းရဲ့အညစ်အကြေးတွေကို ဒီသင်္ကြန်ပွဲတော်မှာ ဆေး ကြောသန့်ရှင်ကြတာပါ။ သင်္ကြန်ကျတဲ့အချိန်မှာ လူငယ်တွေက ပျော်ရွင်စွာနဲ့ ရေပတ်ကစားကြပြီး လူကြီးတွေ ကတော့ ဥပုဒ်သီလစောင့်ကြတာပေါ့။ အခုလည်းသင်္ကြန်နီးပြီးဆိုတော့ သင်္ကြန်နဲ့ပတ်သက်တဲ့ အမှတ်တရလေး ကို ပြောပြချင်လို့ ရေးလိုက်ရတာပါ။ ထွေထွေထူးထူးတော့မဟုတ်ပါဘူး။ ကျမ(၄) တန်းအရွယ်က ကြုံခဲ့ရတဲ့ အဖြစ်ကလေးပါ။ နွေရာသီကျောင်းကြီးပိတ်လို့ ဧပြီလ၊ သင်္ကြန်ကျတဲ့အချိန်လည်းဖြစ်တယ် အဲ့ဒီအချိန်မှာကျမ တို့က ငယ်တယ်ဆိုတော့ ဘာမှစိတ်မ၀င်စားပါဘူး။ အဓိက ရေပတ်ရဖို့ပဲရေးကြီးတယ်။ ရေပတ်ရရင် တစ်နေ ကုန်ပျော်တယ်။ ဒါပေမယ့် ကျမတို့ရဲ့အဒေါ်တွေက အဲ့ဒီအချိန်မှာ အပျိုလေးတွေဆိုတော့ သွားချင်လာချင်ကြ မှာပေါ့။ နောက်ပြီး သူတို့က အတွဲတွေနဲ့လေ။ အပျိုဆိုတော့ လူပျိုလေးတွေက စိတ်ဝင်စားကြတာပဲ မဟုတ် လား။ တစ်ရက်တော့ အဒေါ်က အမေကို ပြောတယ်။ သူတို့တွေ သင်္ကြန်မှာ ဘုရားဖူးထွက်ကြမယ်တဲ့။ အဲ့ဒါနဲ့ အမေကလည်း ခွင့်ပေးလိုက်တယ်။ ကျမကြားတဲ့အခါကျတော့ ကျမလည်း ဘုရားဖူးလိုက်မယ်လို့ မေမေကို သွားပြောလိုက်တယ်။ မေမေက ကလေးတွေမလိုက်ရဘူး။ လူကြီးတွေပဲ သွားလို့ရတယ်။ သွားချင်တယ်ဆိုရင် မေမေပါမှ သွားရမယ်တဲ့။ ကျမလည်း စိတ်တိုပြီး မခေါ်လည်း သွားမှာပဲလို့ စိတ်ထဲမှာ တွေးလိုက်တယ်။ စိတ်လည်းတိုသွားတယ်။ အဒေါ်လည်းပါတာပဲဟာ။ အဲ့ဒီအချိန်မှာ ကိုယ့်ကိုယ်ကို လူကြီးဖြစ် ခဏတာလေး ဖြစ်ချင် တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကလေးဖြစ်တဲ့အတွက် မသွားရဘူးလေ။ အဒေါ်က ကျမကို ကြည့်ပြီး သနားသွားတယ်။ အဲ့ဒါနဲ့ ကျမရဲ့ မေမေကို သွားပြောပေးလိုက်တယ်။ မေမေက ကျမကို အဒေါ်ကြည့်မယ်ဆိုရင် ခေါ်သွားတဲ့။ ကျမလည်း တအားဝမ်းသာသွားတာပေါ့။ တကယ့်လို့ ကျမပါသွားရင် ကျမက အဒေါ်တို့ကို လိုက် နှောက်ယှက်မှာ စိုးရိမ်လို့ဖြစ်မယ်။ ကျမပါသွားရင်လည်း သူတို့အတွက် ဘယ်လွတ်လပ်ပါမလဲနော်။ ကျမလည်း သူတို့ကို မနှောက်ယှက်ပါဘူး။ ကိုယ့်ဘာသာကိုယ့်နေမှာပေါ့။ မနက်မိုးလင်းတဲ့အချိန်မှာ သူများတွေထကုန်ပြီး ။ ကျမကတော့ အိပ်ယာထဲမှာ ကွေးတုန်းပဲရှိသေးတယ်။ ကျမက အိပ်ပုတ်တယ်လေနော်။ ဟဲဟဲ။ အဒေါ်က ဘုရားဖူးမလိုက်ဘူးလား။ သွာမယ်ဆိုရင် ထတော့လို့လာခေါ်မှပဲ ထတော့တယ်။ နင့်ရဲ့ သူငယ်ချင်း တွေလည်း ပါတယ်ဆိုတော့ ကျမပိုပြီးပျော်သွားတာပေါ့။ ကျမလည်း ကမန်ကတန်းထပြီး မျက်နှာသစ် ရေမိုးချိုးပြီး အလှပြင် တာပေါ့။ အဲ့ဒီအချိန်မှာ ကျမအလှမပြင်တတ်ပါဘူး။ အဒေါ်ပဲအကုန်လုံး ပြင်ပေးတယ်။ အလှပြင် တာလည်း မကြိုက်ပါဘူး။ တောင်နာကြီး သနားခါးတုံးနဲ့ ကျောက်ပြင်မှာ သွေးပြီးတော့ပဲ လိမ်းဖြစ် တယ်။ အဒေါ်က အပျိုတွေဆိုတော့ အလှပြင်မှခေါ်မှာဆိုလို့ အလှပြင်တာပေါ့။ ဒါပေမယ့် နှုတ်ခမ်းနီကိုတော့ မဆိုးဘူး။ မကြိုက် ဘူး။ ဆိုးတာလည်း ၀ါသနာမပါဘူး။ ဆိုးရင်လည်း ခဏလေးပဲ။ အကုန်လုံးဖျက်ပစ်တော့တတ်တဲ့ အကျင့်ရှိ တယ်။ နှုတ်ခမ်းနီဆိုးရင် မနေတတ်လို့မဆိုးတာပါ။ သွားတော့မယ်ဆိုတော့ ကျမရဲ့မေမေက ဘီရိုထဲမှာရှိတဲ့ အင်္ကျီအသစ်ကို ထုတ်ပေးတယ်။ အင်္ကျီအရောင်က အဖြူရောင်လေး ချစ်စရာလေး။ ကျမကြိုက် အပေါ့။ အဲ့ဒီ အင်္ကျီကို ကျကျနန ၀တ်ခဲ့ပြီး အဒေါ်နဲ့အတူ ဘုရားဖူးသွားမယ့် ကားစီးပြီး ထွက်လာခဲ့တယ်။ ကားပေါ်မှာ ကျမတို့အရွယ် ကျမရဲ့သူငယ်ချင်းတွေ အများကြီးပျော်ဖို့ကောင်းတယ်။ ဘုရားကတောင်ကုန်းပေါှ်ာရှိတဲ့ အတွက် ကားကို တောင်အောက်ခြေမှာပဲ ရပ်ထားခဲ့တယ်။ ဘုရားတောင်ကုန်းပေါ်တက်ပြီး ဘုရားဖူးခဲ့ကြတယ်။ ဆုတောင်းခဲ့ကြတယ်။ တောင်ကုန်းပေါ်မှာ မျောက်တွေကို အစာကျွေးခဲ့တယ်။ ပန်တောက်ပန်းတွေလည်း ဝေေ၀ဆာဆာနဲ့ ပွင့်နေကြတယ်။ တောင်ကုန်းပေါ်ကနေပြီး တောင်အောက်ခြေမှာရှိတဲ့ မြို့ရဲ့ရှုခင်းတခုလုံးကို ကောင်းကောင်းမြင်ရတယ်။ ရင်ထဲမှာလည်း အေးချမ်းပြီးလန်းဆန်းသလို ခံစားရတယ်။ ကျမတို့လည်း ဘုရားဖူး ပြီး ပြန်လာတဲ့အချိန်မှာ ဇာတ်လမ်းက စတော့ တယ်။ ဘာဖြစ်လို့လဲဆိုတော့ လူပျိုလေးတွေက အပျိုမတွေကို ရေလောင်းဖို့ ရေဖလားထဲ မှာ ရေမွှေးထည့်ပြီးလောင်းကြတယ်။ ကျမတို့လို ကလေးကျတော့ ရိုးရိုးရေနဲ့ပဲ လောင်းကြတယ်။ ဒီထက်ပိုဆိုးတာက ကျမအရွယ်လောက်ပဲ ကောင်လေးတစ်ယောက်က ကျမကို ရေလာ လောင်းတယ်။ ဘာရေနဲ့လောင်းတယ်ဆိုတော့ ဗွက်ရေနဲ့လာလောင်းတယ်။ ကျမလည်းစိတ်တိုပြီး ငိုတာပေါ့။ အဒေါ်က မငိုရဘူးတဲ့။ သူများရေလောင်းတာပဲ။ လောင်းတဲ့ရေကလည်း ဗွက်ရေနဲ့လောင်းရလား ကျမလည်း စိတ်တိုပြီး ပြန်ပြောခဲ့တယ်။ ကျမရဲ့ အင်္ကျီအရောင်ကလည်း အဖြူရောင်ဆိုတော့ ပိုဆိုးတာပေါ့။ အိမ်ရောက် တော့ မေမေကို ပြန်လာတိုင်တော့တယ်။ မေမေက သမီးလိုက်ချင်တာကိုး။ မလိုက်နဲ့လို့ပြောတာပဲ။ ကျမ လည်း နောက်ဆိုရင် မလိုက်တော့ဘူး။ ကိုယ့်ဘာသာကိုယ့် အိမ်မှာပဲ ရေကစားတော့မယ်။ နောက်တခါ လာခေါ်ရင် တောင် မလိုက်ဘူးလို့ ဆုံးဖြတ်ထားခဲ့တယ်။ သင်္ကြန်နဲ့ပတ်သတ်တဲ့ ကိုယ်တိုင်အဖြစ်အပျက်ကလေးပါ။ ကံမကောင်းတဲ့ အမှတ်တရလေးပေါ့နော်။ ကျမကို ဗွက်ရေနဲ့လာလောင်းတဲ့ ကောင်းလေးကို အခုထိ စိတ်တို တုန်းပဲ။ ဒါပေမယ့် အခုအချိန်မှာ သူလည်း ဘယ်ရောက်လို့ ရောက်နေမှန်းတောင် မသိဘူး။ တနိုင်ငံဆီဝေးကြ ပဲ မဟုတ်လား။ အခုအချိန်မှာ တွေ့ရင်တောင် မမှတ်မိတော့ဘူး။ တကယ့်လို့ တွေ့ရင် မှတ်မိရင် သူ့ကို ဗွက်ရေနဲ့ ပြန်လောင်းမှာပဲနော် ဟဲဟဲ။ သူငယ်ချင်းတို့ရေ… ဒီနှစ်သင်္ကြန်မှာ ယုန်လေးလိုမျိုးအဖြစ်ဆိုးနဲ့ မကြုံရ ပါစေနဲ့လို့ ဆုတောင်းပေးလိုက်ပါတယ်။ အားလုံး ပျော်ရွင်နိုင်ပါစေ……..


သင်္ကြန်အမှတ်တရလေးကို ဆက်လက်ရေးရမည့် အမည်စရင်း

အမ အိမ်လေး

အမ biggestthu

အမ မေမိုး

ကိုမာန်လှိုင်းငယ်

အကို ကဗျာလွယ်အိတ်ကလေး

ကိုအရာရာ

ကိုပြည့်စုံ


ယုန်ကလေး





0 comments:

 

Design in CSS by TemplateWorld and sponsored by SmashingMagazine
Blogger Template created by Deluxe Templates