ပိတောက်ဝေးတဲ့ ငါတို့သင်္ကြန်ပွဲ

နေ့တွေညတွေအိုဟောင်းလာလို့…

လတွေဆီကို ကူးပြောင်းခဲ့

ဒီလိုနဲ့…နှစ်သစ်တနှစ်ရောက်ရပြန်ပြီးကွဲ့

ဒါပေမဲ့ပေါ့…

ပိတောက်ဝေးတဲ့ သင်္ကြန်က တိုင်းတပါးမှာ…။

ငယ်စဉ်တုန်းကပေါ့ ဒီအချိန်ဆို…

အသိမကြွယ်သေးတဲ့ ခလေးအရွယ်မှာ

နှစ်သစ်ကူးတဲ့ တန်းခူးအချိန်ပေမို့

ပျော်မဆုံးအောင်လျှောက်လို့လောင်…။

ရက် လ နှစ်တွေကူးပြောင်း…

အတွေ့အကြုံတချို့ပြည့်စုံနေတဲ့

အခုလိုလူလတ်အရွယ်မှာတော့

ပိတောက်တွေ ဝေဖူးတဲ့ ဒီလိုနှစ်အကူးမှာ

ကုသိုလ်တွေ ယူဖို့

လူကြီးသူမတွေကို ကူညီချင်သပ

ဒါ…ဇရာကရလာတဲ့ သဘာဝသိ…။

နှစ်သစ်ကူးပေမို့ ရွှေမြန်မာပြည်မှာဆို….

တူးပို့….တူးပို့ သီးချင်းကိုဆိုငြီး

ပန်းတောက်ပန်းတွေ ဝေဖူးတဲ့

မြန်မာသင်္ကြန်မယ်တွေရဲ့ အလှဟာလည်း ရှု့လို့မငြီး…။

တစိမ်းမြေတစိမ်းရေမှာ…

အမိမြေမှာလို မပျော်ရွှင်လည်း

အစဉ်အမြဲ အမှတ်ရနေဆဲမို့

နှစ်သစ်အချိန်အခါမှာ

ပိတောက်ပန်းတွေနဲ့ဝေးနေလည်း

ရောက်ရာအရပ်မှာ

အပေါင်းအသင်းတွေစုပေါင်းကြလို့

နှစ်သစ်ကူးတဲ့ သင်္ကြန်ပွဲကို ငါတို့ ဆင်နွဲနေဆဲပဲ။

ဇာနည်မောင်

2 comments:

ein said...

ခုလဲပဲပျော်မဆုံးအောင် လျှောက်လို့လှောင်လို့ရပါတယ်ကွညလေးရ...း)
အိုးးး ဇာနည်မောင်က လက်ဆောင်ပေးထားတဲ့ကဗျာလေးပေါ့ ကောင်းတယ် ဝေးး
ချီးယား နော် ...း)

Unknown said...

ထပ်တူထပ်မျှခံစားရပါတယ်...ပိတောက်နဲ့ဝေးတဲ့ သင်္ကြန်က တကယ်ကိုတိုင်းတပါးမှာပါ :(

 

Design in CSS by TemplateWorld and sponsored by SmashingMagazine
Blogger Template created by Deluxe Templates