မွေးရပ်မြေ (သို့မဟုတ်) အိမ်
မွေးရပ်မြေကိုရေးဖို့အတွက် ကိုပြည့်စုံကလာအော်သွားတာ ကြာပါပြီ။ ဒါပေမယ့်ကျမက မအားတာလည်းပါ တယ်။ မရေးဖြစ်တာလည်းပါတယ်။ အခုတော့ ရေးတော့မယ်လို့ ဆုံးဖြတ်လိုက်တယ်။ မရေးခင်မှာ ကိုပြည့်စုံကို အရင်တောင်းပန်ချင်တာက အခုလိုယုန်လေး ကြာသွားတဲ့အတွက် အနည်းငယ်ခွင့်လွတ်ပါလို့ တောင်းဆိုချင်ပါ တယ်။ လူတိုင်းလူတိုင်းက မွေးလာကတည်းက မွေးရပ်မြေဆိုတာ ရှိကြစမြဲပါ။ ဒါပေမယ့် အဲ့ဒီမွေးရပ်မြေကို ပျော်ရွင်စွာနဲ့ကြုံခဲ့ရသလို စိတ်မကောင်းစရာတွေနဲ့ကြုံခဲ့ရတဲ့ သူတွေလည်းရှိတတ်ကြပါတယ်။ သို့ သော်လည်းပဲ မိမိရဲ့မွေးရပ်မြေကို ချစ်ကြတာပါပဲ။ လွမ်းကြမှာပဲ။ ကျမရဲ့မွေးရပ်မြေကတော့ မွန်ပြည်နယ်၊ ဘီးလင်းမြို့ ၊မြစ်ကျိုကျေးရွာလေးပါ။ မွန်ပြည်နယ်မှာ မွေးခဲ့ပေမယ့်လည်း မွန်တစ်လုံးမှ မတတ်ပါဘူး။ ကရင်စကားပဲတတ် တာပါ။ ကျမရဲ့ရွာမှာအများအားဖြင့် ကရင်နဲ့မြန်မာတွေပဲများပါတယ်။ ကျမ အမှန်အတိုင်းပြောရရင် ကျမရဲ့ရွာ ကို ငယ်ငယ်လေးကတည်းက ခွဲခွာခဲ့ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျမသိတတ်စအရွယ်မှာ ကျမရဲ့မိဘတွေ က ကျမတို့ ပညာကောင်းကောင်းမွန်မွန်သင်ယူနိုင်ဖို့အတွက် မြို့တစ်မြို့မှာ ပြောင်းသွားခဲ့ပါတယ်။ ရွာကနေ ထွက်သွားတာ ၆နှစ်သမီးအရွယ်ကတည်းကပါ။ ရွာမှာတော့ ကြီးမေ။ ဦးလေး။ အဒေါ်။ အဘိုးအဘွားတို့ပဲ ဆွေးမျိုးတွေပဲကျန်ခဲ့ပါတယ်။ ကျမဘယ်လိုပုံစံနဲ့ ရွာကိုခွဲသွားရတဲ့အကြောင်း သူငယ်ချင်းတို့ကို ဖောက်သည် ချလိုက်ဦးမယ်နော်။ ဖြစ်ပုံကဒီလို။ ကျမရဲ့မေမေက တောသူမလေ။ မေမေရဲ့ အမျိုးတွေက တောမှာပဲများ တယ်။ ဖေဖေရဲ့အမျိုးတွေကတော့ မြို့ပေါ်မှာများတယ်။ တစ်နေ့ကျတော့ဖေဖေက မြို့ပေါ် မှာသွားနေကြရ အောင် အစ်မကြီးလည်းခေါ်နေတယ်လို့ မေမေကိုပြောလိုက်တယ်။ ဒါပေမယ့်မေမေက မသွားချင်ဘူးလေ။ တောမှာပဲနေချင်တယ် သူ့မောင်နှမတွေနဲ့ ခွဲပြီးမသွာချင်ဘူးတဲ့။ ဖေဖေကလည်း ဘာမှမပြောဘူး။ အဲ့ဒါနဲ့ ဖေဖေကငါခရီး ထွက်စရာရှိတယ်။ အိတ်ပြင်ပေးလို့ ပြောလိုက်တယ်။ မေမေကလည်း ရိုးရိုးသားသား ထင်ပြီး ပြင်ပေးလိုက်တယ်။ ကျမတို့က ငယ်တယ်ဆိုတော့ ဘာမှမသိဘူး။ အဲ့ဒီနောက် ဖေဖေခရီးထွက်သွား တာ တစ်ပတ်နှစ်ပတ်ကြာတော မေမေက သူလိုက်သွားမယ်ဆိုပြီး ကျမတို့မောင်နှမကို အဒေါ်တွေနဲ့ အပ်ထား ခဲ့တယ်။ မေမေလိုက်သွားတော့ ဖေဖေက မြို့မှာကျမတို့ မိသားစု နေနိုင်ဖို့အတွက် အိမ်တွေခြံတွေ အဆင်သင့်ဖြစ်အောင် သွားစီစဉ်ထားတာလေ။ ဖေဖေကလည်း မပြန်နဲ့တော့ ဒီမှာပဲနေတော့။ ကျမတို့မောင်နှမကို ပြန်ခေါ်ပေးမယ်တဲ့။ မေမေကတဇွတ်ထိုးပဲ သူမနေဘူးတဲ့။ ဒီမြို့မှာ သူနဲ့သိတဲ့သူတစ်ယောက်မှ မရှိဘူး နေလည်းမနေချင်ဘူး အတင်းပဲငြင်းနေတယ်။ ကျမရဲ့ဖေဖေက သဘောပဲတဲ့။ သို့သော်လည်း သူခရီးထွက် စရာရှိသေးတယ်။ နှစ်ရက်ကြာမယ်။ သူခရီးကနေပြန်လာမှာ ရွာကိုပြန်ပို့ပေးမယ်ဆိုပြီး မေမေကိုပြောလိုက် တယ်။ တကယ်တော့ ဖေဖေက မေမေကိုညှာခဲ့တာ။ ကျမတို့ မောင်နှမတွေကို မေမေမသိအောင် ပြန်လာ ခေါ်တာပါ။ ကျမတို့လည်း ဟိုရောက်တော့ ပြန်မလာရတော့ဘူး။ အဲ့မှာပဲမိသားစုအားလုံး အတူတူနေထိုင်ခဲ့ တယ်။ ကျမမြို့ပေါ် မှာနေရသော်လည်း ကျမရဲ့ကျေးရွာသေးသေးလေးကို အမြဲသတိရတယ်။ အဘွားကို လည်း လွမ်းတယ်။ ရွာကိုပြန်လာချင်ရင်တော့ နွေရာသီကျောင်းပိတ်ရက်မှာ ကျမတို့ ဖေဖေက ဗဟုသုတ ရဖို့အ တွက် ခရီးတခုထွက်ခိုင်းတယ်။ ဘုရားဖူးထွက်ရင်ထွက်။ ဒါမှမဟုတ် ဖေဖေအလုပ်လုပ်တဲ့ သစ်စက်ရုံမှာ လေ့လာရေး ထွက်ရင်ထွက်။ ရွာကိုပြန်လည်ချင်ရင် ပြန်လည်လို့ရတယ်။ ကျမကတော့ ရွာကိုပဲပြန်လာဖြစ်တယ်။ ရွာကိုပြန် လာရင်လည်း ခဏ လေးပါပဲ။ အမျိုးတွေကများတော့ ဟိုအမျိုးက ခေါ်လိုက်။ ဒီအမျိုးကခေါ်လိုက်နဲ့။ အချိန်က ပြည့်သွားတယ်။ အမေရွာကိုပဲ လည်လို့မရဘူး။ အဖေရွာကိုပါ လိုက်လည်ရသေးတယ်။ အဖေရဲ့ အမျိုးဘက်က လာခေါ်ရင်တော့သွားတယ်။ အဖေရွာလည်း ပျော်ဖို့ကောင်းတယ်။ အဖေတို့ရွာကျတော့ ရေတွင်းမရှိဘူး။ မြစ်ရေ ချောင်းရေနဲ့ရေချိုးရတယ်။ အဲ့လိုရေနဲ့ ချိုးတဲ့ အခါကျတော့ အသားမဲတယ်။ ရေတော့ ကူတတ်ရတယ်။ ကျမရဲ့ တ၀မ်းကွဲအမတွေဆိုရင် ရေကူတော်မှတော်ပဲ။ ဟဲဟဲ ။ ကြွားလိုက်တာနော်။ ကျမ ရောက်ခါစတော့ ရေမကူးတတ်ဘူး။ မြစ်ရေထဲ ရေဆင်းချိုးတဲ့အခါကျတော့ ရေစီးသန်လို့ ရေထဲမှာ တခါနစ်ခဲ့ဖူးတယ်။ ကံကောင်း လို့ မသေတာ။ အဲ့လောင်တောင် ရေကူးကျွမ်းတာနော်။ ရွာကလူတွေကယ်လို့ တော်သေးတာပေါ့။ အဲ့မှာပဲ ရေတွေအ၀သောက်လိုက်ရတယ်။ နောက်နေ့တွေမှာတော့ တစ်ဝမ်းကွဲအမက ရေကူးသင်ပေးတော့တယ်။ တဖြည်းဖြည်းကျင့်ရင်းနဲ့ ရေကူးတတ်တော့တယ်။ ရေမကူးတတ်ခင်မှာတော့ ရေတခါသွားချိုးဖို့အတွက် အရမ်းကြောက်တယ်။ ရေကူးလည်းတတ်ရော အဒေါ်က တုတ်နဲ့ပါလာခေါ်ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရေချိုး တာကြာလို့တဲ့။ ကျမဘယ်လောက်အထိရေငုတ်လဲဆိုရင် မျက်လုံးပါနီတဲ့အထိ ရေကစားခဲ့ဖူးတယ်။ အဖေတို့ ရွာမှာ ဆင်လည်းစီးခဲ့ဖူးတယ်။ အဲ့ဒါပထမဦးဆုံး ဆင်စီးခဲ့ခြင်းပါ။ အစကတော့ မစီးရဲ့ဘူး။ ဦးလေးကအတင်း ခေါ်တယ်။ အဒေါ်တွေကလည်း စီးဖူးအောင်ဆိုပြီး စီးလိုက်တာပါ။ အခုအဲ့ဒီ အကြောင်းကို ပြန်စဉ်းစားရင် ရင်တုန်တုန်းပဲ။ ကြောက်လို့။ အခုဆိုရင်တော့ မစီးရဲ့တော့ဘူး။ ကျောင်းတက်ခါနီး ပြန်လာမယ့်အချိန်ရောက် တော့ အမျိုးတွေက ဟိုဟာထည့်ဒီဟာထည့် အမျိုးစုံပဲ။ ကျောင်းတက်ဖို့အတွက် မုန့်ဖိုးတွေလည်းပေးလိုက် တယ်။ အဘွားတွေ အဘိုးတွေကို တခါသွားကန်တောက်ရင် မုန့်ဖိုးတွေတောင်း စရာတောင်မလိုဘူး။ အဘွားက အင်္ကျီအိတ်ကပ်ထဲထုတ်ပြီး ပေးတော့တာပဲ။ သူငယ်ချင်းတွေလည်း လမ်းမှာစားဖို့အတွက် စားစရာတွေထည့် ပေးတယ်။ လူကြုံရှိရင် စာရေးနော်ဆိုတဲ့အသံ တွေအမျိုးမျိုး။ နောက်နှစ်တွေလည်း ပြန်လာဦးနော် မှာတဲ့သူတွေ ကလည်းမှာပေါ့။ ကားထွက်ခါနီးမှာ ငိုတဲ့သူတွေကငို။အစက ကျမလည်း မငိုဘူးလို့ ဆုံးဖြတ်ထားတာပဲ။ ဒါပေမယ့် သူများငိုတာတွေ့တော ကိုယ်လည်းငိုတာပေါ့နော်။ ဒါကတော့ ဇာတိမြေနဲ့ပတ်သက်တဲ့ တောရွာသူ။ တောရွာသားတွေရဲ့ ရိုးသားဖြူစင်တဲ့ စိတ်ကလေးပါ။ အခုတော့ ရွာနဲ့ခွဲနေတာ ဆယ်နှစ်ကျော်ပြီးဆို တော့ သတိရနေတုန်းပဲ။ တကယ်တော့ အခုအချိန်မှာ ရွာနဲ့မကဘဲ မိဘတွေနဲ့တောင် ခွဲခွာခဲ့ရတဲ့အတွက် ပိုပြီးလွမ်းခဲ့ ရပါတယ်။ မိဘရဲ့အရိပ်ဟာ အေးမြဆုံးအရာပါပဲ။ ဘယ်လောက်ပဲ ပျော်ရွင်စရာတွေကောင်းနေပါစေ မိဘတို့ရဲ့ အရိပ်ဟာနွေးထွေးမှုရှိပြီး ပျော်ရွင်စရာအကောင်းဆုံးပါပဲ။ ဒါပေမယ့်မိဘနဲ့နီးနေတဲ့ တချို့သောလူ တွေအတွက် ကတော့ မိဘရဲ့အေးချမ်းတဲ့အရိပ်ကို သိသေးမှာမဟုတ်ပါဘူး။ ကျမလည်း တချိန်ကမသိခဲ့ပါဘူး။ ဒါပေမယ့် အခုတော့ မိဘနဲ့ဝေးပြီး တခြားသူများနိုင်ငံမှာလာနေရ တဲ့အခါကျတော့ မိဘရဲ့အေးချမ်းတဲ့အရိပ်ကို ခံစားလာ တတ်တယ်။ ဘုရားတောင်မှ မိခင်ရဲ့ ကျေးဇူးကိုနို့တလုံးဖိုးတောင်မှ မဆပ်နိုင်ခဲ့ဘူးဆိုရင် ကျမတို့လိုလူသား တွေအတွက်ကတော့ မြူမှုန့်တစ်မှုန့်။ ဆံပင်တစ်ခြမ်းဖိုးတောင် ဆပ်နိုင်မှာမဟုတ်ပါဘူး။ ဒါကကျမရဲ့ ခံယူချက် ပါ။ ဒီလောက်နဲ့ပဲ နိဂုံးချုပ်လိုက်ပါတယ်။ အခုလိုလာပြီးဖတ်သွားတဲ့သူတွေ အားလုံးကို အထူးပဲကျေးဇူးတင် ပါတယ်
ယုန်ကလေး
1 comments:
ယုန်ကလေးရေ...
ကျေးဇူးပါ... ပြည့်ပြည့်စုံစုံကို ခံစားပြီးရေးသားမျှဝေပေးတဲ့အတွက်ပေါ့...။
တောင်းပန်ဖို့မလိုဘူးထင်ပါတယ်...
ကျနော်ကပြန်တောင်းပန်ရမယ်ထင်ပါတယ်...
အလုပ်အားမှန်မသိ အလုပ်ရှုပ်မှန်းမသိ သူများကို တက်မိတဲ့အတွက်လေ...
ယုန်ကလေးရေ.. နေ့သစ်တွေမှာ ငြိမ်းချမ်းစွာနဲ့ အိမ်အပြန်လမ်းမှာ ပန်းတွေနဲ့ဝေနေပါစေ...
Post a Comment