ကြယ်စင်တွေ တစ်ဖြုတ်ဖြုတ်ကြွေ
ပကတိကောင်းကင်မှာမှောင်မည်းလို့
အလင်းကို ဘယ်မှာရှာရပါ့...။ ။
ရန်ကုန်မြေမှာ ကြွေလေတဲ့ကြယ်
အနုပညာကောင်းကင်ကြီး
မှောင်မည်းသွားသလိုပဲ...။ ။
တို့ရှမ်းပြည်အတွက် လှတဲ့ကြယ်
မကြာခင်က ကြွေပြန်သတဲ့...။ ။
ရွှေမန်းမြေမှာ ကြယ်ကြွေပြန်ပြီ
နှစ်ပေါင်း ကိုးဆယ်ကျော်
ထွန်းလင်းလာတဲ့ကြယ်...။ ။
သူ့အလင်းမှာ အသိတွေ ရှိတယ်
သူ့အလင်းမှာ ရှေ့ပြေးတွေ ရှိတယ်
သူ့အလင်းမှာ ပြည်သူတွေ ရှိတယ်
သို့ပေမယ့် ကြွေသွားပြန်လေပြီ...။ ။
ဒို့အမိကောင်းကင်
မြန်မာ့ကောင်းကင်မှာ
ပုန်းခိုတဲ့ကြယ်
ပျောက်ကွယ်တဲ့ကြယ်
ကြွေလွင့်သွားတဲ့ကြယ်တွေ များနေပါရော့လား...။ ။
ဒီကဗျာကို အဝေးက အကိုတစ်ယောက်က ပို့ပေးတာပါ။ ရည်ရွယ်ချက်ကတော့ ကွယ်လွန်သွားတဲ့ ပြည်သူ လူထုချစ်ခင်လေးစားရတဲ့ သတင်းစာဆရာ၊ စာရေးဆရာမကြီး လူထုဒေါ် အမာအတွက် ဖြစ်ပါတယ်။ သူလည်းပဲအဖွားမာ သေးဆုံးသွားသဖြင့် မိသားစုနှင့်အတူ ထပ်တူထပ်မျှ ၀မ်းနည်းမိပါတယ်တဲ့။
3 comments:
မိသားစုနှင့်အတူ ထပ်တူထပ်မျှ ၀မ်းနည်းမိပါတယ်အမလဲ...
ကဗျာလေးက ထင်ဟပ်နေတယ်နော်...း)
တကယ်ကိုကောင်းတဲ့
ကဗျာတပုဒ်ပါဘဲ..........
ရေးသူကလဲတော်သလို
တင်ပေးတဲ့သူရှိလို့လဲ
ဖတ်ရတာပေါ့နော်......
မယုန်လေးရေ...
ကဗျာလေးကို ကူးယူခွင့်ပြုပါနော်...
ညီမလေး HomePage ရဲ့တနေရာမှာ အဘွားအတွက်ကဗျာတွေစုထားပါတယ်...
Address is
http://www.zorpia.com/june3pooh/journal/1791578
Post a Comment