နအဖအခြေခံဥပဒေကို ကန့်ကွက်ဆန္ဒပြသည့် ဂျပန်ရောက် မြန်မာ့ဒီမိုကရေစီအင်အားစုများနှင့် ဂျပန်ရဲများ အဓိကရုဏ်းဖြစ်ပွားနေ
ယနေ့နံနက်ပိုင်းက ဂျပန်နိုင်ငံ နအဖသံရုံးရှေ့၌ မြန်မာ့ဒီမိုကရေစီ အင်အားစုများမှ နအဖဖွဲ့စည်းပုံ အခြေခံ ဥပဒေဆန္ဒခံယူပွဲအား ကန့်ကွက်ဆန္ဒပြခဲ့ကြကြောင်း သတင်းရရှိသည်။ ဆန္ဒပြပွဲအား ဂျပန်ရဲတပ်ဖွဲ့မှ အင်အား အလုံးအရင်းဖြင့် ရိုက်နှက်ဖြိုခွင်းသဖြင့် ဦးမြင့်သိန်း(အဲန်အယ်လ်ဒီ)၊ မသော်တာမင်းထွန်း (ဒီဘီအေ)၊ ကိုစိုးမင်းအောင် (ဒီဘီအေ)၊ မမြဖြူပြာ (လူ့ဘောင်သစ်)တို့ ဒဏ်ရာပြင်းထန်စွာ ရရှိကြောင်း သိရသည်။ ကိုလင်းအောင် (အဲန်အယ်လ်ဒီ)မှာ ရိုက်နှက်သည့် ရဲများအား ပြန်လည်ခုခံထိုးကြိတ်သဖြင့် ဖမ်းဆီးသွားကြောင်း ဆန္ဒပြနေသော ရဲဘော်များမှ သတင်းပေးပို့လာသည်။ ယခုအချိန်ထိ ဆက်လက်ဆန္ဒပြ ကြွေးကြော်နေကြ ဆဲဖြစ်ပြီး ဆန္ဒပြရဲဘော်များအား ဂျပန်ရဲတပ်ဖွဲ့မှ ၀ိုင်းပတ်ပိတ်ဆို့ထားကြောင်း သတင်းရရှိ သည်။
နောက်ဆက်တွဲ သတင်းပေးပို့ချက်အရ ဆန္ဒပြ ရဲဘော်များနှင့် ဂျပန်ရဲများ အပြန်အလှန် ထိုးကြိတ်ရိုက်နှက် တိုက်ပွဲဝင်လျက်ရှိကြောင်း သိရသည်။ မြန်မာမိန်းကလေးငယ်များအား ခြေနှင့်လက်တို့ကို ချုပ်နှောင်၍ ပက်လက် တရွတ်တိုက်ဆွဲခေါ်ကာ သံရုံးဘေးပန်းခြံ၌ ထိန်းသိမ်းထားကြောင်း၊ သံရုံးမိုးကောင်းကင်တွင် စစ်ရဟတ်ယာဉ် ၅စီးဝဲပျံလျက်ရှိကြောင်း၊ မိန်းခလေးများမှာ အ၀တ်အစားများ ဖရိုဖရဲဖြစ်လျက် ဘောင်းဘီ ကျွတ် စကတ်ကျွတ် ဖြစ်နေကြကြောင်း၊ ဂျပန်အာဏာပိုင်များ ယခုကဲ့သို့ နှိမ်နင်းဖြိုခွဲသော်လည်း ဆက်လက် တိုက်ပွဲဝင်သွားကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ထပ်မံပေးပို့လာသော သတင်းများအရ ဆန္ဒပြသူဦးရေ (၃၀၀)ခန့်ရှိပြီး မိန်းကလေးနှစ်ဦး ထပ်မံဒဏ်ရာရရှိကာ ဆေးရုံးတင်ပို့လိုက်ရကြောင်း၊ ဂျပန်ရဲတပ်ဖွဲ့ဝင်များ အင်အားထပ်မံဖြည့်တင်းနေပြီး ဆက်လက်အကြမ်း ဖက်ဖြိုခွင်းရန် ပြင်ဆင်ကြောင်း၊ သို့သော် ဒီမိုကရေစီအင်အားစုများအနေနှင့် စုစည်းညီညွတ်စွာ ဆက်လက် တိုက်ပွဲဝင်လျက်ရှိကြောင်း၊ ဂျပန်ရဲများ ဖြိုခွင်းသည့်ပုံစံမှာ နအဖစစ်ခွေးများ၏ နည်းနာနှင့် ဆင်တူကြောင်း သတင်းရရှိသည်။
skip to main |
skip to sidebar
မတရားတာကို လက်မခံဘဲ မမှန်တာကို မကြောက်တာဟာ ဒီမိုကရေစီရဲ့ အနှစ်သာရပါပဲ....
Posted by
ယုန်ကလေး
on Saturday, 26 April 2008
Labels:
မြေသြဇာသတင်း
ရေးပြီးသားစာများ
-
▼
2008
(144)
-
▼
April
(21)
- သင်္ကြန်အမှတ်တရ နွေ၊ မိုး၊ ဆောင်း ဆိုတဲ့ ရာသီ...
- မွေးရပ်မြေ (သို့မဟုတ်) အိမ် မွေးရပ်မြေကိုရေးဖို့အ...
- ပိတောက်ဝေးတဲ့ ငါတို့သင်္ကြန်ပွဲ နေ့တွေညတွေအိုဟော...
- For Immediate Release: 1 March 2008 THE BURMESE R...
- ဆရာမကြီး လူထုဒေါ်အမာ (၉၃) နှစ်သည် မြန်မာစံတော်ချိန...
- မင်္ဂလာနှစ်သစ်ကိုကြိုဆိုတဲ့သင်္ကြန် မြန်မာကောဇာ...
- ကြွေကြယ်စင်တွေ တစ်ဖြုတ်ဖြုတ်ကြွေပကတိကောင်းကင်မှာေ...
- ဘာကြောင့် အိပ်ဖို့ လိုအပ်တာလဲ အိပ်စက်ခြင...
- နာမည်ကျော် ဟစ်ဟော့ အဆိုတော် ရန်ရန်ချန်းကို မြန်...
- ရန်ကုန်မြို့လယ်ခေါင်တွင် ဗုံးပေါက်ကွဲ 21 April...
- အမျိုးသမီးများ အမည်မသိ ရောဂါဆန်းအကြောင်းသိကောင်း...
- ACTIVISTS CHALLENGE BURMESE JUN...
- အကောင်းဆုံး မြေသြဇာ ၏ ထပ်မံလှုပ်ရှားမှုအကောင်းဆုံြးေ...
- မြန်မာရဲ့သံဃာ (သို့) နှစ်ထောင့်ခုနှစ်(၂၀၀၇)ရ...
- ကိုယ့်ကိုယ်ကိုယ် မီးရှို့ဆန္ဒပြသူ သေဆုံးNEJ/ ...
- ကင်ဆာ ကာကွယ်နည်း ၁။ သွားတိုက်ပါ နှံ့နှံ့စပ်စ...
- ဆန္ဒခံယူပွဲနဲ့ပတ်သက်တဲ့ ပြည်သူတွေရဲ့ရင်ဖွင့်သံကု...
- No title
- နအဖအခြေခံဥပဒေကို ကန့်ကွက်ဆန္ဒပြသည့် ဂျပန်ရောက် မြန်...
- နွေးထွေးတဲ့ရင်ခွင်ပဲလိုချင်တယ်ချမ်းသာခြင်းက...
- ပြည်သူသို့နောက်ဆုံး သတင်းများ အရ ရန်သူ့ ဘက်မှ မ...
-
▼
April
(21)
အချိန်ကြည့်ရန်
စိတ်ကြိုက်ဖတ်စရာများ
- ကရင်သတင်း (1)
- ၀တ္တုတို (6)
- GW news (12)
- my slfe (3)
- Video (28)
- ကဗျာ (44)
- ကရင်သတင်း (47)
- ကာတွန်း (4)
- ခရီးသွားမှတ်တမ်း (3)
- စတိတ်မတ် (3)
- စပ်မိစပ်ရာ (28)
- ဓာတ်ပုံ (28)
- ဘာသာပြန်ဝတ္ထုတို (1)
- မူခင်းသတင်း (1)
- ပြည်တွင်းသတင်း (37)
- ရသခံစားမှုများ (2)
- သတင်း (62)
- သီချင်း (4)
- သုတ (20)
- ဟာသ (8)
- အင်တာဗျူး (3)
- အီဒီယံအသုံးအနှုန်းများ (7)
- ဆောင်းပါး (11)
- မြေသြဇာသတင်း (3)
- နိုင်ငံတကာသတင်း (13)
ဖတ်စရာလင့်များ
အားပေးနေတယ်
ကရင်စာမျက်နှာ
သူငယ်ချင်းများ
Watch Movies
သတင်းဌာနများ
ပညာရေးလင့်များ
သီချင်းနားဆင်ရန်
နေ့ရက်တွေကို ကြည့်ရန်
Yonekalay. Powered by Blogger.
သူငယ်ချင်းများ
- Hongsar
- Sangpi
- Newlife
- ks
- သက်တန့်ချို
- မမ LET IT BE
- မသဒ္ဒါလှိုင်း
- ဇောင်း
- ကြယ်စင်လေး
- ရှင်ရဲထွတ်
- ပြည်စုံ
- ကဗျာရပ်ဝန်း
- ကိုရန်အောင်
- မသက်ဇင်
- ကေဇီလင်း
- မေအိခင်
- ငယ်ဆူးအိမ်
- အညာသား
- အချစ်မဲ့ဂီတာ
- ကိုဝင်းဇော်
- ခင်ဦးမေ
- အိမ်
- SAW
- ကိုရင်နော်ခင်လေးငယ်
- တည်ငြိမ်ကို
- ပန်းခရေ
- မယ်လိုဒီမောင်
- ကေသွယ်
- နိုင်းနိုင်းစနေ
- ၀ါဝါခိုင်မင်း
- ကလိုစေးထူး
- မိုးချိုသင်း
- နှင်းခါးမိုး
- မသဒ္ဒါ
- ဖိုးတရုတ်
- လင်းလတ်ကြယ်စင်
- နစ်နေမန်း
- မာန်လှိုင်းငယ်
- မေငြိမ်း
- မိုးသီးဇွန်
- ဒေါင်းမာန်ဟုန်
- ဒေါက်တာ လွဏ်းဆွေ
- ဆောင်းယွန်းလ
- ကောင်းကင်ကို
- အမ ခင်မင်းဇော်
- ကိုထိုက်
- ဆုံဆည်းရာ
- ဂျစ်တူး
- ပန်ဒိုရာ
1 comments:
သတင်းသမားလား။ သတင်းရေးတာ ဘလိုင်းကြီးဖြစ်နေသလားလို့။ ဆော့ကိုမတွေ့ရလို့သိရတာ။ ကောလဟာလလိုမျိုးကြီးဖြစ်နေတယ်။
Post a Comment