ဘာကြောင့် အိပ်ဖို့ လိုအပ်တာလဲ

အိပ်စက်ခြင်းသည် သက်ရှိများအတွက် ပုံမှန်လုပ်ဆောင်မှုတစ်ခုဖြစ်သည်။ လူသားတိုင်း သည်ခန့်မှန်းခြေအားဖြင့် ဘဝ၏သုံးပုံတစ်ပုံကို အိပ်စက်ခြင်းဖြင့် ကုန်ဆုံးကြသည်။ ကလေး ငယ်များနှင့်လူငယ်များသည် အိပ်စက်မှုကို လူကြီးများ၊ သက်ကြီးရွယ်အိုများထက် ပိုမိုပြု လုပ်ကြသည်။ အိပ်စက်ခြင်း၊ နိုးထခြင်း သံသရာသည်ကိုယ်တွင်းပိုင်း ဇီဝနာရီကထိန်းချုပ် ပြီး၊၎င်းသည်နေ့၊ ညသံသရာနှင့်တစ်ချိန်တည်း ဖြစ်ပေါ်သည်။ အိပ်စက်ခြင်းသည် ခန္ဓာကိုယ် ကို အားအင်ပြည့်စေပြီး၊ ညပိုင်းတွင်နှစ်ခြိုက်စွာအိပ်ပျော်ပါက လန်းဆန်းမှုကိုပေး စွမ်းသည်။ သို့သော် အိပ်စက်မှုကိုမပြုဘဲနေပါက အာရုံစုစည်းနိုင် မှုနည်းပါးခြင်း၊ စိတ်မကြည်မလင် ဖြစ်ခြင်းနှင့် စိတ်အာရုံခြောက်ချားခြင်းတို့ဖြစ်ပေါ်သည်။ အိပ်စက်ခြင်းသည် ကြွက်သားများ အတွက် အားအင်စုစည်းပေးပြီး၊ ခန္ဓာကိုယ်တစ်ခုလုံးကို အနားပေးအပန်းပြေစေပြီး နောက်တစ်နေ့အတွက် ခန္ဓာကိုယ် ဖျတ်လတ်တက်ကြွအောင်ပြုလုပ်ပေးသည်။ (၂ဝဝ၈ခုနှစ်မတ်လ ၂၇ ရက် နေ့ထုတ်7Day Newsဂျာနယ်တွင် ဖော်ပြထားပါသည်။)

4 comments:

Welcome said...

အိပ်ချိန်ပုံမှန်လိုအပ်ပေမယ့်
ချန်ပီယံလိဂ်ရှိနေတာကြောင့်
အိပ်ရေးပျက်နေရတယ်။
လာလည်ပါအုန်းမယ်.....

ရိုးမြင့်အောင် said...

အိပ်ပျက်ခြင်း အပြစ်များကို သေချာဖတ်ပြီး... ကောင်းကောင်း အိပ်တော့မယ်ဗျာ.. ဟုတ်တယ်ဗျ.. အိပ်ရေးပျက်ရင် အဲဒီလို ဖြစ်ဖြစ်လာတတ်တယ်.. အခုတော့ စည်းကမ်းလေးတွေ လိုက်နာလိုက်ဦးမယ် အိပ်ပြီဗျာ..

တာတူး(၀ါ) အမေ့ခံလူတစ်ယောက် said...

ကျေးဇူးပါပဲနော် ။ အဲလို သေချာတင်ပေးတာ။ ခုဆို အကြောင်းပြဖို့ အလီဘိုင် ကောင်းကောင်း ရပြီ ။ :) ဘာကြောင့်ပဲလို လို အီဖေကိုကတော့ အိပ်ပြီးသား ။ ၀ါး ... ။

emayarKhin said...

အရုံတွေလန်းဆန်းစေ
ဖို့အိပ်စက်ခြင်းကောင်းတွေလို
အပ်ကြောင်းကောင်းကောင်း
မှတ်သားရတာပေါ့နော်.......
မျှဝေခြင်းအတွက်ကျေးဇူးနော်.......

 

Design in CSS by TemplateWorld and sponsored by SmashingMagazine
Blogger Template created by Deluxe Templates