မောင်ဝိတ်နှင့် အပေါင်းအပါ () ဦးကို မူးယစ်ဆေးဝါးမှုဖြင့် တရားစွဲ
ရဲချုပ်ခင်ရီ လိမ်လည်မှုပေါ်ပေါက်
NEJ/
၁၀ ဇူလိုင် ၂၀၀၈

မောင်ဝိတ်နှင့်
အပေါင်းအပါ () ဦးကို မူးယစ်ဆေးဝါး ၀ယ်ယူသုံးစွဲမှုဖြင့် ပြီးခဲ့သည့် ဇွန် (၁၀) ရက်တွင် လမ်းမ တော်မြို့နယ်ရဲစခန်း၌ အမှုဖွင့်အရေးယူထားကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်မှ တာဝန်ရှိသူတဦးကို ကိုး ကား၍ ယနေ့ထုတ် မြန်မာတိုင်းမ်ဂျာနယ်တွင် ဖော်ပြ ထားသည်။

၎င်းတို့သည် ၂၀၀၃ ခုမှ စတင်ကာ ၂၀၀၈ ခုအထိ မလေးရှားနိုင်ငံသား Peter Too Huat Haw () ပီတာထံမှ Ecstasy ဆေးပြားများ အကြိမ်ကြိမ်ဝယ်ယူသုံးစွဲခြင်း၊ စိတ်ကြွဆေးပြားနှင့် Ketamine ဆေးတို့အား ကိုယ်တိုင် သုံးစွဲခြင်း၊ ကုမ္ပဏီနှစ်ပတ်လည်နေ့များနှင့် မွေးနေ့ပွဲများတွင် အခြားသူများအားဖြန့်ဝေ တိုက်ကျွေးခြင်းတို့ ပြုလုပ်ခဲ့ခြင်းကြောင့် ဖမ်းဆီး အရေးယူခဲ့ခြင်း ဖြစ်သည်ဟု ဆက်လက်ဖော်ပြထားသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ပြီးခဲ့သည့် ဇွန် (၂၆) ရက် နေပြည်တော်တွင် ပြုလုပ်သည့် အပြည် ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးစားမှုနှင့် တရားမ၀င် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားအပြီး ပြည်တွင်း၊ ပြည်ပ သတင်းထောက်များနှင့် တွေ့ဆုံရာတွင်မူ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဗိုလ်မှူးချုပ်ခင်ရီက မဟုတ်မှန်ကြောင်း ငြင်းဆိုခဲ့သည်။

နာမည်ကြီး အနုပညာရှင်အချို့နှင့် စီးပွားရေးလုပ်ငန်းရှင်များအား မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ ၎င်းက ကျနော်တို့ အခုအချိန် အနုပညာရှင်တွေကို တယောက်မှဖမ်းထားတာမရှိပါဘူး။ စီးပွားရေးလုပ်ငန်းရှင်တွေကို လည်း အခုအချိန်အထိ တရားစွဲထားတာ မရှိပါဘူးဟု ပြောဆိုကြောင်း ပြည်တွင်း အပတ်စဉ်ထုတ် ၀ီးကလီး အဲလင်းဗင်းဂျာနယ်နှင့် ဂျာနယ်အများအပြားတွင် ဖြော်ပ ခဲ့သည်။

ပြီးခဲ့သည့် ဇွန်လကုန်ပိုင်းတွင် ကာကွယ်ရေးဝန်ကြီးဌာနမှ ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်၏သား အောင် ဇော်ရဲမြင့်သည် အနုပညာရှင်များအား တရားမ၀င် မူးယစ်ဆေးဝါး ရောင်းချမှုဖြင့် နအဖစစ်အစိုးရ အာဏာပိုင်များက မေလ ကုန်ပိုင်း၌ ဖမ်းဆီးစစ်ဆေးနေကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။

အနုပညာရှင်များအား မူးယစ်ဆေး ဖြန့်ဖြူးရောင်းချနေသူများမှာ အောင်ဇော်ရဲမြင့်အပါအ၀င် နအဖနှင့်အပေး အယူမျှနေသည့် စီးပွားရေးသမားများလည်း ပါဝင်ကြောင်း၊ အချို့ရုပ်ရှင်လောကနှင့် ဂီတလောကမှအနုပညာ ရှင်အချို့ မူးယစ်ဆေးသုံးစွဲမှုကြောင့် ခေါ်ယူစစ်ဆေးခံရကာ ၀န်ခံကတိထိုးရကြောင်း ခိုင်လုံသော အနုပညာ သတင်းရပ်ကွက်မှ သိရသည်။

ရန်ကုန်မြို့မှ ရွှေကုန်သည်တဦးက ဒီသတင်းကို ပြည်ပမီဒီယာတွေနဲ့ ရေဒီယိုတွေက ဖော်ပြခဲ့တာကြာပြီ။ ဇူလိုင်လဆန်းပိုင်းက ထွက်တဲ့ ပြည်တွင်းဂျာနယ်တွေမှာတော့ ရဲချုပ်ခင်ရီက စီးပွားရေးလုပ်ငန်းရှင်တွေကို တရားစွဲထားတာ မရှိသေးပါဘူးလို့ ဗြောင်ကျကျလိမ်ခဲ့တယ်။ အခုတော့ဗူးပေါ်သလိုပေါ်ပြီ။ စစ်အစိုးရ ထိပ်တန်း တာဝန်ရှိသူတွေကိုယ်တိုင် လိမ်လည်နေကြတော့ သူတို့ရဲ့သတင်းစာ၊ ရေဒီယို၊ ရုပ်မြင်သံ ကြားတွေကိုရော ဘယ်လိုယုံစားရတော့မှာလဲဟု ထောက်ပြပြောဆိုသည်။

အဆိုပါသတင်းတွင် မောင်ဝိတ်နှင့် () ဦးကိုသာ မူးယစ်ဆေးဝါးမှုနှင့် အရေးယူထားသည်ဟုသာပါရှိပြီး နအဖ အဖွဲ့ဝင် ဒု-ဗိုလ်ချုပ်ကြီးရဲမြင့် (ရဲမြင့်ကြီး)၏သား အောင်ဇော်ရဲမြင့်ပါဝင်ပတ်သက် မှုကိုမူ ထည့်သွင်း ဖော်ပြထား ခြင်း မရှိပေ။

အောင်ဇော်ရဲမြင့်နှင့် မောင်ဝိတ်တို့ နှစ်ဦးသည် ကာလကြာမြင့်စွာကပင် နိုင်ငံခြားဖြစ် မူးယစ် ဆေးဝါးများကို ဖြန့်ဖြူးခြင်း၊ ကိုယ်တိုင်သုံးစွဲခြင်း ပြုလုပ်သူများဖြစ်ကြောင်း၊ ၎င်းတို့ဖြန့်ဖြူးပြီး သုံးစွဲသူများတွင် အနုပညာ လောကနှင့် စီးပွားရေးသမားသာမက တပ်ချုပ်ကြီး၏မြေး ဖိုးလပြည့်ပါ စမ်းသပ်သုံးစွဲရာမှ အမှုဖြစ်ရန် စတင်လာ သည်ဟု စစ်အစိုးရနှင့် နီးစပ်သည့် အသိုင်းအ၀န်းမှ သိရသည်။

0 comments:

 

Design in CSS by TemplateWorld and sponsored by SmashingMagazine
Blogger Template created by Deluxe Templates