ဒီကေဘီအေအတွက် ဆန်သယ်သည့်ကား အင်းတိုင်မှာ အဖမ်းခံရ
သတင်းထောက်မောင်မန်း
/ ၁၁ ဇူလိုင် ၂၀၀၈

ရန်ကုန်မြို့မှ ဆန်အိတ်များ တင်ဆောင်လာသည့် ကား () စီးကို ဇူလိုင် () ရက်နေ့ အင်းတိုင် စစ်တပ်ဂိတ်မှ ဖမ်းဆီးရာ ဒီကေဘီအေတပ်သား (၂၅၀)အတွက် ဆန်သယ်လာသည့် ကားတစီးကိုပါ ဖမ်းထားသည်ဟု ရန်ကုန် ဆန်ကုန်သည် သတင်းရပ်ကွက်က ပြောသည်။

ဆန်တင်လာသည့် အရပ်ကား() စီးမှဆန်များကို အပြီးအပိုင်သိမ်းယူထားသော်လည်း ဒီကေဘီအေ လက်နက် ကိုင်အဖွဲ့အတွက် ဆန်တင်လာသည့်ကားကိုမူ မကြာခင်အာဏာပိုင်တွေဘက်က ပြန်လွှတ်ပေးမည့် အလား အလာရှိသည့်အတွက် ဆန်ကုန်သည်များက မကျေ မနပ် ဖြစ်နေသည်ဟု စုံစမ်းသိရသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ဒီကေဘီအေအဖွဲ့မှ ဗိုလ်ပြည်သိန်းကို ခေတ်ပြိုင်က မေးမြန်းရာ ဒီကေဘီအေအ တွက် ဆန်သယ်ဖို့ရှိတာကိုသိပေမယ့် ဒီကေဘီအေဆန်ကားကို ဖမ်းတဲ့ကိစ္စ သိသေးပါဘူး။ ဗိုလ်ချစ်သူက လည်း ဘားအံရောက်နေလို့ အဆက်အသွယ်မရ ဖြစ်နေပါတယ်ဟု ဖြေကြားသည်။

ထိုအတောအတွင်း ရန်ကုန် ဘုရင့်နောင် ဆန်ကုန်သည်များကို မိုးစပါးမထွက်မီ သြဂုတ်၊ စက်တင်ဘာ၊ အောက် တိုဘာ ()လအတွင်း ဆန်ကိုထိန်းထားပေးရန် ရန်ကုန်ဒုတိယမြို့တော်ဝန်ဦးပါက ညွှန်ကြားထားသည်။ သို့ သော် မည်ကဲ့သို့ ထိန်းရမည်ဆိုသည်ကိုမူ ရှင်းရှင်းလင်းလင်း ပြောဆို ခဲ့ခြင်းမရှိဟု ကုန်သည်များကပြော သည်။

မုန်တိုင်းကြောင့် ဧရာဝတီဆန် ရန်ကုန်အ၀င် နည်းနေသည့်အတွက် လာမည့် သြဂုတ်မှစပြီး ရန်ကုန်မှာ ဆန်ပြဿနာ ကြုံနိုင်ကြောင်း ဆန်ကုန်သည်များနှင့် ပညာရှင်များက မှန်းထားပြီး မကြာခင် ရန်ကုန် ဒုတိယမြို့ တော်ဝန် ဦးပါက () လအတွင်း ဆန်ထိန်းရောင်းရန် ယခုကဲ့သို့ ညွှန်ကြားခဲ့ခြင်းဖြစ်သည်။ ရန်ကုန်ဆန် ဈေးကွက်ကို ရန်ကုန် ဒုတိယမြို့တော်ဝန် ဦးပါက ၀င်ရောက်စွက်ဖက်ခြင်းသည် ဘုရင့်နောင် ဆန်ကုန်သည် များကို ဆန်အရောင်းအ၀ယ် မလုပ်ရန် ပြောသည်နှင့်တူသည်ဟု ဆန်ကုန်သည်များက ယူဆသည်။

နာဂစ်မုန်တိုင်းကြောင့် ဧရာဝတီတိုင်းအပါအ၀င် ပြည်နယ်တိုင်း ()ခု၏ စပါးပျက်စီးမှုကို တပြည်လုံး စိုက်ဧက၏ (၆၀)ရာခိုင်နှုန်း ပျက်စီးသည်ဟု အမေရိကန်လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သော် လည်း မြန်မာစစ်အစိုးရက တပြည်လုံး စိုက်ဧက၏ () ရာခိုင်နှုန်းသာ ပျက်စီး သည်ဟု ကြေညာသည်။

ရန်ကုန်ဆန်ဈေးကွက်တွင် ပေါ်ဆန်းဈေးက တအိတ်ကို (၃၆,၀၀၀) ထိ ခုန်တက်နေပြီး ဆန်ကြမ်း ဈေးက အမျိုးအစားလိုက်ပြီး တအိတ်ကို (၁၂,၀၀၀) မှ (၁၈,၀၀၀) ထိ ဈေးမြောက်နေသည်။

1 comments:

Canada Myanmar Group said...

သတင်းဆောင်းပါးတွေအားလုံးလိုလိုကောင်းတယ်
ယုံကလေးရေ့  အားပေးတယ်ဆက်လုပ်ပါ ဘလော့ ကလေး နဲ့ စိတ်ဓါတ်ရည်ရွယ်ချက် ၀ါသနာလေးတွေက ချီးကျူးဂုဏ်
ယူစရာပါ ပဲ .....လင့် လုပ် ထားခွင့် တောင်းတာပါ
ခင်မင်လျှက်.....
http://canadamyanmar.blogspot.com/

 

Design in CSS by TemplateWorld and sponsored by SmashingMagazine
Blogger Template created by Deluxe Templates