မြန်မာ့အရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (Burma Partnership) ရဲ့  တာဝန်ခံ တဦးဖြစ်သူ ဒေါ်ခင်ဥမ္မာကို ဗွီအိုအေမှဆက်သွယ်မေးမြန်းချက်

ဇူလိုင် ၁၃၊ ၂၀၀၈ - စင်္ကာပူနိုင်ငံမှာ ကျင်းပပြုလုပ်မဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီး ဆွေးနွေးပွဲမှာ အာဆီယံပဋိဥာဉ် စာတမ်းကို နိုင်ငံတွေအလိုက် အတည်ပြုနိုင်ရေး ပိုပြီးဖြစ်လာနိုင်စရာတွေ ရှိပါတယ်လို့ အာဆီယံအတွင်းရေးမှုးချုပ် ဒေါက်တာဆူရင်ပစ်ဆူဝန် (Dr. Surin Pitsuwan) ပြောကြားထားပါတယ်။ အာဆီယံအဖွဲ့ကြီးအနေနဲ့ အဖွဲ့ကြီးရဲ့ လုပ်ငန်းဆောင် တာတွေကို ပိုပြီးတိတိကျကျ တာဝန်ခွဲဝေ သတ်မှတ်နိုင် ရေးအပြင် ဒေသအတွင်း လူ့အခွင့်အရေး စောင့်ရှောက်နိုင်ရေးအပိုင်းကိုပါ ဒီပဋိဥာဉ်စာချုပ် ထဲမှာ ထည့်သွင်း ထားတာဖြစ်ပါတယ်။ ဒီအချက်ဟာ ဒေသအတွင်းမှာ လူ့အခွင့်အရေးနဲ့ပတ်သက်ပြီး ဝေဖန်ခံနေရတဲ့ မြန်မာ နိုင်ငံလို နိုင်ငံမျိုးအတွက် အခြေအတင် ငင်းခုံစရာ အချက်တွေလည်း ဖြစ်နေခဲ့တာမို့ ဒီအကြောင်းနဲ့ ပတ်သက် ပြီး အာရှပစီဖိတ်ဒေသဆိုင်ရာ မြန်မာ့အရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (Burma Partnership) ရဲ့  တာဝန်ခံ တဦးဖြစ်သူ ဒေါ်ခင်ဥမ္မာ ကို ဗွီအိုအေမြန်မာသတင်း ဌာနမှုး ဦးသန်းလွင်ထွန်းက ဆက်သွယ်မေးမြန်း တင်ပြ ထားပါတယ်။

ဗွီအိုအေ။ ။ အာဆီယံဒီပဋိဥာဉ်စာချုပ်ကိုတော့ ပြီးခဲ့တဲ့နှစ်အာဆီယံထိပ်သီး ညီလာခံ မှာထဲက နိုင်ငံအား လုံးတွေက သဘောတူညီခဲ့ပြီးဖြစ်ပေမယ့် အဲ့ဒီပိဥာဉ်စာချုပ်ကို နိုင်ငံတွေအသီးသီးမှာ ဒီသက်ဆိုင်ရာလွှတ် တော်တွေအနေနဲ့ဥပဒေအဖြင့် ပြဌာန်းပြီးတော့ အတည်ပြုနိုင်ဖို့ အကောင်အထည်ဖော်ဖို့ကိစ္စတွေက ဘယ်လို ပြဿနာတွေ ရှိနေလဲခင်ဗျာ။

ဒေါ်ခင်ဥမ္မာ။ ။ ဟုတ်ကဲ့အဲ့ဒီ ဥစ္စာကတော့ဒီ ပထမအဆင့်အနေနဲ့ပေါ့နော်။ ခုနကနိုင်ငံ တွေကနေပြီးတော့ သူတို့ဒီထိပ်သီးညီလာခံမှာ မနှစ်ကပိဥာဉ်စာချုပ်ကိုတော့ သဘောတူ လိုက်ကြပြီး။ ဒါပေမယ့်နိုင်ငံတခုခြင်း အဖွဲ့ဝင်နိုင်ငံတခုခြင်းအနေနဲ့က ဒီစာချုပ်ပါအချက် အလက်တွေအတိုင်း လိုက်နာကျင့် သုံးကြမယ်ဆိုတဲ့အပေါ် မှာတော့ ခုနကနိုင်ငံတခုခြင်းမှာ ရှိတဲ့လွှတ်တော် ပါလီမန်ကနေပြီးတော့မှ သဘောတူရမယ်။ ဆိုတော့ဒါမှပဲ ခုနက ဒီစာချုပ် ကို တကယ်သူတို့ တရားဝင်လိုက်နာမယ်ဆိုတဲ့ဥစ္စာ စာချုပ်လက်မှတ်ထိုးတဲ့ ဟာဖြစ်တယ်။ ဆိုတော့ အခုလိုအနေအထားမျိုးမှာ ကျမတို့ဒီမြန်မာနိုင်ငံဆိုလိုရှိရင် အခုလောလောဆယ် ဒီစာချုပ်ထဲမှာပါ နေတဲ့အထဲမှာ လူ့အခွင့်အရေးအရ ကျမတို့လူ့အခွင့်အရေး body တခုဖွဲ့ဖို့ ဆိုတာတွေရှိတယ်။ ပြီးတော့ လူ့အခွင့်အရေးနဲ့ပတ်သက်ပြီးတော့မှ မြှင့်တင်ဖို့၊ လူ့အခွင့်အရေးကိုကာကွယ်စောင့်ရှောက်ဖို့ဆိုတဲ့အချက် ဒါမျိုး တွေဒီစာချုပ်ထဲမှာရှိနေတယ်။ ဆိုတော့ ကျမတို့နိုင်ငံမှာက လောလောဆယ်နအဖအနေနဲ့က ဒီလူ့အခွင့်အရေး ချိုးဖောက်မှုနဲ့သူလုပ် နေတဲ့အချိန်မှာ ခနကစာချုပ်ကိုလိုက်နာပါမယ်ဆိုပြီးမှ လက်မှတ်ထိုးဖို့ အခက်အခဲဖြစ် သလို မြန်မာနိုင်ငံက အစိုးရမရှိဘူး။ ပြီးတော့ တရားဝင်ပေါ့နော် တရားဝင်ရွေးကောက်ပွဲတင် မြှောက်ထားတဲ့ အစိုးရလည်းမရှိဘူး၊ ပါလီမန်လည်းမရှိဘူးဆိုတော့ G-8စာချုပ်ကို သဘော တူဖို့အတွက် အကောင်အထည် ဖို့ခက်နေတယ်။ ပြီးတော့ ဖိလစ်ပိုင်လို နိုင်ငံလိုမျိုးကြတော့ ဖိလစ်ပိုင်က စာချုပ်ကိုသဘောတူတဲ့အကြောင်း ဒီထိပ်သီးညီလာခံမှာ ပြောတဲ့အချိန်မှာထဲက သဘောတူတယ်ဆိုပေမယ့် သူတို့အနေနဲ့ ဒီဟာကို တကယ်လိုက်နာဖို့အတွက်လက် မှတ်ထိုးဖို့အထိကိုတော့ မြန်မာနိုင်ငံမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသား တွေမလွတ်မြောက်သေးဘူးဆို လိုရှိရင်တော့ သူတို့အနေနဲ့ဒီဟာကို လက်မှတ်ထိုးဖို့ လွှတ်တော်က အတည်ပြုဖို့ အတွက်ခက်လိမ့်မယ်။ အတည်ပြုမှာ မဟုတ်ဘူးဆိုတာကိုလည်း သူ တို့ပြောခဲ့တော့။

ဗွီအိုအေ။ ။ဟုတ်ကဲ့ အခုအဲ့ဒီစကားက ဒီပြီးခဲ့တဲ့ အာဆီယံထိပ်သီး ညီလာခံမှာ ဖိလစ်ပိုင် သမ္မတကိုယ်တိုင်က ပြောသွားတယ်ဆိုတာကိုလည်း ကျနော်တို့ကြားလိုက်ရတယ်လေ။ အဲ့တော့အခုလာမယ့် အာဆီယံနိုင်ငံခြားရေး ၀န်ကြီး ဆွေးနွေးပွဲနဲ့အခုနောက်ဆက်တွဲအနေနဲ့ အာဆီယံထိပ်သီးညီလာခံပိုင်းမှာကော တစုံတရာဒီသဘော ထားတွေ ပြောင်းလဲလာဖို့အ နေအထားတွေ ပြောင်းလဲလာဖို့မြင်သလားခင်ဗျာ။

ခင်။ ။ ကျမတို့ ဒီသဘောထားတွေပြောင်းမယ်လို့တော့ ကျမမမြင်ဘူး။ အထူးသဖြင့် လောလောဆယ်မှာ မြန်မာနိုင်ငံမှာခုနလိုကျမတို့ ဒီဆိုင်ကလုန်းမုန်တိုင်းဖြစ်ပြီးသွားတဲ့ အချိန်မှာနအဖရဲ့ တုန့်ပြန်မှုတွေ နိုင်ငံတကာ အသိုင်းအ၀ိုင်းရဲ့ ကူညီပံ့ပိုးမှုအပေါ်မှာ သူတို့ရဲ့ ပြန်လည်ပြီးတုန့်ပြန်မှုတွေ ပူးပေါင်းပါဝင်မှုတွေ အရမ်းအား နည်းတဲ့ကိစ္စတွေဒီလိုမျိုးအခြေ အနေနောက်တခုက ပြည်သူတွေပေါ်မှာ တာဝန်ကင်းမှုကိစ္စပေါ့နော်။ တာဝန်မဲ့မှု တွေ။ ဆို တော့လူသားချင်းစာနာထောက်ထားမှုမရှိတဲ့ ကိစ္စတွေဒါတွေကကျမထင်တယ်။ ခုနကလာ မယ့်အာ ဆီယံရဲ့အခုဒီနှစ်ထဲမှာ ရှေ့ဆက်ပြီးလာမယ့် နိုင်ငံခြားရေးဝန်ကြီးတွေကောထိပ်သီး ညီလာခံမှာကော ခုနတုန်း ကနဂိုရှိတဲ့ သဘောထားမှာတော့ ပြောင်းလဲဖြစ်မယ်လို့တော့ ကျ မမမြင်ပါဘူး။

ဗွီအိုအေ။ ။ နောက်တချက်ကဒီစောစောတုံးကပဲ ဒေါ်ခင်ဥမ္မာပြောတယ်လေ။လူ့အခွင့် အရေးနဲ့ပတ် သက်လို့ အာဆီယံလူ့အခွင့်အရေး body တခုဖွဲ့မယ်ဆိုတဲ့နေရာမှာဘယ်လိုစံ နှုန်းနဲ့ သူတို့မူတည်ပြီးတော့ အာဆီယံလူ့အခွင့်အရေးအဖွဲ့အစည်းမှာ ဖွဲ့စည်းမယ် ရပ်တည် မယ်လို့ယူဆသလဲ။ အထူးသဖြင့် မြန်မာနိုင်ငံလို နိုင်ငံမျိုးမှာဆိုလိုရှိရင် ကုလသမဂ္ဂရဲ့ လူ့အ ခွင့်အရေး ပိဥာဉ်စာတမ်းကိုဝေငှာဖို့ လူသိရှင်ကြားဖြန့်ချီဖို့ ကိစ္စတွေတောင်မှပဲ ဒီကိစ္စကို လိုက်ပြီးတော့ တက်တက်ကြွကြွ ဆောင်ရွက်နေတဲ့သူတွေ အဖမ်းခံရတာတွေ ခြိမ်းခြောက် ခံရတာတွေ တိုက်ခိုက်ခံရတဲ့ဖြစ်ရပ်တွေရှိနေတော့ ဒါမျိုးဟာအာဆီယံ level မှာ အာဆီ ယံအဆင့် အတန်းမှာ ဖြစ်လာတယ်ဆိုပေမယ့်လည်း ဗမာနိုင်ငံလိုနိုင်ငံမျိုးမှာ ထိထိရောက် ရောက် အကောင်အထည် ဖေါ်လာဖို့ အလားအလာကော ရှိရဲ့လား။

ခင်။ ။ အဲ့လိုမျိုး ရှိနိုင်ဖို့အတွက် ၀ိုင်းပြီးတော့ ကြိုးစားနေရတဲ့ အနေအထားပါ။ အခုဟာက ဘာပဲပြောပြော အာဆီယံဒေသတွင်းမှာက အခုလိုမျိုးပိဥာဉ်စာတမ်းပေါ့။ိဥာဉ်စာချုပ်ပေါ်လာတာ။ ပြီးသွားတော့ လူအခွင့် အရေးbody တခုကို ဖွဲ့ဖို့အတွက် သဘောထား ဆုံးဖြတ်ချက်ချထားပြီးတဲ့အပေါ်မှာ အခုဆိုလိုရှိရင် သူတို့ ကျမတို့ဒီ high level final ခေါ်တဲ့ အဖွဲ့တခုပေါ့နော်။ အဲ့ဒီအဖွဲ့ကို ခနက အာဆီယံအနေနဲ့က သူတို့ဖွဲ့စည်း ထားပြီး။ ဖွဲ့ပြီးတော့မှ လူ့အခွင့်အရေး body ထဲမှာ ဘာတွေပါဖို့လိုတယ်။ ဘယ်လိုအချက် အလက်လဲ။ ပါသင့်တဲ့ဥစ္စာအကုန်လုံးပေါ့နော်။ ဒါတွေကို သူတို့သေချာ အကြမ်းစပြီးရေး ဆွဲဖို့ဆိုပြီးတော့ တာဝန်လည်း ပေးပြီးပြီ။ ဆိုတော့ အဲ့ဒီမှာ ကျမတို့ခုနက မြန်မာနိုင်ငံရဲ့ အနေအထားမှာက ဒီအခြေအနေမှာ သူတို့ရဲ့ ပူးပေါင်းပါဝင်မှုက ဘာပဲပြောပြော အများ ကြီး အခက်အခဲရှိနေတာကို ကျမတို့တွေ့တယ်။ ဘာပဲပြောပြော ဒီကျမတို့ ဒီcivil society ဒီလူထုအခြေပြုအဖွဲ့အစည်းတွေအနေနဲ့ကတော့ ဒေသထဲမှာက အားလုံးပူးပေါင်းပြီး တော့မှ ခုနက high level final လို့ခေါ်နေတဲ့ အဖွဲ့ပေါ့နော်။ ခုနက ဒီအကြမ်းရေးဆွဲတဲ့ လူ့အခွင့်အရေး body မှုကြမ်းကို ရေးဆွဲဖို့ ရှိနေတဲ့အဖွဲ့မှာ ကျမတို့ ဒီလူထုအခြေပြုအဖွဲ့ အစည်းအနေနဲ့က နေပြီးတော့မှ အကြံပေးပို့တယ်။ လမ်းဖွင့်ပေးထားတယ်။ ဒါကြောင့်မို့ လဲ အခုနိုင်ငံအသီးသီးက အခုလိုမျိုး ကျမတို့တွေ့ဆုံ ဆွေးနွေးပွဲတွေ သဘောထား ဖယ်လှယ်တာတွေ ကျမတို့ ဘာတွေတင်ပြမလဲဆိုတဲ့ ဘာတွေပါချင်လဲဆိုတဲ့ အချက်တွေ ဆွေးနွေးဖို့ အများကြီးလုပ်ပြီးတော့မှ သိပ်မကြာခင်လပိုင်းတွင်းမှာပဲ အခုလာမယ့် ပထမ အကြိမ် သူတို့ရဲ့ ပထမမှုကြမ်းပေါ့။ ပထမမှုကြမ်းကို လာမယ့်ဒီ (၂၀၀၈)မှာလုပ်မယ့် အစည်းအဝေးမှာ စပြီးတော့မှ အကြမ်းရေးတဲ့ အဖွဲ့ကနေပြီး တင်လိမ့်မယ်။ အဲ့ဒီမတိုင်ခင်မှာ ကျမတို့ ဒေသအဖွဲ့အစည်းတွေက လူထုအခြေပြု အဖွဲ့အစည်းတွေက အဲ့ဒီမှာ လူအခွင့် အရေးနဲ့ပတ်သက်ပြီးတော့မှ အထူးသဖြင့်တော့ ကုလသမဂ္ဂအပြည်ပြည် ဆိုင်ရာ လူ့အခွင့် အရေး ကြေညာစာတမ်းရဲ့ အချက်အလက်တွေ ပါနိုင်ဖို့ကို ကျမတို့စပြီးတော့မှ ထည့်သွင်း ရေးဆွဲနိုင်ဖို့ကို အကြံပြုစာတင်ပြဖို့ကို အကုန်လုံး လုပ်နေကြပြီး။

ဗွီအိုအေ။ ။ ဆိုတော့ အဓိပ္ပာယ်ကတော့ ဒီအာဆီယံဒေသတွင်း လူ့အခွင့်အရေး အဖွဲ့တခုဖွဲ့တယ်ဆိုတဲ့ ကိစ္စမှာ သက်ဆိုင်ရာအစိုးရ ကိုယ်စားလှယ်တွေမကပဲနဲ့ ဒီဒေါ်ခင်ဥမ္မာတို့လို ဒီအာရှပစီဖိတ်ဒေသဆိုင်ရာ မြန်မာ့အရေးပူးပေါင်းဆောင်ရွက်မှု အဖွဲ့မျိုးရဲ့ အကြံပြုချက်တွေ နောက်ပြီးတော့ ပူးပေါင်းပါဝင်မှုဆိုတဲ့ သဘော ပေါ့။ ဒါဆိုလို့ရှိရင် မြန်မာအစိုးရရဲ့ ဒီလိုအဖွဲ့အစည်းတွေ သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ရော ဒီကိစ္စမျိုးမှာ ဒေါ်ခင်ဥမ္မာတို့လို ပြင်ပက အဖွဲ့အစည်းတွေနဲ့ တစားပွဲတည်းထိုင်ပြီးတော့ ညှိနှိုင်း ဆောင်ရွက် တာမျိုးတွေကော ရှိရဲ့လား။

ခင်။ ။ အဲ့ဒီအခြေအနေမျိုးကတော့ အခုဒီရှိနေတဲ့ အာဆီယံရဲ့တံခါးဖွင့်ထားမှုမှာတော့ အခုလို အစိုးရလိုမျိုး အာဏာပိုင်လိုမျိုးတွေနဲ့ လူထုအခြေပြုအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံနိုင်တဲ့ လမ်းဖွင့်ပေးမှုကတော့ တချို့နိုင်ငံ တွေမှာ ရှိပါတယ်။ ဒါပေမယ့် ကျမတို့မြန်မာနိုင်ငံတွေ နဲ့ မရှိပေမယ့်တခြား နိုင်ငံတော်တော် များများမှာ ထိုင်းနိုင်ငံလိုမျိုး။ ဖိလစ်ပိုင်လိုမျိုး။ အင်ဒိုနီးရှားနိုင်ငံလိုမျိုး။ မလေးရှားသူတို့တွေမှာတော့ ခုနတုံးက လူထု အခြေပြုအဖွဲ့အစည်း နဲ့ အစိုးရတွေနဲ့ ကြားထဲမှာ တွေ့ဆုံဆွေးနွေးတာတွေ ဒါတွေတော့ သူတို့လှမ်းဖွင့်ပေး ထားတာရှိပါတယ်။ ကျမတို့ သူတို့ဆီမှာတော့ ဒါတော့မတွေ့ရဘူးပေါ့နော်။

ဗွီအိုအေ။ ။ဟုတ်ကဲ့ အဲ့ဒါကနိုင်ငံတနိုင်ငံခြင်းဆီရဲ့အနေအထားပေါ့နော်။ ဥပမာအား ဖြင့်တခြားဒီ သက်ဆိုင်ရာ အာဆီယံဒေသကြီးတခုလုံး၊ အာဆီယံအဖွဲ့ကြီးတခုလုံးရဲ့ဒီလိုနိုင် ငံခြားရေးဝန်ကြီး ဆွေးနွေးပွဲ လိုမျိုးတွေ။ ဒါမှမဟုတ်ဒေသတွင်းဆွေးနွေးပွဲတွေမှာ ဒါဆိုလို့ရှိ ရင်ပြင်ပသက်ဆိုင်ရာအစိုးရမဟုတ်တဲ့ အဖွဲ့တွေနဲ့ အစိုးရတာဝန်ခံအဖွဲ့အစည်း တွေနဲ့ရော နှောစားပွဲခုံပေါ်မှာထိုင်ပြီးတော့ ဒီကစ္စကိုခြေလျှင်ဆွေးနွေးလာနိုင်မယ့် အလားအလာတွေ ကောရှိလား။

ခင်။ ။ အဲ့ဒီလိုမျိုးကတော့ သူတို့ဒီအာဆီယံရဲ့ လက်တလောရှိနေတဲ့ ယန္တရားထဲမှာ အဲ့ လိုမျိုး လမ်းဖွင့်ပေး ထားတာမရှိဘူးရှင့်။ သူတို့ရှိတာဘာလဲဆိုတော့ အစိုးရတွေနဲ့ အတူတူ ထိုင်ပြီးဆွေးနွေးတယ်ဆိုတာက သူတို့ခေါ်နေတဲ့ trust 2 လို့ခေါ်တဲ့ အကြံပေး ပညာရှင် ပိုင်းဆိုင်ရာတွေပေါ့။ အာဆီယံနိုင်ငံ အသီးသီးက ပညာရှင်တွေနဲ့ trust 1လို့ခေါ်တဲ့ အစိုးရ တွေကြားထဲမှာတော့ မျက်နှာချင်းဆိုင်တွေ့ဆုံဆွေးနွေးတာတွေ အဲ့ဒါတွေရှိတယ် ဒါပေမယ့် အာဆီယံပဋိဥာဉ်စာချုပ်စပြီးတော့မှ ဖြစ်ပေါ်ရေးစပြီးလုပ်တဲ့အချိန်မှာတော့ ခုနက လူထုအ ခြေပြုအဖွဲ့အစည်းတွေလို့ ပြောနေတဲ့ trust 3 လို့သူတို့ခေါ်တာပေါ့။ trust 3 လို့ခေါ်တဲ့ လူထုအခြေပြုအဖွဲ့တွေနဲ့trust 2 ပညာရှင်တွေကြားထဲမှာတော့ ပိုပြီးတော့မှအဲလိုမျိုးဆွေး နွေးပွဲတွေ အစည်းအဝေးပွဲတွေ ဒါတွေတော့ပိုပြီးတော့မှ တွေ့ဆုံပြီးတော့မှ ဖလှယ်တာတွေ ဒါမျိုးတွေတော့အကြံဥာဏ် ပေးတာတွေအပြန်အလှန် အဆက်အသွယ်ပြုပြီးတော့မှ ကျမ တို့ဖလှယ်မှုတွေတော့ အများကြီးရှိလာပါပြီ။ ဒါပေမယ့်အဲ့ဒါတွေက လုံးဝဟိုအာဆီယံကနေ ပြီးတော့မှ တရားဝင်ချထားတဲ့ law ဖွင့်ထားတဲ့ ယန္တရားတွေတော့ မဟုတ်ပါဘူး။

ဗွီအိုအေ။ ။ ဟုတ်ကဲ့ဒီ လူ့အခွင့်အရေးဆိုင်ရာအဖွဲ့အပြင်ပေါ့နော်။ ဒီအာဆီယံပဋိဥာဉ် စာချုပ်ထဲမှာပါတဲ့ စာချုပ်အရဆိုလို့ရှိရင် အာဆီယံအဖွဲ့အစည်းအနေနဲ့ ဒေသတွင်း မှာရှိတဲ့ နိုင်ငံတခုချင်းဆီရဲ့ အတွင်းရေး အတွင်းရာကိစ္စတွေကို ဒါအဖွဲ့အစည်းတခုလုံးအနေနဲ့ဒေသ တွင်းပြဿနာတရပ်အနေနဲ့ သဘောထားပြီးတော့ ၀င်ရောက်ပြီးတော့ ပြောဆိုမှုတွေစွတ် ဖက်မှုတွေပိုပြီး လုပ်လာနိုင်စရာရော ရှိနေသလား။

ခင်။ ။ကျမတို့မြင်တာကတော့ ဟိုဒီအာဆီယံထဲမှာကဒီလိုရှိပါတယ်။အခုကဘယ်လိုခေါ်လဲ လူ့အခွင့် အရေးဘက်ကို ပိုပြီးတော့မှဦးစားပေး အကားပေးပြီးတော့မှ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး ပိုပြီးတော့မှ မြင့်တင်ချင်တဲ့ နိုင်ငံတွေရှိကြတယ်။ ဒါပေမယ့်တချိန်တည်း မှာပဲ ခုနလိုကျမတို့ ဒီမြန်မာနိုင်ငံရှိနေတဲ့ နအဖလိုမျိုးပဲ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီးတော့မှ ဖိနိမ့်ချင်တဲ့ အစိုးရတွေလည်း ရှိနေသေးတယ်။ အာဆီယံဆိုတော့ အဲ့ဒီကြားထဲမှာတော့ အာဆီယံ အတွင်းမှာတင်ပဲ သူဟာနဲ့သူ အားပြိုင်မှုတွေရှိတဲ့ပေါ်မှာ အရေးကြီးဆုံးကတော့ ခုနက ဒီလူထုအခြေပြုအခန်းကဏ္ဍက အရေးကြီးဆုံးလို့ ကျမတို့ မြင်တယ်။ ဘာလို့လဲဆို တော့အခုဆိုရင် အာဆီယံပဋိဥာဉ်စာတမ်းက တကယ်တမ်းလူ့အခွင့်အရေးကို အပြည့်အ၀အကောင် အထည် ဖော်ဖို့အတွက် အာမှခံနိုင်ချက်မရှိဘူးလို့ မြင်တဲ့အတွက်ကြောင့်မို့လို့ ခုနကလူထုအခြေပြု အဖွဲ့အစည်း တွေကအာဆီယံ။ Asean people charter ပြည်သူလူထု ရဲ့ ပဋိဥာဉ်စာချုပ်ဆိုပြီးတော့မှ ထပ်ပြီး ရေးဆွဲထား တာတောင်ရှိပါတယ်။

ဗွီအိုအေ။ ။ ဟုတ်ကဲ့နောက်ထပ်စိတ်ဝင်စားဖွယ ကောင်းတဲ့ကိစ္စတခုက ဒီလူ့အခွင့်အရေးကိစ္စ အပြင်ပေါ့နော်။ နိုင်ငံရေးကိစ္စတွေအပြင် အခုဒေသတွင်း လူသားချင်းစာနာမှုဆိုင် ရာအထောက်အပံ့ တွေပေးရေးနဲ့ ၀ိုင်းဝန်းလုပ်ဆောင်ပေးမှု အခန်းကဏ္ဍပေါ့။ ဒီနေရာမှာ ဗမာနိုင်ငံရဲ့ နာဂစ်ဆိုင်ကလုန်းမုန်တိုင်း နောက်ပိုင်းကာလကို ပြန်ကြည့်မယ်ဆိုရင် အာဆီယံကနေဦးဆောင်ပြီးတော့ နိုင်ငံတကာ ကယ်ဆယ်ရေး လုပ်ငန်းတွေ။ ပြန်လည် ထောက်ပံ့ ရေးလုပ်ငန်းတွေမှာဦးဆောင်ပြီး လုပ်လာတာကိုတွေ့ရတယ်။ အလားတူပဲ အာဆီယံအနေ နဲ့လည်း ဒါသူတို့အနေနဲ့ မြန်မာနိုင်ငံအစိုးရနဲ့ အလုပ်လုပ်ကိုင်နိုင်မယ့် တံခါးပေါက်တခုကို ဖွင့်နိုင်ပြီးဆိုပြီးတော့ နည်းနည်း ၀ံ့ဝံ့ကြွားကြွား ပြောထားတာတွေလည်းရှိတယ်။ ဒီတံခါး ပေါက်တခုကို အသုံးပြုပြီးတော့ နောင်တချိန်မှာ ဒီထပ်ပိုပြီးတော့ ကျယ်ပြန့်တဲ့အရေးတွေ ဆွေးနွေးလာနိုင်လိမ့်မယ်လို့လဲ မျှော်လင့်တယ်ဆိုပြီးတော့ ပြောတာတွေလည်း ရှိနေတယ် ဆိုတော့ ဒါနဲ့ပတ်သက်ပြီးတော့ ဒေါ်ခင်ဥမ္မတို့အနေနဲ့ ဘယ်လောက်ထိများ မျှော်လင့်ချက် တွေ ရှိနေသလဲခင်ဗျာ။

ခင်။ ။ အဓိကတော့ ကျမတို့မြင်တာက အာဆီယံက ဘာပဲပြောပြောဒီအနေအထားမှာ ဒီထက်ပိုပြီးတော့ သူတို့လုပ်လို့ရတဲ့ အနေအထားမျိုးကို ကြိုးစားဖို့အတွက်ကို နအဖကိုယ် ၌ကနောက်ဆုတ်နေတာကို သူတို့သိတယ်။ ဒီအခြေအနေမှာ သူတို့ဘက်ကဒီထက်ပိုပြီး ပြောရမယ်ဆိုလို့ရှိရင်တော့ ကျမထင်တယ် ဘာပဲပြောပြော လာမယ့်အာဆီယံ အစည်းအ ဝေးတွေမှာလည်းဒီကိစ္စဟာ သူတို့ရဲ့အဓိကအခန်းကဏ္ဍ ဆွေးနွေးမယ့်ထဲမှာပါမယ်လို့ ကျမမြင်တယ်။ ဒီထက်ပိုပြီးတော့မှ သူတို့ဘက်ကလက်တွေ့ထိရောက်တဲ့ ပေါ်လစီ တွေမချနိုင်ဘူး။ လုပ်ငန်းစဉ်တွေမချနိုင်ဘူး။ နအဖကို သေသေချာချာတိတိကျကျ သူတို့တွန်းအား မပေးနိုင်ဘူး ဆိုလို့ရှိရင်တော့ နအဖရဲ့တကယ် မှန်ကန်တဲ့ပူးပေါင်းမှုနဲ့ သူတို့ကို လမ်းဖွင့်ပေး မှုကိုသူတို့ရမှာမဟုတ်ဘူး ကျမမြင်တယ်။


ဗွီအိုအေ။ (Burma Partnership)လို့အတိုကောက်ခေါ်တဲ့ အာရှပစီဖိတ်ဒေသဆိုင် ရာမြန်မာ့အရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ရဲ့ တာဝန်ခံတဦးဖြစ်သူ ဒေါ်ခင်ဥမ္မာကို ဆက် သွယ် မေးမြန်းထားတာပါ။

0 comments:

 

Design in CSS by TemplateWorld and sponsored by SmashingMagazine
Blogger Template created by Deluxe Templates