လွန်ခဲ့သောနှစ်ပေါင်း သန်း ၇၀ မှ ဖားမျိုးရုပ်ကြွင်း တူးဖေါ်တွေ့ရှိ


ဗြိတိန်နှင့် အမေရိကန်သိပ္ပံပညာရှင်များပါဝင်သော အဖွဲ့တစ်ဖွဲ့သည် Madagascar ကျွန်းပေါ်တွင်ရှေးနှစ်ပေါင်း သန်း၇၀ကရှိခဲ့သော ဧရာမဖားတစ်ကောင်၏ ကျောက်ဖြစ်ရုပ်ကြွင်းကို တူးဖေါ်တွေ့ရှိခဲ့ကြသည်။၎င်းသည် Beach ball အရွယ်ရှိ၍ ၄ kg လေးသည်။ အလျားမှာ ၄၀ cm ရှိသည်။ တိုသောခြေလက်များရှိ၍ ပါးစပ်ကြီးမား သည်။ ၎င်းဖားကို Beelzebufo ဟု အမည်ပေးထားသည်။ ၎င်းသည် ကျွန်းပေါ်ရှိဒေသခံဖားများနှင့်လုံးဝ ခြားနား ၍ တောင်အမေရိကတွင် တွေ့ရှိတတ်သောဦးချိုပါသည့် ဖါးပြုတ်နှင့် လွန်စွာဆင် တူသည်ကိုတွေ့ရသည်။ ထို့ကြောင့် Madagascar ကျွန်းသည် Cretaceous Period မတိုင်မီအထိ (နှစ်ပေါင်း ၇၅-၆၅သန်း ခန့်) တောင်အမေရိက၊ အိန္ဒိယတိုက်တို့နှင့် ဆက်စပ်လျှက်ရှိသည်ဟူသော အဆိုကို ထောက်ခံသည့် သဘောသက် ရောက်သည်။
(
ဘီဘီစီ)

ဦးမြင့်သိန်း

ခေတ်လူငယ်မှ ကူးယူဖော်ပြသည်၊

0 comments:

 

Design in CSS by TemplateWorld and sponsored by SmashingMagazine
Blogger Template created by Deluxe Templates