သားလိမ္မာ၏ ကြိုးစားခြင်းရလဒ်

“ မခင်ဦးရေ သားလေးက ဖြူဖြူဖွေးဖွေးနဲ့ ချစ်စရာလေးနော်” ဦးကျော်ထက်က သားလေးကိုကြည့်ပြီး ပါးစပ်မှ လည်း တတွတ်တွတ် ပြောဆိုနေသည်။

ဒေါ်ခင်ဦးကလည်း အပြုံးကလေးနှင့်နားထောင်ရင်း “ သားယောင်္ကျားလေးဆိုပိုပြီး ချစ်ဖို့ကောင်းတာပေါ့နော်”

“ဒါပေါ့မိန်းမရာ နောက်ပြီးငါတို့မှာလည်း ဒီသားလေးတစ်ယောက်တည်းရှိတဲ့အတွက် သားလေးဖြစ်ချင်တဲ့ဟာကို ငါ့တို့တတ်နိုင်သလောက်ကြိုးစားကြမယ်နော်”

“ကြိုးစားရမှာ ပေါ့ ကျမသားလေးကြီးလာရင် ပညာတတ်ကြီးဖြစ်မှာရှင် သိလား”

ဒေါ်ခင်ဦးမှာ သားကိုကြည့်ရင်း ၀မ်းသာအားရပြောသည်။ ထိုနေ့ကပင် နှင်းဆီမြိုင်ခြံထဲရှိ မိသားစုအားလုံး သားလေးတစ်ယောက်မွေးသည့်အတွက် ၀မ်းသားပျော်ရွှင်နေကြသည်။ မှန်ပါသည်၊ အဘယ့်ကြောင့်ဆိုသော် ဒေါ်ခင်ဦးနှင့် ဦးကျော်ထက်တို့သည် အသက်အရွယ်အနည်းငယ် ရလာသောအချိန်ကျမှ သားလေးတစ် ယောက်ရရှိခြင်းဖြစ်သည်။ ဒေါ်ခင်ဦးနှင့် ဦးကျော်ထက်တို့၏ခြံထဲတွင် သီးနှံပျိုးပင်များကိုစိုက်ပျိုးပြီး အချိန်တန် ရောင်းချသည်။ တိကျစွာပြောရလျှင် ဥယျာဉ်လုပ်ငန်းကိုသာ လုပ်ကိုင်ကြသည်။ ဒေါ်ခင်ဦးနှင့်ဦးကျော်ထက်တို့ သည် သားလေးကို ထက်ထက်မြတ်မြတ်ဖြစ်စေချင်၍ သားလေးကိုသူရထက်ဟု အမည်ပေးခဲ့ကြသည်။ သူရထက်ကလေး တဖြည်းဖြည်းကြီးပြင်းလာပြီး ငါးနှစ်အရွယ်ရောက်သောအခါ ကျောင်းထားပေးသည်။ သူရထက်သည် အမည်နှင့်လိုက်အောင် ထူးချွန်ထက်မြတ်သည်။ ထို့ကြောင့် ဆရာ ဆရာမများက သူ့အားချစ် ခင်ကြသည်။ ဆရာ ဆရာမများက သူရထက်လိမ္မာတယ်၊ မိဘစကားလည်း နားထောင်တယ်၊ စာလည်း တော်တယ်ဟု အမြဲတမ်းချီးကျူးကြသည်။ မိဘများကလည်း သားလေးတစ်ယောက် တည်းရှိသည်မို့ ဖူးဖူးမှုတ် ချစ်ကြသည်။ ဒေါ်ခင်ဦးနှင့် ဦးကျော်ထက်တို့ကလည်း သားလေးငယ်ငယ်ကတည်းက မပျက်ဆီးရအောင်သွန် သင်ဆုံးမသည်။

“ သား ကျောင်းသွားရင် ဆရာ ဆရာမတွေရဲ့စကားကို နားထောင်ရမယ်နော်၊ မဆိုးရဘူး နော်သား..” .

..“ ဟုတ်ကဲ့မေမေ” သူရထက်က အမြဲတမ်း အမေစကားကို နားထောင်လေ့ရှိသည်။ နှစ်၊လဆိုတဲ့ အချိန်ကြာ လာသောအခါ သူရထက် အသက်ကြီးလာသလို အတန်းလည်းကြီးလာသည်။ ဒေါ်ခင်ဦးနှင့် ဦးကျော်ထက်တို့ သည် သားကို ပြည့်စုံအောင်ကျောင်းထားနိုင်ရေးအတွက် အလုပ်ကိုကြိုးစား လုပ်ကိုင်ကြသည်။

“ကျမတို့မှာ ဒီသားလေးတစ်ယောက်တည်းရှိတဲ့အတွက် သားလေးစိတ်မဆင်းရဲအောင်ထားမယ်။ အိုဘာပဲဖြစ် ဖြစ် သားလေးဖြစ်ချင်တဲ့ အရာကိုဖြစ်ဖို့အတွက် ကျမကြိုးစားမယ်”

“မိန်းမကလည်း အဖြစ်ကိုသည်းနေတာပဲ၊ ဒီသားလေးတစ်ယောက်ရထားတာ ရွှေကောက်ရသလိုပဲ”

“သြော်.. ကိုကျော်ထက်ကလည်း ကျမတို့ဒီအရွယ်ရောက်လာပြီးမှ သားလေးတစ်ယောက်ရတာ ပျော်ရမှာပေါ့ ရှင်။ ဒီမယ်ကျမသားလေးက တစ်နေ့ကျရင် ပညာတတ်ကြီးဖြစ်မှာ သေချာတယ် ရှင့်..”

မိဘနှစ်ပါးက သားသူရထက်၏ ကြိုးစားပုံ၊ လိမ္မာပုံ၊ အများတကချီးကျူးခြင်းခံရသော ကြောင့် သားလေး၏ သတင်းမွှေးပုံကို ကြားရသောအခါ များစွာပီတိဖြစ်ရသည်။

“သားက အခုဆယ်တန်းအောင်ပြီးဆိုတော့ ဘာဆက်တက်ချင်သလဲ။ ဘာဆက်လုပ်မှာလဲ ”

“ဖေဖေသား တက္ကသိုလ်ပဲ ဆက်တက်ချင်တယ်” ဘယ်တက္ကသိုလ်တက်မှာလဲ သား”

“ သား ဆေးတက္ကသိုလ်ဆက်တက်ချင်တယ် ဖေဖေ အဲဒါ...”

“ သြော်သားက ဆရာဝန်ဖြစ်ချင်တာကိုး..”

“ဟုတ်ကဲ့ဖေဖေ”

“ရှင့်ကို ကျမပြောပြီးမဟုတ်လား ကျမသားကပညာတတ်ဖြစ်မယ်ဆိုတာ ရှင်မေ့သွားပြီးလား ဒီမှာသားကို မေမေ တစ်ခုပြောချင်တယ် သေသေချာချာ နားထောင်နော်”

“ ဟုတ်ကဲမေမေ သားနားထောင်ပါ့မယ်”

“အဲဒါဘာလဲဆိုရင် မေမေတို့က ဆင်းရဲတယ်၊ အသက်လည်းကြီးပြီး၊ ဒါပေမယ့် သားဘာမှမပူနဲ့ သားရည်မှန်း ချက်ရောက်အောင်သာ လျှောက်ပါသား...”

“ သားလေးက လိမ္မာတယ်။ ကြိုးစားတယ်ဆိုတာ မေမေတို့ သိပါတယ်။ ဒါပေမယ့်သား လူဆိုတာဖြစ်တတ် တယ်။ အခက်အခဲပေါင်း များစွာနဲ့ ရင်ဆိုင်ကြုံတွေ့ရရင် နောက်ဆုတ် ချင်ကြတယ်။ ဒါပေမယ့် တစ်ချို့ လူတွေ ကျတော့ အခက်အခဲဘယ်လောက်ရှိရှိ ရင်ဆိုင်ကြုံတွေ့ရတဲ့အခါမှာ ဇွဲရှိရှိစိတ်ဓတ်ခိုင်ခိုင် မာမာထားပြီးကြိုးစား လို့ အောင်မြင်တာချည်းပဲ။ ဒါကြောင့် သားကို မေမေတို့ဖြစ်စေချင်တာက သားအခုတက်မယ့် တက္ကသိုလ်ဟာ ဘယ်လောက်ပဲ အခက်အခဲရှိရှိ နောက်မဆုတ်ပဲ ကြိုး စားသွားပါ။ မေမေတို့ဘက်က တတ်နိုင်သလောက် အစွမ်းကုန်ဖြည့်ဆည်းပေးမှာပါသား“

“ဟုတ်ကဲ့ မေမေနဲ့ဖေဖေ သားနောက်မဆုတ်ပဲ အစွမ်းကုန်ကြိုးစားသွားပါမယ်။ သားရည် မှန်ထားတဲ့အတိုင်း တစ်နေ့ဖြစ်လာအောင်ကြိုးစားပါမယ်။ သားကတိပေးပါတယ်။”

ဆေးတက္ကသိုလ်တက်ခွင့်ရသော သူရထက်သည် စာကိုပိုမိုကြိုးစားသည်။ ပိုလေ့လာသည် ပိုဖတ်ရှုသည်။ သူရထက်သည် ဆင်းရဲသော်လည်း ရိုးသားပြီး ကြိုးစားသောကြောင့် လူအများက ချစ်ခင်ကြသည်၊ သူရထက် ၏စိတ်အတွင်း အမြဲကိန်းအောင်နေသော အရာ တခု ရှိသည်။

“ငါ့ရဲ့မိဘတွေက ဆင်းရဲတဲ့ ဘ၀ကြမ်းထဲက ငါ့ရည်မှန်းချက်ပြည့်ဝဖို့ လုပ်ဆောင်ပေးခဲ့တယ်၊ ဒါကြောင့် ငါ့မိဘတွေရဲ့ စေတနာကို ကျေးဇူးပြန်ဆပ်နိုင်အောင်လို့ ငါပညာကို အစွမ်းကုန်ကြိုးစားမယ်။ ငါ့မိဘတွေကို ပေးထာ တဲ့ ကတိအတိုင်း ဆရာဝန်တစ် ယောက် ဖြစ်အောင်ကြိုးစားမယ်”

သူရထက်သည် ဆေးတက္ကသိုလ်တွင် နောက်ဆုံးနှစ်သို့ ရောက်သောအခါများစွာ ပျော်ရွှင်မိသည်။ သူရည်မှန်း ထားသော ရည်မှန်းချက် ပြည့်တော့ မည်။

မကြာမီသူရထက်သည် ဆေးပညာဘွဲ့ကို ရရှိလေသည်။ မိဘများမှာလည်း ပျော်ရွှင်ကြည် နှုးပီတိဖြစ်ကြရသည်။ ယခုအချိန်တွင် သူရထက်သည် ကိုယ်ပိုင်ဆေးခန်းငယ်လေး တစ်ခု တွင် လူနားများအား လက်ခံကုသပေး လျက်ရှိသည်။ ထိုဆေးခန်း၏ အမှန်မှာ “သူရထက် ဆေးခန်း”ဖြစ်ပေသည်။



ယုန်ကလေး

2 comments:

I don't know. said...

အဓိက မယုန်ပြေချင်တာက ဒီစာသားလေး ဖြစ်မယ် ထင်တယ် "ငါ့ရဲ့မိဘတွေက ဆင်းရဲတဲ့ ဘ၀ကြမ်းထဲက ငါ့ရည်မှန်းချက်ပြည့်ဝဖို့ လုပ်ဆောင်ပေးခဲ့တယ်၊ ဒါကြောင့် ငါ့မိဘတွေရဲ့ စေတနာကို ကျေးဇူးပြန်ဆပ်နိုင်အောင်လို့ ငါပညာကို အစွမ်းကုန်ကြိုးစားမယ်။ ငါ့မိဘတွေကို ပေးထာ တဲ့ ကတိအတိုင်း ဆရာဝန်တစ် ယောက် ဖြစ်အောင်ကြိုးစားမယ်"
သာမာန်မိသားစု ဘ၀တစ်ခုပါပဲ သိပ်မထူးဆန်းပါဘူး
မိဘဖြစ်စေချင်တာနဲ့ သားသမီး ဖြစ်ချင်တာ တစ်ထပ်တည်းကျလို့ အဆင်ပြေပါတယ်
ဘယ်မိဘကမှ ကိုယ့်သားကို ဆရာဝန် မဖြစ်စေချင်တဲ့ သူမရှိပါဘူး တက်နိုင်သလောက် ဖြစ်အောင်ထားမှာပါ
ပိုပေါ်လွင်အောင် ရေးနိုင်စေချင်ပါတယ်
ကျေးဇူးတင်ပါတယ်.....

RePublic said...

သားလိမ္မာ၏ကြိုးစားခြင်းရလာဒ်မှာ မိဘတွေရဲ့
ကူညီထောက်ပံ့ မြေတောင်မြှောက်မှုက အဓိကအရေးပါလှပါတယ် ၊၊အစစအရာရာအားလုံးပေါ့၊၊လက်ခုပ်တီးသလိုပါပဲ၊၊
နှစ်ဖက်တီးမှ အသံထွက်မှာပါ၊၊ တစ်ခါတစ်ခါ..လက်တစ်ဖက်ကအားနည်းရင်ကျန်တစ်ဖက်ကပိုအားစိုက်ပေးရသလိုပါပဲ၊၊...
ကောင်းပါတယ် ...မယုန်ကလေး

 

Design in CSS by TemplateWorld and sponsored by SmashingMagazine
Blogger Template created by Deluxe Templates