၂၂ ရာစုလူငယ် များအတွက်
ဒီကနေ့ ကျမတို့လူငယ်တွေအတွက် ဘာတွေလိုအပ်နေသလဲလို့မေးရင် အကို၊အမတို့ ဘယ်လို ဖြေကြမလဲ မသိဘူးနော်။ ဒါကတော့ အဖြေပေးတဲ့ သူတွေပေါ်မှာပဲ မူတည်တယ်မဟုတ်လား။ ကျောင်းနေတဲ့အရွယ် က လေးကိုမေးရင် သူတို့အတွက် စာမေးပွဲအောင်ဖို့အတွက်ပဲလို့ ဖြေကြမှာပဲ။ အဲလိုဘဲ တချို့ကျတော့ ပညာတို့၊ အခွင့်အလမ်းတို့ သူတို့အမြင်ကို သူတို့ပြောကြမှာဘဲ။ ကျမလည်း ကျောင်းနေတဲ့ အရွယ်မှာ ပညာရေးက အဓိကဘဲလို့ ထင်ထားတယ်။ဒါပေမဲ့ စာရေးဆရာတစ်ယောက်က ပြောထားတယ်။ဘာလဲဆိုတော အခွင့်အလမ်းတွေ ရှိဖို့လိုတယ်လို့ ပြောတော့ ဒီနေ့ခေတ်မှာ အခွင့်အလမ်းတွေ ပိတ်နေသယောင်ထင်ရတယ်။ တကယ်တော့ အခွင့်အလမ်းတွေ ပိတ်နေတာမဟုတ်ပါဘူး။ ထွန်းသစ်စကာလမို့ အခြားဒေသထက် အခွင့်အလမ်းနည်းချင် နည်းမယ်။ သူအဓိက ပြောချင်တာကတော့ အခွင့်အလမ်းဆိုတာက ထိုင်စောင့်ရုံနဲ့ လာတာပဲဆိုတာမျိုး ထင်မနေဖို့တော့ လိုပါတယ်။ ဥပမာ-ပန်းပင်တပင်ဟာ သူအပွင့်ဘယ် လောက်ဘဲ များများ ခူးမယ့်လူမရှိရင် အလ ကားပါဘဲ။ တကယ်ခူးရင်လည်း ပန်းဆိုတာကို သိရမယ်။ တန်းဖိုးကိုလည်း သိရမယ်။ နောက်ပြီး ခူးတတ်ရမယ်။ ခူးပြီးရင်လည်း အဲ့ဒီပန်းကို အသုံးချလို့ရမယ့် အခြေအနေ အဆင် သင့်ရှိရမယ်။ အခွင့်အလမ်းတော့ သိပါပြီး။ သုံးချလို့ရမယ့် အခြေအနေကိုတောင် မသိဘူးဆိုရင် အဲ့ဒီ အခွင့်အလမ်းက အလကားပါပဲ။ နောက်တစ်ခုကတော့ ပညာရေးပါပဲ။ ပညာရေးကို လူတော်တော်များများ လိုက် စားကြတာတွေ့ရတယ်။ ကျမတို့ ပညာတတ်ဖို့ အတွက် ကျမတို့ မိဘတွေက မူကြိုအရွယ်က နေပြီး ကျောင်းထားပေးတယ်။ အဲ့ဒီိလိုဘဲ တဖြည်းဖြည်းနဲ့ အတန်းပညာကိုအောင်လာကြတယ်။ ကျမတို့စဉ်းစား ရမှာက ဘာကြောင့် ပညာကို သင်ယူချင်ကြတာလဲ။ တချို့ ဆရာတွေကလည်း စာရဲ့အသံထွက်ကို တောင်မှ မှန်အောင်မထွက်တတ်တာလဲ ရှိတယ်။ လက်ဆင့်ကမ်းသင်ယူနေတဲ့ ကျောင်းသားကလေးတွေက ဆရာတွေ အသံထွက်မှန်မှ သူတို့လည်းမှန်မှာဘဲ။ တချို့လူတွေက ကိုယ်တတ်ထားတဲ့ ပညာနဲ့ ကိုယ်ကျိုးစီးပွား အတွက် အသုံးချတာ လဲရှိတယ်။ ရာထူးတိုးတက်ရေးကို အသုံးချတာလဲ ဒီကနေ့ခေတ်မှာ အများကြီး ရှိပါ တယ်။ ကိုယ်သင်တဲ့ ပညာဟာ တိုင်းပြည်အကျိုး၊ လူမျိုးကို မြှင့်တင်ဖို့အတွက် အသုံးချကြရင် ဘယ် လော ကောင်းမလဲနော်။
အခု စာရေးဆရာတစ်ယောက်က လူငယ်တွေ ဘာလိုအပ်သလဲ ဆိုတာကို ဖြေသွားပေးတယ်။လူငယ်တွေမှာ ရှင်းသုံးရှင်း လိုတယ်လို့ ပြောတာမျိုးကို စဉ်းစားစေချင်ပါတယ်။ ဗစ်ရှင်း visionဆိုတာက ရှေးရေးအမြင်ပါ။ ရှေ့ခေတ်ကို ကြိုတင် မြော်မြင်ဆင်ခြင်တာ မျိုးမဟုတ်ပါဘူး။ ကိုယ့်ဘ၀ဟာ တစ်ချိန်မှာ ဘာဖြစ် နေရမယ်။ ကိုယ့်တိုင်းပြည်၊ ကိုယ့်တက္ကသိုလ်၊ ကိုယ့်လုပ်ငန်းဟာ တစ်ချိန်ကျရင် ဘာတွေဖြစ်ရမယ်ဆိုတဲ့ ရှေးရေး အမြင်ပါ။ ငါ အထူးကုဆရာဝန်ဖြစ်ပြီး တိုက်ကြီးကြီး ၊ကားကြီးကြီး နဲ့ချမ်းသာနေမယ်ဆိုတာgoal သာဖြစ် ပါတယ်။ visionမဟုတ်ပါဘူး။ မြန်မာတွေနဲ့ ကျန်းမာရေး အဆင့်အတန်း၊ မြန်မာ့ဆေးရုံတွေရဲ့ အဆင့် အတန်း ဘယ်လိုဖြစ်နေရ မယ်ဆိုတာမျိုးသာ vision ဖြစ်ပါ တယ်။ နောက်တစ်ခုက မစ်ရှင်း mission ဖြစ်ပါတယ်။ ပန်းတိုင်ရယ်၊ ပန်းတိုင်ကို ရဖို့စီမံချက်ရယ်ပါ၊vision ရှိပြီး မစ်ရှင်းမရှိရင် လေထဲမှာ တိုက်ဆောက်နေရတဲ့ အဆင့်ဘဲဖြစ်မယ်။ထီးပေါက်ဖို့ စိတ်ကူးယဉ်တဲ့ သူဟာ ထီထိုးဖို့တော လိုပါလိမ့်မယ်။ မစ်ရှင်ဟာ အဆင့်ဆင့်ရှိပါတယ်။ အထူးကုဆရာဝန်ကြီးဖြစ်ဖို့ vision ထားနေ တဲ့သူဟာ (ဆယ်တန်း ကျောင်းသားဆိုရင်) ဒီနှစ်အတွက် သူမစ်ရှင်ဟာ ဆယ်တန်းကို အမှတ်ကောင်းကောင်းနဲ့ အောင်ရေးပါပဲ။ အောင်ပြီးလို့ ဆေးတက္ကသိုလ်ဝင်ခွင့်ရရင် သူ့မစ်ရှင်ဟာ ပထမနှစ် စာမေးပွဲအောင်မြင်ရေး ဖြစ်သွားပါပြီး။ နောက်ဆုံးတစ်ခုက အက်ရှင်း Action ဖြစ်ပါတယ်။ လုပ်ရပ်ပေါ့လေ။ ဘာကြီးဘယ်လောက် စီမံချက်ဆွဲထားထား တကယ်လုပ်မှ အဟုတ်ဖြစ်ပါတယ်။ ဘာမှမလုပ်ရင် ဘာမှမဖြစ်ပါဘူး။ ဖြစ်ချင်ရင်လုပ် ရင်လုပ်ရမယ်။ တကယ်ဖြစ်ချင် တကယ်လုပ် အဟုတ်ဖြစ်ရမယ် ။ အက်ရှင်ဟာ ပုံဖော်တဲ့အဆင့်ပါ။ အက်ရှင် မပါရင် ဘာမှမဖြစ်ပါဘူး။
ဒီစာကိုဖတ်ပြီးရင်ဝေဖန်နိုင်ပါတယ်။အကြံညာဏ်လည်းပေးနိုင်ပါတယ်။
4 comments:
ရည်ရွယ်ချက်လေးရော အချက်အလက် အရေးအသားပါ အရမ်းကောင်းပါတယ် ညီမလေးရေ။ အတုယူစရာတွေ မှတ်ယူသွားပါတယ်။ အကိုက ဟာသတွေပဲ ရေးဖြစ်သေးတယ်။ စာမေးပွဲပြီးမှပဲ စိတ်ဖြောင့်ဖြောင့်ရေးနိုင်တော့မယ် ထင်ပါတယ်။ နောက်ကိုလဲ လာဖတ်ပါအုံးမယ်။
ကောင်းတယ်.. ဆက်ပြိး တွေးအုံး၊ ချဲ့ ပြီးထက်ရေး၊ အတွေ့ အကြုံ လေးတွေပါ ပါအောင်ရေး..
ဆက်လုပ် ဆက်လုပ်. =)
ကောင်းလိုက်တာညီမရယ်
အ၇မ်းကောင်းတယ်...သူငယ်ချင်းရေ....အဒြါနဲ့ ဆက်စပ်ပြီး စာနည်းနည်းရေးချင်တယ်... တရက် နှစ်ရက်ဆို၇င်တော့ လာဖတ်နိုင်ပါတယ်... အခုတော့ မဟုတ်သေးဘူးနော်...
Post a Comment