ရောင်နီဦးကျောင်းက ပုံရိပ်ဟောင်း
မမျှော်လင့်ပဲ ကံကြမ္မာက တို့တွေအားလုံးကို ဒီရောင်နီသန်းတဲ့ ကျောင်းလေးထဲမှာလာဆုံခွင်ပေးပြီး နောက် ကံကြမ္မာဆိုးကြီးက တို့တွေအားလုံးကို တစ်နယ်ဆီတစ်မြေဆီသို့ ပြန်ခေါ်သွားကြတယ်။ဒါတွေအားလုံးဟာ လောကရဲ့ နိယာမတွေဘဲ မဟုတ်လား။ မိုးလင်းတာနဲ့ရောင်နီဦးကျောင်းလေးမှာ နေကြတဲ့ ကျောင်းသူ ကျောင်းသားတွေရဲ့ စာအယ်သံတွေကို ကြားရတဲ့ ဆရာ၊ ဆရာမတွေအားရဲ့ ရင်ထဲမှာအေးမြသွားတာပါပဲတဲ့ ။ကျမကျောင်းလေးရဲ့နာမည်ကတော့-ရောင်နီဦးကျောင်းလို့ခေါ်ပါတယ်။ထိုင်းနိုင်ငံ မဲလာအူးဒုက္ခသည် စခန်းမှာ ရှိတဲ့ကျောင်းတစ်ကျောင်း ဖြစ်ပါတယ်။ မူလတန်းကနေ ဒဿမတန်းအထိ ရှိပြီးဘော်ဒါဆောင် လည်းရှိတယ်။ ဘော်ဒါဆောင်ထားရတဲ့ရည်ရွယ်ချက်ကတော့မြန်မာပြည်မှာကျောင်းမနေရတဲ့ ကလေးတွေအတွက် ဖြစ်တယ်။ ဘော်ဒါဆောင်မှာနေပြီး ကျောင်းတက်သောကလေးများမှာ အများအားဖြင့် ကရင်တိုင်းရင်းသားတွေ များပါတယ်။ စုစုပေါင်း ဘော်ဒါဆောင်နေ ကျောင်းသူကျောင်းသားအားလုံးပေါင်း (၈၀)ကျော် ပါတယ်။ ဘော်ဒါဆောင်အားလုံးပေါင်း သုံးလုံးရှိပြီး တစ်လုံးမှာ နေခြည် (ခ)နှင်းဆီဆောင်လို့ခေါ်တဲ့ ကျမတို့မိန်းကလေး ဘော်ဒါဆောင်ဖြစ်ပါတယ်။ ကျန်ဘော်ဒါဆောင် ကတော့ ကျမတို့အကိုတွေ၊ မောင်လေးတွေနေကြတဲ့ မိုးမခနဲ့ဒေါနလို့ခေါ်တဲ့ ဘော်ဒါဆောင်ဘဲဖြစ်ပါတယ်။ ဘော်ဒါဆောင်မှာ နေကြတဲ့ ကျောင်းသူကျောင်းသား အားလုံးဟာ အမိမြန်မာပြည်နဲ့ ဝေးကွာရခြင်းသာမက မိဘ၊ ညီကိုမောင်နှမအားလုံးနဲ့ပါ ဝေးကွာနေရခြင်း ဖြစ်ပါတယ်။ တစ်ချို့သောကလေးများမှာ (၅) နှစ်အရွယ်လေးသာ ရှိသေးတယ်။ သို့သော် ထိုကလေးများသည် မိမိတို့ရဲ့ အနာဂါတ်လှပဖို့အတွက် ပညာကို လာသင်ယူနေရခြင်းဖြစ်ပါတယ်။ အနယ်နယ်အရပ်ရပ်က ကျောင်းသူကျောင်းသားတွေ စုပေါင်းပြီး နေရသော်လည်း အလွန်ပျှော်ရွှင်စရာ ကောင်းပါသည်။ တစ်ယောက်နှင့် တစ်ယောက်မသိကြ သော်လည်း ညီကိုမောင်နှတွေလို သဘောထားပြီး မိသားစုစိတ်ဓာတ်နဲ့ နေကြပါတယ်။ ဘောင်ဒါဆော်မှာ နေရတဲ့အတွက် ဘော်ဒါဆော်ရဲ့ စည်းကမ်းကို လိုက်နာရပါတယ်။ စုစုပေါင်းစည်းကမ်း(၁၂) ချက်ရှိတယ်။ မနက်ကို (၅) နာရီအိပ်ယာထပြီး (၇)နာရီအထိ စာဖတ်ရတယ်။ ညကို(၆)နာရီကနေ (၉)နာရီအထိ စာဖတ်ချိန် သတ်မှတ်ထားတယ်။ တချို့သော သူငယ်ချင်းဆိုရင် စာကိုအော်ပြီးမှဖတ်တတ်တယ်။ ကျမရဲ့ သူငယ်ချင်းမ တစ်ယောက်ဆိုရင် ဆယ်တန်းရောက်ပြီး စာကိုအော်ဖတ်တုန်းပဲ။ သူစာဖတ်လို့ရှိရင် သူအသံပဲ တစ်ဘော်ဒါဆောင် ပျံ့နှံ့ သွားတယ်။ သူက ကရင်မလေး၊ ချစ်စရာကောင်းတယ်၊ဖော်ရွှင်တယ်။ ဆရာတွေ အားလုံးက ကျမတို့ကို တန်းတူညီတူ ဆက်ဆံတယ်။ အကယ်၍ စာမရှင်းတာရှိရင် သူတို့ဆီအချိန်မရွေး သွာမေးနိုင်တယ်။ အချိန်ကို အကတ်အသန့်မရှိ စာမေးချိန်ဖွင့်ထားပေးတယ်။ ကျမတို့ မိဘနဲ့ ဝေးကွာရ သော်လည်း ဆရာရဲ့မေတ္တာကို ရရှိပါတယ်။ အဲဒီအတွက် ဆရာတွေအားလုံးကို ကျေးဇူးအထူးတင်မိပါတယ်။ အခုဆိုရင် ရောင်နီဦးကျောင်းမှာ ဆယ်တန်းအောင်သွားကြတဲ့ ကျောင်းသား၊ ကျောင်းသူများမှာ မိမိတို့ ကျရာ တာဝန်တွေကို အနယ်နယ် အရပ်ရပ်မှာ ထမ်းဆောင်းနေပါတယ်။တချို့ဆိုရင် ဆေးလှိုင်း၊ ကျောင်းဆရာ၊ ဆရာမလှိုင်း၊ စစ်သားပြန်လုပ်တဲ့ သူတွေကပြန်လုပ်၊ ဗိုလ်သင်တန်းတက်တဲ့ သူတွေကတက်၊ ကျောင်းဆက်တက်တဲ့ သူတွေကတက် တာဝန်အမျိုးမျိုးကို ဆောင်ရွက်နေကြပါတယ်။ ဒါတွေအားလုံးဟာ ရောင်နီဦးကျောင်းက အနာဂါတ် အညွှန်အဖူးတွေ ဖြစ်ပါတယ်။ သူငယ်ချင်းတို့ရေ…လူတိုင်းလူတိုင်းဟာ မမျှော်လင့်ပဲတွေ့ကြပြီး မမျှော်လင့်ပဲ ခွဲခွာရတာဘဲမဟုတ်လား။ ဒါပေမဲ့ သူငယ်ချင်းတို့အားလုံးဟာ ဇွဲ၊ လုံးလ၊ ၀ိရိယနဲ့ လောကကြီးကို ရင်ဆိုင်ပြီး အရာရာကိုအောင်မြင်အောင် ကြိုးစားမယ်လို့ ယုံကြည်ပါတယ်။
ယုန်ကလေး
0 comments:
Post a Comment