ကိုယ်တိုင်မရေးတဲ့ပုံတူ

ကိုယ်တိုင်မရေးတဲ့ ပုံတူ

မေမေ့ပါးပြင်ပေါ် စံပယ်တွေ ပွင့်တဲ့နေ့ 
ဖေဖေ့မျက်နှာလေးကို နောက်ဆုံး မြင်လိုက်တယ်။

တိမ်တွေနဲ့ အရုပ်ရေးတမ်းကစားတတ်စအရွယ်
ဖေဖေ့လက်ဆောင် ကဘာငယ်လေးတခု အမည်ဟာ
စိမ်းလန်းသော အိပ်မက်များတဲ့။

မေမေ
မီးပြတိုက်သေလို့ ဝင်စားတဲ့ ကောင်ကလေးဆိုတာ
ကျနော်သေချာရဲ့လား
ထပ်တူ ထွန်းညှိထားလိုက်ပါတယ်။ ။

ဇော်မိုးလွင်
ကလျာ။ မေ၊ ၁၉၉၉

1 comments:

နရစိုး said...

ယုန်ကလေး မေမေ ကိုကော
ကိုယ်တိုင်ရေးပုံတူ လေး ပေးဖူးလား..

 

Design in CSS by TemplateWorld and sponsored by SmashingMagazine
Blogger Template created by Deluxe Templates