သူငယ်ချင်းများအတွက်


သူငယ်ချင်းတို့ရေ….

ကိုယ်ဆီရည်မှန်းချက်နဲ့

ရောင်နီဦးကျောင်းတော်ဆီကို

နင်ရော ငါရော ပညာသင်ဖို့ရောက်ခဲ့တယ်။

သူငယ်ချင်းတို့ရေ…

အတန်းပညာအောင်ဖို့အတွက်

ဆရာပေးတဲ့ အိမ်စာတွေကို

နင်ရော၊ငါရော ကျက်မှတ်ခဲ့တယ်။

သူငယ်ချင်းတို့ရေ…

ပညာသင်ယူနေတဲ့အချိန်မှာ

အခက်အခဲ ရှိသော်လည်းဘဲ

နင်ရော ငါရော ကျော်ဖြတ်နိုင်ခဲ့တယ်။

သူငယ်ချင်းတို့ရေ…

ယခုအချိန်မှာ အတန်းညာအောင်လို့

အတောင်စုံတဲ့ ငှက်များပမာ

နင်ရော ငါရော ကျောင်းတော်ကြီးကို ခွဲခွာခဲ့တယ်။

သူငယ်ချင်းတို့ရေ…

နောက်ထပ် ပညာရဖို့အတွက်

အနာဂါတ်ဆိုတဲ့ ပန်းတိုင်ဆီသို့

နင်ရော ငါရော ဆက်လျှောက်လှမ်းရဦးမယ်မဟုတ်လား။

ယုန်ကလေး

1 comments:

မေပျို said...

ယုန်ကလေးရေ သူငယ်ချင်းများအတွက် ကဗျာကိုဖတ်ပြီး သူငယ်ချင်းတွေကိုတောင် လွမ်းသွားသလိုပဲ။ ဒါပေမယ့် အမတို့က ဇန်န၀ါရီရောက်ရင် ကျောင်းပြန်တက်ရတော့မှာ။ အခုသာလွမ်းနေတာ ကျောင်းလည်းပြန်တက်ရော စာမကျက်ချင်လို့ ကျောင်းကိုပိတ်စေချင်ပြန်ရော။ အင်း...လူ့အလိုနတ်မလိုက်နိုင်ပါလားနော်။ ဟဲဟဲ။ ပျော်ရွှင်ပါစေ။ ကဗျာရေးတာတော်တယ်နော်။ အမဆို မရေးတတ်ဘူး။ ဟိဟိ

 

Design in CSS by TemplateWorld and sponsored by SmashingMagazine
Blogger Template created by Deluxe Templates