လွမ်းစေတီ

လွမ်းစေတီ

တို့ ထိခွင့်လည်း မရှိတော့
ဆုတ်ကိုင်ခွင့်လည်း မရှိတော့
မင်းရင်ခုန်သံကို လုံအောင် ဖုံးပေးပိုင်ခွင့်လည်း မရှိတော့
မင်းလည်း မေ့လျော့လိုက်ရုံ
ငါလည်း မေ့လျော့လိုက်ရုံ
ပုံပြင်ကို ပုံပြင်အတိုင်းထားလိုက်ရုံ
ဒီလောက်ဘဲ တို့ တတ်နိုင်ခဲ့။
သူ့ ကို မင်းမချစ်ဘဲနဲ့ 
ဘာလို့  သူက မင်းကို သိမ်းပိုက်တာလဲ
မင်းနဲ့ ငါချစ်လျက်နဲ့ 
ဘာလို ငါတို့ ဝေးကွာခဲ့တာလဲ။
ရာဇ၀င်ခေတ်၊ ပဒေသရာဇ်တို့ ရာဂမီး
အတားအဆီးမဲ့ ကာမပိုင်ဝတ်ထုမှာ
ချစ်ရသူတို့  ဇာတ်နာခဲ့ဘူးပါပြီ။
အဖြစ်အပျက်တွေ ဖြစ်ပျက်ပြီးတဲ့နောက်
အငွေ့ အသက်တွေ ကျန်ရစ်ကြမယ်
ရှုမဆုံးတဲ့ အလွမ်းတွေ ငါပွေ့ ရင်း
တောင်ကုန်းလေးပေါ် ငါတက်ခဲ့တယ်
ညောင်ပင်က ဓမတေးကို ဆိုနေရဲ့
၇ိုးပြတ်တောက နေပူထဲမှာ ငိုနေရဲ့
ငါ့နှလုံးသားက လူ့ သမိုင်းထဲ လဲကျနေတယ်။
လွမ်းစေတီက မင်းနဲ့ ငါ့အကြောင်း
နှောင်းလူတွေကို ပြောပြမယ်။
တို့ နှစ်ယောက် လျှောက်ခဲ့ရတဲ့ ခရီးကို။
မိုဃ်းဇော်

ရနံ့ သစ် ။ အောက်တိုဘာ ၁၉၉၈

0 comments:

 

Design in CSS by TemplateWorld and sponsored by SmashingMagazine
Blogger Template created by Deluxe Templates