လယ်ကွင်းအစပ်မှာ လေတဟူးဟူး

စိတ်ကူးထားတဲ့အကိုင်းမှာ
ငှက်ကလေးက မနားဘူး။

အရင်ဘ၀က ခုံပြာတန်းလေး
အခု
စူးဝင်နေတဲ့သံနဲ့
ဆွေးမြေ့နေတဲ့သစ်သား
ငါတို့ သူသေကိုယ်သေ ချစ်သွားကြတာ။

ဒီဘ၀မှာ
မီးလောင်ခြင်းက ရှုခင်းတခု
နောင်ဘ၀မှ
အလံတ၀က်ချထားခြင်းနှင်းများ။

ဘယ်ဆီဘယ်ဝယ်
တောင်စွယ်မှာ နေကွယ်မှာလား
ပင်လယ်မှ နေ၀င်မှာလား
ရောက်ရာအရပ်ကညနေခင်းများ
အုတ်စီ
သံချည်သံကွေး
နံရံဆေးတိမ်ပြာပြာ
တကယ့်ဘ၀ကိုသာ ငါတို့ရိုက်ယူထားခဲ့ပေါ့
ပြန်မလာဇာတ်ကား။ ။

စိုင်းဝင်းမြင့်

0 comments:

 

Design in CSS by TemplateWorld and sponsored by SmashingMagazine
Blogger Template created by Deluxe Templates