သူငယ်ချင်းလေး



သူငယ်ချင်းလေး
မင်းရဲ့ရယ်သံတွေက
ငါ့အတွက်တော့ တေးသားတွေကို
ချိုသာစွာ သီဆိုတဲ့ ငှက်ကလေးထက်ပင်
သာယာမိတယ်။

မင်းရဲ့ အသံလေးတွေက
ငါ့အတွက်တော့ ပျားရည်စက်တွေ
လောင်းချသလိုပဲ ချိုမြနေပါတယ်။

တို့နှစ်ယောက်ရဲ့အတိတ်က
သံယောဇဉ်နှောင်ကြိုးတွေကို
ဆက်လက်ထိန်းသိမ်းရင်း
လွင့်မျောနေတဲ့ တိမ်တိုက်တွေနဲ့အတူ
ကြယ်ပွင့်တွေခူးချင်မိတယ်။


အချစ်အတွက် စီခြယ်ထားတဲ့
ဘ၀ဒုက္ခ၊ သုခ၊ မောဟတွေကို
သံသရာတလျောက် တို့တတွေ
နားလည်မူနဲ့အတူ လက်တွဲပြီး သွားချင်တယ်။

ငါ့တို့နှစ်ယောက်ရဲ့
အချစ်တွေနဲ့အတူ မှောင်နေတဲ့
ကမ္ဘာကြီးတစ်ဖက်ခြမ်းကို
အလင်းရောင်ထွန်းညှိ့ပေးဖို့အတွက်
ဆက်ပြီး ကြိုးစားချင်မိတယ်။


ယုန်ကလေး

1 comments:

Welcome said...

စိတ်တူ ကိုယ်တူနဲ့ဆိုရင်
ကမ္ဘာမြေအဆုံးတင်မကဘူး
စကြာဝဠာအဆုံးထိ ခရီးနှင်ချင်ပါသေးတယ်။

ကဗျာလေးတွေ ဖတ်သွားတယ်
ချမ်းမြေ့ပါစေ

 

Design in CSS by TemplateWorld and sponsored by SmashingMagazine
Blogger Template created by Deluxe Templates