မြ၀တီလောင်းအားကစားတဦး ဒီကေဘီအေ ပစ်သတ်လို့သေ

NEJ / မတ်လ(၃၀) ရက်၊ ၂၀၀၉
မြဝတီမြို့ ကညနရုံးအနီးရှိ အဓိဋ္ဌာန်အောင်ဘုရားဝင်းအတွင်း ဒီကေဘီအေအဖွဲ့မှ ဦးစီးကျင်းပသည့် လောင်း ကစား အခြေခံ ပျော်ပွဲရွှင်ပွဲ (အာဝါဒေးပွဲ) တွင် လူသတ်မှုဖြစ်ပွားသဖြင့် မြို့နယ်အာဏာပိုင်များက ပွဲကျင်းပခွင့် ပိတ်ပင်လိုက်သည်။

ယခုလ (၂၇) ရက်နေ့ညက ကျင်းပသည့် အဆိုပါအာဝါဒေးပွဲတွင် ဒီကေဘီအေအဖွဲ့ဝင်များနှင့် အချင်းများသည့် လောင်းကစားသမား (၂) ဦးကို ဒီကေဘီအေက သေနတ်ဖြင့်ပစ်ရာ တဦးပွဲချင်းပြီးသေဆုံးပြီး ကျန်တဦးမှာ အပြင်းအထန် ဒဏ်ရာရရှိသွားသည်ဟု မျက်မြင်သက်သေ မြန်မာအလုပ်သမားတဦးက ခေတ်ပြိုင်သို့ ပြော သည်။

၎င်းက “(၂၇) ရက်နေ့ညကဖြစ်တာ။ ကျနော်တို့ရှေ့တင်ပဲ။ ဒီကေဘီအေ ပြောတာက ဒီလူနှစ်ယောက် မူးပြီး သေနတ် ဝင်လုတယ်လို့ ပြောတယ်။ ကျနော်တို့တွေ့တဲ့ အဖြစ်မှန်က သူတို့ပြောသလိုမဟုတ်ဘူး။ မတရား အလုပ်ခံရတာ” ဟု ပြောသည်။

ပွဲမိန့် ပိတ်ခံရသောကြောင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ) အဖွဲ့သည် ကမ်းနားပိုင်းရှိ ဓမ္မရန်အောင် ဘုန်းတော်ကြီးကျောင်းသို့ ပြောင်းရွှေ့ကာ မြန်မာဇာတ်အဖွဲ့နှင့် ရောင်ပြန်ဗွီဒီယိုများ ပါရှိသည့် အာဝါဒေးပွဲကို ဆက်လက်ကျင်းပကြသည်။

ဆယ်တန်းစာမေးပွဲအပြီးတွင် မြဝတီမြို့နယ်အတွင်းရှိ ဝါးတော၊ ဟေမာန်ဦးကျောင်း၊ ဓမ္မရန်အောင်ကျောင်း၊ အဓိဋ္ဌာန် အောင်ဘုရားနှင့် မြဝတီမြို့တောင်ဘက်ရှိ ၉၉၉ ဒီကေဘီအေဂိတ်အသစ်တွင် ရက်ခြား၍ နေ့စဉ်ကျင်း ပ လျက်ရှိသည်။

အာဝါဒေးပွဲ တပွဲလျှင် လောင်းကစားဝိုင်း (၅၀) ခန့်ရှိပြီး တဝိုင်းလျှင် အနည်းဆုံး သုံးသောင်းမှငါးသောင်းအထိ ဒီကေဘီအေသို့ အကောက်ပေးရသည်။ ရရှိသည့်အကောက်ငွေများကို ဒီကေဘီအေအဖွဲ့က အဖွဲ့ရန်ပုံငွေ အဖြစ် အသုံးပြုသည်ဟု ပြောသည်။

အာဝါဒေးပွဲတွင် သေဆုံးသူနှင့်ပတ်သက်၍ ခရိုင်အာဏာပိုင်များက တစုံတရာအရေးယူခြင်းမရှိဘဲ “ဒီကိစ္စ ဒီကေဘီအေက သူ့ဖာသာသူ ရှင်းလိမ့်မယ်" ဟု ပြောကြောင်း မြဝတီမြို့ခံတဦးက ပြောသည်။ အာဝါဒေးပွဲ ကြောင့် မြဝတီခရိုင်အတွင်း ခိုးဆိုးလုယက်မှု များပြားလာကာ လူငယ်အများစု လေလွင့်ပျက်စီးမှုနှုန်း ပိုများလာ သည်ဟု လည်း ဆက်ပြောသည်။

ရိုးမ၃ ကူးယူဖော်ပြပါသည်။

0 comments:

 

Design in CSS by TemplateWorld and sponsored by SmashingMagazine
Blogger Template created by Deluxe Templates