၂ဝ၁ဝ ရွေးကောက်ပွဲတွင် ဝင်ကစားသင့်မသင့် ဆိုတာနဲ့ပတ်သက်ပြီး မြန်မာအရေးသုံးသပ်သူ ဦးအောင်သူငြိမ်းနှင့် ရဲဘော်ဖိုးသံချောင်းတို့ကို ဗွီအိုအေမှ ဆက်သွယ်မေးမြ

";})();ButtonMouseDown(this);'>clapclap";})();ButtonMouseDown(this);'>pika14
";})();ButtonMouseDown(this);'>
ရက်စွဲ။ ၁၉။၃။၂ဝဝ၉
";})();ButtonMouseDown(this);'>
ဗွီအိုအေ၊ ၊ စစ်အစိုးရက ကျင်းပဖို့စိုင်းပြင်းနေတဲ့ ၂ဝ၁ဝ";})();ButtonMouseDown(this);'> ရွေးကောက်ပွဲဟာ တိုင်းပြည်တွက် အကျိုးထက် အဆိုးကိုသာ ဖြစ်စေနိုင်တယ်လို့ယူဆပြီးလုံးဝပြစ်ပယ်သင့်ပါသလား၊ ဒါမှမဟုတ် ဒါဟာအခွင့်အရေး တစ်ရပ် ဖြစ် ယူဆပြီးဝင်ကစားသင့်ပါသလား လို့ဆိုတာနဲ့ပတ်သက်ပြီး မြန်မာ့အရေးသုံးသပ်သူ ဦးအောင်သူငြိမ်းနဲ့ (ဗကပ)ပြောခွင့်ရ ရဲဘော်ဖိုးသံချောင်းနဲ ဦးကျော်စံသာက ဆက်သွယ်မေးမြန်းတဲ့အခါမှာ ဦးအောင်သူငြိမ်း ကစပြီး ဆွေးနွေးတင်ပြထားပါတယ်၊

ဦးအောင်သူငြိမ်း၊ ၊ဒီနေရောမှာ ကျနော်ပထမဦးဆုံးဆွေးနွေးချင်တာကတော့ ဒီရွေကောက်ပွဲနဲ့ ပတ်သက် လို့ ကျနော်က အကောင်းမြင်တယ်ဆိုတဲ့ ဟာမျိုးဆိုလို့ရှိရင် တစ်ဖက်ဟိုမှားနိုင်တာမျိုးလည်း ရှိနိုင်တယ်၊ ကျနော်မြင်တာကတော့ အခုရွေး ကောက်ပွဲဟာ ဘာပဲဖြစ်ဖြစ် မလွဲမသွေ (၂ဝ၁ဝ)မှာ စစ်အစိုးရက ဒီအတိုင်း ကျင်းပတော့မယ့် ပုံစံဖြစ်ပါတယ်၊ ဒီရွေးကောက်ပွဲ ပြီးတဲ့အခါမှာလည်း ပြီးခဲ့တဲ့ (၂ဝဝ၈)ခုနှစ် ကျင်းပတဲ့ ဒီဆနခြံယူပွဲအတိုင်းပဲ ဖွဲ့စည်းပုံကို အတင်းအကျပ်အတည်ပြုသွားသလို ဒီလိုမျိုးလုပ်သွား နိုင်တဲ့အနေအ ထားလည်း အများကြီးတွေ့ရပါတယ်၊ ဒါပေမယ့် ကျနော်သုံးသပ်တာကတော့ ကျနော်တို့ဒီမိုက ရေစီထပ် လှုပ်ရှားမယ်ဆိုတာက ရေရှည်ဖြတ်သန်းရမယ့် ခရီးပုံစံမျိုး ကျနော်မြင်ပါတယ်၊ အဲ့တော့ (၂ဝ၁ဝ) ရွေး ကောက်ပွဲဆိုတာကလည်း ဒီရေရှည်ခရီးရှည်ခရီးထဲမှာ အဆင့်တခုပဲလို့ ကျနော်မြင်ပါတယ်၊ အဲတော့ ဘာပဲ ဖြစ်ဖြစ် ကျနော်တို့ ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ ဒီရွေးကောက်ပွဲတဆင့်မှာတော့ ကျနော်တို့က ထပ်ပြီးလှုပ်ရှားရဦးမယ့်အနေအထားမျိုး ကျနော်မြင်လို့ ပြော တာဖြစ်ပါတယ်၊

ဗွီအိုအေ၊ ၊ဆိုတော့ဒီရွေးကောက်ပွဲအဆင့်မှာဝင်ပြီးတော့ လှုပ်ရှားကြမယ်ဆိုတာ ဘယ်လိုပုံစံမျိုးနဲ့ လှုပ်ရှားနိုင်တဲ့အခွင့် အလမ်းမြင်မိပါသလဲ၊

ဦးအောင်သူငြိမ်း ၊ ၊အခုအနေအထားမှာတော့ ကျနော်က တိုင်းပြည်ပြင်ပမှာရှိနေတဲ့အတွက်ကြောင့် ဝင်အရွေးခံဖို့ဆို တာလည်း လုံးဝအကြောင်းမရှိပါဘူး၊ နောက်တစ်ခုက ဒီလိုဝင်အရွေးခံမယ်ဆိုတာမျိုးလည်း ဒါလုံးဝမဖြစ်နိုင်တဲ့ အခြေအနေပါ၊ ဒါပေမယ့်လည်း ကျနော်တို့ တိုင်းပြည်ထဲမှာ တချို့ အင်အားစုတွေ သို့မဟုတ်ရင် ရပ်ရွာထဲမှာရှိတဲ့ခေါင်းဆောင်တွေ တချို့က ဝင်ပြီးတော့ ယှဉ်ပြိုင်ချင်တယ်၊ တချို့နိုင်ငံရေး ပါတီတွေက စစ်အစိုးရနဲ့ မနီးစပ်တဲ့အုပ်စုတွေထဲကနေပြီးတော့ စုထုံစပြီးတော့ ထူထောင်ပြီး တော့ယှဉ်ပြိုင် မယ်ဆိုလိုရှိရင်လည်း ကျနော်တို့တတ်နိုင်တဲ့ဘက်က ပံ့ပိုးပေးတဲ့ အနေအထားမျိုးပဲ ဖြစ်နိုင်ပါလိမ့် မယ်၊

ဗွီအိုအေ၊ ၊ ဒီရွေးကောက်ပွဲကို ဆန့်ကျင်မယ်။ သပိတ်မှောက်မယ်ဆိုတဲ့အယူအဆမျိုးတော့မရှိဘူးပေါ့၊

ဦးအောင်သူငြိမ်း ၊ ၊ဒီလိုရွေးကောက်ပွဲကို ဆန့်  ကျင်မယ်ဆိုတာကတော့ ကျနော်ထင်တယ် ကျနော်တို့  နိုင်ငံပြင်ပမှာ ရှိနေတဲ့ အတိုက်အခံအင်အားစု အတော်များများက ပြောနေကြပါတယ်၊ အဲ့ဒီတော့ ကျနော်မြင် တာကတော့ ဆန့်ကျင်တဲ့သူတွေလည်း ရှိကောင်းရှိနိုင်ပါတယ်၊ ဒါပေမယ့် ကျနော်တို့ဆန့်ကျင်တဲ့ကိစဏက ဘယ်လောက်အထိအကျိုးသက်ရောက်မလဲဆိုတာ ကျနော့်အနေနဲ့ တွက်ထားလိုက်ရှိရင် ပြီးခဲ့တဲ့ဆနခြံယူပွဲ တုန်းကလိုပဲ ကျနော်တို့ရဲ့ဆန့်ကျင်မထဟာလည်း သိပ်ပြီးအကျိုးသက်ရောက်နိုင်မယ်လို့ ကျနော်မမြင် ပါဘူးခင်ဗျာ၊


ဗွီအိုအေ၊ ၊ ဟုတ်ကဲ့ ရဲဘော်ဖိုးသံချောင်းအနေနဲ့ ဘယ်လိုမြင်ပါသလဲ ဒီရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ အခွင့်အလမ်း တစ်ရပ်အနေနဲ့ ဝင်ပြီးတော့ ဒီဟာကို အသုံးချမှာလား သိုနည်းမဟုတ် ဒါ ၊

ရဲဘော်ဖိုးသံချောင်း၊ ၊ ပထမအခြေခံ သဘောမျိုးပြောထားချင်တာတခုက ဒီရွေးကောက်ပွဲမှာ ဝင်ပြိုင်တဲ့လူတိုင်းဟာ အချောင် သမားဆိုတာမျိုးကျနော် မပြောပါဘူး၊ ကိုယ်စီကိုယ်စီ စဉ်းစားချက်တွေနဲ့ ဝင်ကြတာဖြစ်ပါတယ်၊ တချို့ကလည်း နအဖအကုန်လုံး လက်ဝဲကြီးအုပ်မှာဆိုးလို့ ဝင်နေတယ်ဆိုတဲ့ဟာမျိုး ရှိပါလိမ့်မယ်၊ အဲသလိုစဉ်းစားပြီးဝင်တဲ့လူမျိုးဆိုရင် ကျနော်တို့က မဆန့်ကျင် သင့်ပါဘူး၊ ဒါပေမယ့် ဒီရွေးကောက်ပွဲဟာ တခုလုံးနဲ့သဘောမျိုးနဲ့ပြောရမယ်ဆိုလိုရှိရင် ပြီးခဲ့တဲ့ နှစ်ကသူတို့လုပ်ခဲ့တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အတည်ပြုဖို့ ပိုပြီးတော့ တရားဝင်သွားအောင်လုပ်ဖို့အတွက် ပြင်ဆင်ထားတဲ့ရွေးကောက်ပွဲ ဖြစ်ပါတယ်၊ ဒီဖွဲ့ စည်းပုံသာ မြန်မာပြည်မှာအတည်ပြုသွားလို့ရှိရင် ဗမာပြည်ဟာ နောက်နှစ်ပေါင်းများစွာ ဒီစစ်အာဏာရှင်တွေက သဏာန် တစ်မျိုး အုပ်ချုပ်တဲ့အောက်မှာ ဆက်ခံနေရမှာဖြစ်ပါတယ်၊ အဲ့ဒါကြောင့်မို့ ရွေးကောက်ပွဲအပါအဝင် ဖွဲ့စည်းပုံနဲ့ ပတ်သက်တဲ့ လှုပ်ရှားမထမှန်သမျှကို ကျနော်တို့က ဆန့်ကျင်ပြောဆို နေကြတာဖြစ်ပါတယ်၊ အဲ့တော့ ဖြစ်လာနိုင်တာက ဘာဖြစ်လာနိုင်တယ်ဆိုတော့ ရွေးကောက်ပွဲဆိုတဲ့ ကိစ္စလေးအသံလေးထွက်လာတာနဲ့ပဲ တကယ့်ကျတော့ ရွေးကောက်ပွဲဥပဒေ ပေါ်မလာသေးဘူး၊ တခြားလဲဘာမှခိုင်ခိုင်မာမာ လက်ဆုပ်လက်ကိုင် ကျနော်တို့ မသိကြသေးဘူး၊ အဲလိုအခြေအနေမျိုးမှာကိုပဲ ဗမာပြည်ထဲမှာ အတော်ကို လှုပ်လှုပ်ရွရွဖြစ်လာကြတယ်၊ ရွေးကောက်ပွဲကို ဘယ်လိုပါဝင်ကြမလဲ ဆိုတာအတွက် ညီလာခံသဘောမျိုး လုပ်ကြတာတွေ ဘာတွေ ဒါတွေကို အကုန်လုံးနအဖ ခွင့်ပြုထားတယ်၊ နအဖခွင့်ပြုထားတယ်ဆိုကတည်းက ကျနော်တို့အများဒကီး စဉ်းစားစရာကောင်းတယ်၊

ဗွီအိုအေ၊ ၊ ဟုတ်ကဲ့နောက်ပြီးတော့ ရဲဘော်ဖိုးသံချောင်းခင်ဗျာ တိုင်းပြည်မှာ နိုင်ငံရေးကိုလုံးဝခွင့်မပြုထား တာကနေပြီးတော့ နည်းနည်းပါးပါးခွင့်ပြုလာတယ်၊ ခွင့်ပြုတဲ့ လူတွေကလည်း။ လှုပ်ရှားမယ့်လူတွေကလည်း စစ်အစိုးရအလိုကျ လိုက်လုပ်မယ်လူတွေ ချင်းမဟုတ်ဘူးဆိုတာ ဒါဟာ တဖက်သက်အခြေအနေ လို့သုံးသပ် လို့မရပါဘူး၊

ရဲဘော်ဖိုးသံချောင်း၊ ၊ အဲလိုသုံးသပ်လို့မရပါဘူး ဒီဟာ သိပ်ပြီး ဒကာနောက်ပါသွားတယ်ထင်တယ်။ အနှစ်သာရဟာ ဒီစစ်အာဏာရှင်စနစ်ကို အခုအတိုင်းဆက်သွားလို့မရဘူး စစ်အာဏာရှင်စနစ်ဟာ အဲ့လိုအခါမှာ ပိုပြီးတော့ ချောင်ချောင်ချိချိလေး လှုပ်နိုင်ရှားနိုင်မယ့် ပိုပြီး သူတို့ရဲ့တာရှည်တည်မြဲမူကို အာမှခံချက်ရှိစေမယ့်နည်းနာ ဖန်တီးတာဖြစ်ပါတယ်၊ ကျနော် အဲ့လိုမျိုးလုပ်ဖို့လိုတယ်၊

ဗွီအိုအေ၊ ၊ ဟုတ်ကဲ့စစ်အာဏာရှင်တွေ ယွင်းသာလွန်းသာဖြစ်အောင် သူတို့အခြေအနေနဲ့ ဖန်တီးခြင်းသာ ဖြစ်တယ်၊

ရဲဘော်ဖိုးသံချောင်း၊ ၊ ဟုတ်ပါတယ်ခင်ဗျာ။ အဲ့လိုချည်းကပ်ခြင်းမျိုး ကျနော်ထင်တယ်၊ အဲ့တော့အခု ဘာတွေ့လာတာလဲဆိုတော့ ဒီရွေးကောက်ပွဲ စစ်အာဏာရှင်တခုလုံးပဲပြောပြော သူတို့ဘေးမှာ ဝန်းရံနေတဲ့ အင်အားစုတွေ။ ကြံ့ဖွံ့အပါအဝင်အားလုံး ဒါတွေအားလုံးဟာ ကိုယ်ကျိုးစီးပွားတွေပေါ်မှာ တည်ဆောက်ထား တာပါ၊ တိုင်းပြည်ရဲ့စီးပွား ဒါမှမဟုတ်ရင် အယူအဆတစ်ရပ်အပေါ်မှာ ဟို တခုခု အပေါ်မှာ တည်ဆောက် ထားတဲ့ ညီညွတ်မထမဟုတ်ပါဘူး၊ စစ်အုပ်စုထဲမှာလည်းဖြစ်မယ်။ သူလူ ကိုယ့်လူ။ စစ်အုပ်စုထိပ်ပိုင်းမှာ မဖြစ်တောင်မှ တချို့အောက်ခြေ တွေထဲမှာ တချို့ ဘယ်သူကျတော့ တပ်ထဲထားတယ်။ ဘယ်သူကျတော့ တပ်ပြင်ထုတ်လိုက်တယ်၊ ဘယ်သူ့ကျတော့ အမတ်ရွေးခိုင်းတယ်။ ဘယ်သူကျတော့ ဝန်ကြီးလုပ်ခိုင်းတယ် ဆိုတာမျိုး ဖြစ်လာမှာပါ၊ အဲ့လိုပဲ သူတို့ရဲ့ ကြံ့ဖွံ့လိုဟာတွေ ငါတို့ကို အသေခံခိုင်းစရာ။ လူမုန်းခံခိုင်းစရာ ရှိတဲ့အခါကျတော့ ခိုင်းတယ် အခုလိုနေရာမျိုးကျတော့ မပေးဘူး၊ အဲ့ဒါမျိုးတွေ ဖြစ်လာမှာပါ၊

ဗွီအိုအေ၊ ၊ အဲလိုဆိုတော့လည်း သူစရိတ်နဲ့သူသွားမယ့်ပွဲပေါ့ဗျာ၊

ရဲဘော်ဖိုးသံချောင်း၊ ၊ ဟုတ်ကဲ့အများကြီးအသစ်တွေ အဆန်းတွေထူးထူးခြားခြားဖြစ်လာနိုင်တဲ့ ကိစ္စလို့ ထင်ပါတယ်၊

ဗွီအိုအေ၊ ၊ အဲ့လိုဆိုတော့ ကိုအောင်သူငြိမ်းက တချို့ဒီရွေးကောက်ပွဲဝင်ကြမယ်ဆိုရင် ကိုအောင်သူငြိမ်းတို့ ကိုယ်တိုင်တော့ ဝင်မှာမဟုတ်ဘူး၊ ဒါပေမယ့် အဲ့ဒီလူကို ပံ့ပိုးပေးချင်တယ်ဆိုတဲ့ ဟာကိုပြောပါတယ်။ ဘယ်လိုသဘောမျိုးနဲ့ ပံ့ပိုပေးချင်ပါသလဲခင်ဗျာ၊

ကိုအောင်သူငြိမ်း၊ ၊ လာမယ့်အထက်လွတ်တော်ဖြစ်စေ။ အောက်လွတ်တော်ဖြစ်စေ ဒါတွေက တစ်နှစ်တခါ လာပြီးတော့ တံဆိပ်တုံးထုခိုင်းတဲ့သဘောမျိုးလောက် အနေအထားပဲရှိပါသေးတယ်၊ ဆိုတော့ အဲ့ဒီအနေအ ထားမှာ ဒါပေမယ့် ဖွဲ့စည်းပုံမှာ ပြဌာန်းထားတဲ့တစ်ချက်က အမတ် နှစ်ဆယ့်ငါး ရာခိုင်နှုန်းက လွတ်တော်ခေါ် ခိုင်းမယ်ဆိုရင် လွတ်တော်ခေါ်ပေးရမယ် ဆိုတာမျိုးပေါ့ လေ အဲ့တော့တချိုတွေကလည်း ဒီလွတ်တော်ကို လွတ်တော်ပီသအောင်လုပ်ဖို့ အနည်းဆုံးကတော့ ဒီလိုတံဆိတ်တုံးထုတဲ့ လွတ်တော်မျိုးမဟုတ် ပဲနဲ့ ပိုပြီးတော့ပြောရေးဆိုခွင့်ရှိလာမျိုးတဲ့အထိ လုပ်မယ်ဆိုတဲ့ စဉ်းစားချက်တွေလည်းရှိကြပါတယ်၊ ဆိုတော့ အဲ့လိုဟာမျိုး ကိစ္စမျိုးတွေမှာဆိုလိုရှိရင် ကျနော်တို့ကူညီနိုင်တာ ဆိုတာကလည်း ကျနော်တို့ တိုင်းပြည်ကို ဘယ်လိုပြုပြင်သင့်သလဲ မူဝါဒမျိုးနဲ့ပတ်သက်လို့ အကြံပေးနိုင်တာတွေရှိပါတယ်၊ နောက်တစ်ခုကတော့ ပါလီမန်စစ်စစ်တရပ်ကဘယ်လိုမျိုး လှည်ပတ်သလဲ၊ စသည်ဖြင့် ဒီလိုကိစ္စမျိုးတွေဆိုရင် ကျနော်တို့ဆွေးနွေး အကြံပေးနိုင်တဲ့ အနေအထားလောက်ပဲ ရှိတယ်ထင်တယ်၊

ဗွီအိုအေ၊ ၊ ဟုတ်ကဲ့ရဲဘော်ဖိုးသံချောင်းခင်ဗျာ၊ ဥပမာအားဖြင့် မြန်မာနိုင်ငံလိုပဲပေါ့။ အင်ဒိုနီးရှားကိုပဲ နမူနာယူကြပါစို။ တချိန်တုန်းက အင်ဒိုနီးရှားမှာလည်းပဲ စစ်ဗိုလ်တွေတွဲဖက်ပြီးတော့ ကြီးစိုးထားတဲ့ပါလီမန် စနစ်တခေတ်ကို ဖြတ်သန်းပြီးတဲ့အခါမှာမှ အခုဒီမိုကရေစီ လမ်းကြောင်းကို တော်တော်လေး မှန်မှန်ရောက် နေပြီးလို ဆိုကောင်းဆိုနိုင်မယ့် အနေအထားပေါ့ဗျာ။ အင်ဒိုနီးရှားမှာလည်၊ ဆိုတော့ မြန်မာနိုင်ငံမှာလည်းပဲ သည်ငှာ သမိုင်းလိုအပ်ချက်တခေတ်ကိုတော့ ဖြတ်သန်းရမယ်လို့မထင်ဘူး လားခင်ဗျာ၊ တခါတည်း လိုချင်တဲ့ ဒီမိုကရေစီစစ်စစ်ကြီးကို အာဏာရှင်စနစ်အောက် တန်းရောက်သွားမယ်လို့ ထင်ပါသလား ခင်ဗျာ၊

ရဲဘော်ဖိုးသံချောင်း၊ ၊ အဲ့ဒီဟာကတော့ အတိအကျဗေဒင်ပြောသလို နိုင်ငံရေးမှာ အဲ့သလိုဗေဒင်ပြောတာ နည်းနည်း တော့ခက်ပါတယ်၊ အမျိုးမျိုး ဖြစ်နိုင်ပါတယ်၊ ဒါပေမယ့် ဗမာပြည်နိုင်ငံရေးအနေအထားနဲ့ အင်ဒိုနီး ရှားနိုင်ငံရေးအနေအထား မတူတာတွေလည်းရှိပါတယ်၊ အဲဒါ ဘာလဲဆိုရင် ဗမာပြည်ပြည်သူလူထုဟာ အခုထက်ထိတိုက်ပွဲဝင်နေတယ်။ ဆန့်ကျင်နေတယ်။ လမ်းပေါ်ထွက်ပြီးဆန္ဒမပြပေမယ့် ပြည်သူလူထုရဲ့ ရင်ထဲမှာ အမြဲတမ်းမခံမရပ်နိုင်အောင် နာကျည်းမုန်းတီးနေတာ၊ အဲ့ဒါကြီးက ရှိနေတယ်၊ အင်ဒိုနီးရှားမှာက ကျနော် အသေအချာ သူ့လူထုရှိတယ်ဆိုတာ မပြောနိုင်ပါဘူး၊ ဒါပေမယ့် အင်ဒိုနီးရှားနဲ့ ဗမာပြည်နဲ့မတူတဲ့ နောက်ထပ် အချက်တစ်ချက်က ဘာလဲဆိုရင် အင်ဒိုနီးရှားနိုင်ငံရဲ့စီးပွားရေးဟာ အနောက်နိုင်ငံတွေနဲ့ အဆက်အသွယ် များတယ်၊ ဆိုလိုတာက အနောက် နိုင်ငံတွေက သူတို့အပေါ်မှာ သြဇာညောင်းလို့ရယ်၊ ဗမာပြည်က အဲလိုမဟုတ်ဘူး၊ ဗမာပြည်က ဘယ်နိုင်ငံမှ သြဇာညောင်းလို့မရအောင် စစ်အစိုးရ တမင်လုပ် ထားတာ၊ အနောက်နိုင်ငံတွေလည်း သြဇာညောင်းလို့မရဘူး။ တရုတ်တွေကလည်း သြဇာညောင်းလို့မရဘူး၊ သူတို့ဘာသူတို သီးခြားရပ်တည်လို့ရအောင် လုပ်ထားတာ၊ မွဲရင်မွဲပါစေ အဲလိုအနေအထားမျိုး သူတို့ရ အောင် လုပ်ထားတာဖြစ်တယ်၊

ဗွီအိုအေ၊ ၊ ဟုတ်ကဲ့ရွေးကောက်ပွဲဝင်မယ်လို့ပြောနေတဲ့ အထဲက ပုဂ္ဂိုလ်တဦးဦးကို ကျနော်က အလုပ်သဘောမေးကြည့်တော့ သူကဘာပြောသလဲဆိုတော့ မြန်မာပြည်သူတွေ သိပ်ဆင်းရဲနေပါတယ်တဲ့၊ စီးပွားရေးအားဖြင့် ပိုပြီးပွင့်လင်းလာစေချင်တဲ့ ရည်ရွယ်ချက်တခုတည်းနဲ့ ရွေးကောက်ပွဲဝင်မယ်ဆိုရင် သူဝယ်မယ်လို့သူကပြောပါတယ်။ အဲဒီရည်ရွယ်ချက်နဲ့ ကြိုးစားခြင်းသာ ဖြစ်ပါတယ်ဆိုပြီးတော့ ပြောပါတယ်၊ ကိုအောင်သူငြိမ်းကကော အလားအလာမြင်ပါသလား၊ အကယ်လို့ဒီရွေးကောက်ပွဲပြီးခဲ့ရင် တိုင်းပြည်စီးပွား ရေးအားဖြင့်တော့ ရုပ်ဆိုးအဆိုး ပိုပြီးတော့ အနောက်နိုင်ငံကလွမ်းမိုးလာနိုင်တယ်ပဲ ထားပါတော့လားခင်ဗျာ၊ နိုင်ငံခြားရင်းနှီးမြုပ်နှံမထတွေ ဖြစ်လာနိုင်တယ်၊ ဆိုတော့ စီးပွားရေးသြဇာကို နည်းနည်းလိုက်နာရမယ့် သဘောမျိုးရှိတယ်လို့ မြင်မိပါသလားခင်ဗျာ၊

ကိုအောင်သူငြိမ်း၊ ၊ အဲလို့ပြောမယ်ဆိုရင် စောသေးပါတယ်ခင်ဗျာ၊ ဘာဖြစ်လို့လဲဆိုတော့ အခုလက်ရှိ အစိုးရအနေ အထားရော နောက်တစ်ခုက ပျော့ပြောင်းလာမယ့်အနေအထား။ ပွင့်လင်းလာမယ်အနေအထား ပြထားတဲ့ လက်လျောမှုဘာမှတော့ မရှိသေးပါဘူး၊ ဆိုတော့ ဒါပေမယ့်လည်း ကျနော်တို့ ပြောင်းသွားနိုင်တဲ့ အနေအထားက ဒီမိုကရေစီတော့မဟုတ်ဘူး။ ဒါပေမယ့် ဒီစစ်တပ်လုံးဝအုပ်ချုပ်တဲ့ စနစ်က နည်းနည်းဖြေ လျော့တဲ့ အနေအထားတခုခုတော့ ရောက်သွားနိုင်တဲ့အနေအထားတခုတော့ ရှိတယ်ထင်ပါတယ်၊ ဆိုတော့ ဒီလိုအနေအထားကပဲ နောက်ထပ်အနေအထား မူဝါဒအသစ်တွေ အပြောင်းအလဲလည်း ဖြစ်ကောင်းဖြစ်နိုင် ပါတယ်၊

ဗွီအိုအေ၊ ၊ စစ်အစိုးရက အပြည့်အဝနဲ့အုပ်ချုပ်နေတာနဲ့စာရင် နည်းနည်းလေးတော့သက်သာသွားမယ် သက်သာသွားခွင့်ရ မယ်ပေါ့လေ စစ်အာဏာရှင်စနစ်အပြည့်အဝ အုပ်ချုပ်နေတာနဲ့စာရင် ဆိုတဲ့အယူအဆ ပေါ့။ ရဲဘော်ဖိုးသံချောင်း ဘာများပြန်ပြော ချင်ပါသလဲ၊

ရဲဘော်ဖိုးသံချောင်း၊ ၊အဲ့ဒါမျိုးကတော့ မရပါဘူး။ လူနာရောဂါကုရင်လိုဏ္ဍရှိရင် ခေါင်းကိုက်ကလေးသက် သာသွားတာ နည်းသလား ဆိုတာမျိုး အဲလောက်နဲ့  ကျေနပ်လို့မရဘူးဗျာ၊ ရောဂါပျောက်မှရတာ နောက်မ ဟုတ်ရင် လူကသေမှာ၊ လူမမာက အဲ့တော့ သေမယ့် ပြဿနာကို မဖြေရှင်းပဲနဲ့ခေါင်းကိုက်သက်သာ ဆေး လေးလောက်နဲ့  ညာထားလို့ရှိရင် ဒါဟာညာနည်းတစ်မျိုးဖြစ် သွားလိမ့်မယ်၊

ဗွီအိုအေ၊ ၊ သောတရှင်များခင်ဗျာ ရွေးကောက်ပွဲလုပ်မယ်ဆိုတာ မြန်မစစ်အာဏာပိုင်တွေက တခါလားပဲ ပြောရပါသေးတယ်၊ နှုတ်ခမ်းနာနဲ့တည်ပါမလားလို့ဆိုသူတွေက ဆိုကြပါလိမ့်မယ်၊ ဒါပေမယ့်ဆန္ဒ ခြံယူပွဲလုပ် ခဲ့တဲ့ နမူနာကို ကြည့်မယ်ဆိုရင် မြန်မာစစ်အာဏာပိုင်တွေဟာ ရွေးကောက်ပွဲကိုလည်း ရုတ်ချည်းထားပြီး မလုပ်နိုင်စရာအကြောင်းလုံးဝမရှိပါဘူး၊ ဒါကြောင့် ပြည်သူလူထုအနေနဲ့သိသင့်တာကိုသိ။ ပြင်သင့်တာကို ပြင်ထားနိုင်ကြမယ်ဆိုရင် အကောင်းဆုံးဖြစ်ပါလိမ့်မယ်။


clapclapclapclapclapclapclapclappika14

0 comments:

 

Design in CSS by TemplateWorld and sponsored by SmashingMagazine
Blogger Template created by Deluxe Templates