ဒီကေဘီအေကားတိုက်ခိုက်ခံရသဖြင့်လူ()ဦးသေဆုံး
NEJ/
၁၈ဒီဇင်ဘာ၂၀၀၇

ယနေ့နံနက် ()နာရီတွင် ကော့ကရိတ်မှ မြ၀တီမြို့သို့ ထွက်ခွာလာသည့် ယာဉ်တန်းတွင်ပါဝင်သည့် တိုးတက်သော ဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ)ကား တစီးအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ကေအန် အယ်လ်အေ)တပ်ရင်း (၁၈)က အောက်ဘိုတဲနှင့် အလယ်ဘိုတဲကြားတွင် ကြားဖြတ်တိုက်ခိုက်ရာ ယာဉ်ပေါ်လိုက်ပါလာသည့် ဒီကေဘီအေ တပ်ဖွဲ့ဝင်တဦးနှင့် မီးသတ်တပ်ဖွဲ့ဝင်တဦး သေဆုံးသွား သည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ ()မှ ဗိုလ်မှူးတဦးက ယခု တိုက်ခိုက်မှုအား အတည်ပြုပြီး အသေးစိတ် အစီရင်ခံစာ မရောက်ရှိသေးကြောင်း ပြော ကြားသည်။

ကော့ကရိတ်မြို့မှ မျက်မြင်ကုန်သည်တဦးက ဒီမနက် () နာရီခွဲလောက်မှာ ဖြစ်တယ်။ ဒီကေဘီအေ() ဦးနဲ့ မီးသတ်တပ်ဖွဲ့ဝင် () ဦးသေသွားတယ်။ ပျက်စီးသွားတဲ့ကားနဲ့ အလောင်း () လောင်းကိုတော့ ကော့ကရိတ် ပြန်သယ်သွားပြီဟု ခေတ်ပြိုင်သို့ ပြောသည်။

ယခုတိုက်ခိုက်မှုနှင့်ပတ်သက်၍ အခြားအရပ်သတင်းတခုတွင် ဒီကေဘီအေ တပ်ဖွဲ့ဝင် () ဦးနှင့် အရပ်သား () ဦး သေဆုံးသည်ဟု ပြောဆိုလျက်ရှိသည်။

3 comments:

Google Myanmar Services said...

ဝမ်းနည်းစရာပဲ ဒီလမ်းမှာ မဖြစ်တာ အတော်ကြာပြီး ။ အစ်ကို အမျိုးတွေ ကော့ကရိတ်မှာ နေကြတယ်လေ။
ဒီလိုမျိုးမဖြစ်ပါစေနဲ့လို့ ဆုတောင်းရမှာပဲ။ မြ၀တီကို သွားတဲ့လူတွေအတွက် ကြောက်စရာကြီးပဲ။ အစ်ကိုက အစတုန်းက မြ၀တီကို အမြဲသွားနေကျပါ။ အဲဒီလမ်းမှာ ကိုယ့်ဆိုင်ကယ်နဲ့ ကိုယ်မောင်းသွားတာ။ အရင်လိုရင် dkba ကားနဲ့လိုက်သွားတယ်။ အစစ်အဆေးသက်သာပြီး ရောက်မြန်လို့လေ။
သတင်း တင်ပေးတာ ကျေးဇူးနော်။
ကိုချစ်ဦး

Unknown said...

ကြားရတဲ့ သတင်းတွေကလည်း စိတ်မကောင်းစရာတွေပဲနော်... စီဘောက်မှာက လော့ပြနေတယ်. ရေးလို့မရလို့ ကွန်မန့်ထဲကပဲပြောသွားပါတယ်... သတင်းတွေတင်ပေးတဲ့အတွက် ကျေးဇူးပါ..
ဲပြည့်စုံ.

လင်းဦး(စိတ်ပညာ) said...

ဟိုက်.. cboxထဲ ဘယ်လိုမှဝင်လို့မရဘူးကွာ..
အခုမှ အခြေနေမှန်ကိုသိတော့တယ်... လာလာအော်နေကြ တာကိုး ..ရေးချင်တာကို ဒီကဘဲအော်လိုက်တော့မယ်...

မင်္ဂလာပါ ယုန်ကလေး.. အားလုံးအဆင်ပြေပါစေ

 

Design in CSS by TemplateWorld and sponsored by SmashingMagazine
Blogger Template created by Deluxe Templates