မွန်မြတ်လှတဲ့မိခင်

အာဇာနည်သားတွေကို မွေးထုတ်ပေးခဲ့တဲ့အမေ။

သားတွေထောင်ကျလည်း

လောကကြီးကိုအံတုပြီး

ရင်ဆိုင်ဖြေရှင်းခဲ့တဲ့ အမေ။

နိုင်ငံကောင်းကျိုးလုပ်နေတဲ့သားအတွက်

ဂုဏ်ယူနေတဲ့ မြင့်မြတ်အမေ။

သားအတွက် ပူပင်နေလည်း

ရင်ထဲမှာခံစားနေရတဲ့အမေ။

သံတိုင်တွေကြားမှာ ငါ့သားလေးဘယ်လိုနေမလဲ

နေ့စဉ်လွမ်းဆွတ်

သားပြန်လာမဲ့နေ့ကို စောင့်မျှော်နေတဲ့အမေ။

ရောဂါဝေဒနာခံစားရလည်း သားအတွက်ဆိုပြီး

ကိုယ့်ရောဂါကို ကြိတ်မှိတ်ခံစားပြီး သားကိုစောင့်နေတဲ့အမေ

အမေ့ရဲ့မေတ္တာ ကြီးမားလှပါတယ်အမေ။

အမေရယ် အခုဆိုအမေ့ ရင်ခွင်မှာ

သားနားခိုလို့ မရတော့ဘူးနော်။

ဘယ်တော့မှပြန်မရနိုင်တဲ့ အမေ့ရဲ့နောက်ဆုံးခရီးကို

သားရောက်မလာနိုင်ခဲ့ဘူး။

အမေရယ်…သားနဲ့ အမေ့ကို

သံတိုင်တွေက ခြားထားတယ် အမေရယ်။

သားကို ၀မ်းနဲ့လွယ်မွေးပြီး

လောကထဲကို ခေါ်လာခဲ့တဲ့အမေရယ်

အမေပြန်ချိန်တောင် သားပို့ဆောင်ခွင့်မရခဲ့ပါလားအမေရယ်။

အမေ ကောင်းရာသုဂတိ လားပါစေ

တင်မိုးလွင်

0 comments:

 

Design in CSS by TemplateWorld and sponsored by SmashingMagazine
Blogger Template created by Deluxe Templates