နအဖ၏ထိုးစစ်ကို ပြောက်ကျားစနစ်ဖြင့် ကေအန်ယူ တွန်းလှန်သွားမည်
NEJ/
၂၂ ဒီဇင်ဘာ ၂၀၀၇
line

ကေအန်ယူ ဒေသများအတွင်း နအဖနှင့် ဒီကေဘီအေပူးတွဲပြီး ထိုးစစ်ဆင်နေမှုများအား ခုခံတိုက်ဖျက်သွားကာ ပြည်တွင်းပြည်ပ နှစ်ရပ် စလုံးနှင့်ပူးပေါင်း၍ တွေ့ဆုံဆွေးနွေးရေး တံခါးပွင့်လာစေရန် ကြိုးစားသွားမည်ဟု ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ)၏ တတိ ယအကြိမ် ဗဟိုကော်မတီအစည်းအဝေးမှ ဆုံးဖြတ်ချက်ချမှတ်လိုက်သည်။

ယမန်နေ့က ပြီးဆုံးသွားသည့် ဗဟိုကော်မတီအစည်းအဝေးအား ကေအန်ယူအခြေခံဒေသ တနေရာတွင် ယခုလ (၁၇) ရက်မှ စတင်ပြုလုပ်ခဲ့ပြီး KNU ခေါင်းဆောင်များ၊ တပ်မဟာအသီးသီး မှတပ်မဟာမှူးများ၊ ခရိုင်ဥက္ကဌများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ စုံညီစွာတက်ရောက်ကြသည်။

ကေအန်ယူအထွေထွေအတွင်းရေးမှူး ပဒိုမန်းရှာလားဖန်းက လက်ရှိနိုင်ငံရေးအခြေအနေကို ပြန်သုံးသပ်တဲ့အခါမှာ ကျနော်တို့ပြည်သူ တွေ၊ ရဲဘော်တွေဟာ စိတ်ဓာတ်မကျသွားဘူး။ နအဖရဲ့ထိုးစစ်တွေကို ဆက်ပြီးတော့ တိုက်ပွဲဝင်မယ်။ ကျနော်တို့ အနေနဲ့ ပြည်တွင်းမှာရှိ တဲ့ တိုင်းသားလူမျိုးစုတွေ၊ ပြည်သူတွေ၊ ကျန်တဲ့နိုင်ငံရေးပါတီအဖွဲ့အစည်းတွေနဲ့လက်တွဲပြီး ကြိုးပမ်းသွားမယ်လို့ ဆုံးဖြတ်ချက်ရှိပါ တယ်ဟု ပြောသည်။

နအဖစစ်အစိုးရက ဒီကေဘီအေနှင့်ပူးတွဲပြီး အာရှလမ်းမဖောက်လုပ်ရန်အတွက် ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ () နယ်မြေ အား () လနှင့် အပြုတ်တိုက်မည်ဟု ကြွေးကြော်ထားကြောင်း သိရသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO)၏ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် မန်းကျော်ဖေက ဒီနှစ်အောက်တို ဘာလကစပြီး ဒီကေဘီအေနဲ့နအဖ ပူးပေါင်းတပ်ဖွဲ့တွေဟာ တပ်မဟာ () နယ်မြေကို အပြုတ်တိုက်မယ်လို့ ကြုံးဝါးထားတယ်။ ကျနော် တို့ကိုလာတိုက်ဖို့ သူတို့အနေနဲ့ လူသူလက်နက် နယ်မြေအနေအထားကျွမ်းကျင်ဖို့ ဘယ်လိုမှမဖြစ်နိုင်ဘူး။ ကျနော်တို့ဒေသမှာ ဘယ် နေရာမှာ ဘာရှိလဲဆိုတဲ့ အားသာချက်နဲ့ ခံစစ်ရှင်ပြောက်ကျားစနစ်ကို အသုံးပြုပြီး တွန်းလှန်သွားမှာဖြစ်တယ်။ နိုင်ငံရေး ပြဿနာ တွေကို နိုင်ငံရေးနည်းနဲ့မဖြေရှင်းဘဲ အပြုတ်တိုက်ရေးလမ်းစဉ်ဆိုတာကိုပဲကိုင်စွဲပြီး ဖြေရှင်းမယ်ဆိုတဲ့နည်းကတော့ ဘယ်လိုမှမဖြစ်နိုင် ဘူးဟုပြောသည်။

အစည်းအဝေးတက်ရောက်လာသူ တပ်မဟာ () ဒေသ သထုံခရိုင်ဥက္ကဌ ပဒိုအောင်ရွှေ ကလည်း သထုံခရိုင်အတွင်း နအဖစစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို တင်ပြသည်။

၎င်းက ပြီးခဲ့တဲ့ နိုဝင်ဘာလကနေစပြီးတော့ နအဖတပ်ရင်း () ရင်း၊ ဗျူဟာ နှစ်ဗျူဟာ ကျနော် တို့ခရိုင်ထဲကိုရောက်နေပြီး ရိက္ခာသယ် ဖို့ လမ်းတွေဖောက်တယ်၊ လမ်းတွေ ပြင်တယ်။ တရွာကိုလူ (၃၀) နှုန်းနဲ့ လမ်းတွေဖောက်ခိုင်း မြေတွေသည်ခိုင်းတယ်။ ကိုယ့်စရိတ်ကိုယ် စားပြီး သွားလုပ်ပေးရတယ်။ ကြိုးဝိုင်းရွာ မြစ်ကျိုးရွာနဲ့ အဲဒီအနီးအနားကရွာတွေ အားလုံးသွားပြီးတော့ အလုပ် လုပ်ပေးရတယ်။ အခုအချိန်က စပါးရိတ်သိမ်းချိန်ဆိုတော့ ရွာသားတွေ အတော်ဒုက္ခရောက်ကြတယ်။ အတင်းအဓမ္မခိုင်းတယ်၊ စစ်တပ်က ရိက္ခာတွေ တောင်းတယ်ဟု ပြောသည်။

သထုံခရိုင်အတွင်း နိုဝင်ဘာလမှစ၍ နအဖစစ်တပ်က စစ်သုံးလမ်းများ ဖောက်လုပ်လျက်ရှိရာ ကျိုက်ကော်မှ ပိန္နဲတော၊ လေးကေ၊ ကျသောင်းဆိပ်ရွာအထိဖြစ်ပြီး တံတားထိုးရမည်ဆိုပါက လိုအပ်သည့် သစ်ဝါးများအား ဒေသခံရွာသားများက ရှာဖွေပေးနေရသည်ဟု ပဒို အောင်ရွှေက ပြောသည်။

KNU ဒေသများအတွင်း ထိုးစစ်ဆင်နေသည့် နအဖတပ်ရင်းပေါင်း (၁၈၇) ရင်း ရှိကြောင်း သိရသည်။

9 comments:

ကလိုစေးထူး said...

ယုန်ကလေးရေ.. လာလည်ပါတယ်။ အခုလောလောဆယ်တော့ နောက်ဆုံး ပို့စ်ကိုပဲဖတ်သွားပါသေးတယ်။ အချိန်ရမှ နောက်ထပ် လာခဲ့ပါအုံးမယ်။ :)စီဘောက်စ် ပိတ်ထားလို့ ဒီမှာပဲ ၀င်ပြောဖြစ်တယ်။ :)

Ulmuka said...

လာလည်တယ်နော် ယုန်ကလေး ။ စီဘောက်စ်မှာ ရေးလို့ မရလို့ ဒီမှာရေးသွားတယ်။ လင့်ခ်လဲယူသွားတယ်နော်။ အားလုံး အဆင်ပြေပါစေဗျာ။ :)

လင်းဦး(စိတ်ပညာ) said...

မင်္ဂလာပါ... အားလုံးအဆင်ပြေပါစေ ...မြေကြီးကိုနားစွင့်ခြင်း ၀တ္ထုတိုရေးထားပါတယ်.......

လင်းဦး(စိတ်ပညာ) said...

မင်္ဂလာပါ...အားလုံးအဆင်ပြေပါစေ

လင်းဦး(စိတ်ပညာ) said...

မင်္ဂလာပါ...အားလုံးအဆင်ပြေပါစေ ....
ဝတ္ထုတိုရေးထားပါတယ်...ဟာသကောရေးထားပါတယ်..
ဖိတ်ပါတယ်

Unknown said...

ယုန်လေးရေ...မှန်တာပြောတာ..ရေးတာ ပဲ များများရေး

လင်းဦး(စိတ်ပညာ) said...

မင်္ဂလာပါ အားလုံးအဆင်ပြေပါစေ

Unknown said...

မင်္ဂလာပါ နှစ်သစ်မှာပျော်ရွှင်နိုင်ပါစေ... စီဘောက်မှာ အော်လို့ရဘူး ပိတ်ထားတယ်ဟုတ်..ကြာပီ... ယုန်ကလေးကော ဘာတွေလုပ်ဖြစ်လည်း....
မဲဆောက်သားတွေ မစုံဖြစ်သေးဘူးနော်..

အိုကေ ယုန်ကလေးရေ..

Ulmuka said...

ယုန်ကလေးရေ။ စီဘောက်စ်လေး ပြန်မဖွင့်တော့ဘူးလား။ ကိုယ့် အသိစိတ်မှန်ကန်ရင် ဘယ်သူ့ကိုမှ ကြောက်စရာမလိုဘူးတဲ့။ “keep the conscious clear then never fear ” အားလုံး အဆင်ပြေပါစေနော်။ ကျွန်တော်က တော့ နှစ်သစ်မှာလဲ ဘာမှ လုပ်ဖို့တော့ စိတ်ကူးမရှိသေးဘူး။ ယုန်ကလေး ကော ဘာလုပ်မလဲ။

 

Design in CSS by TemplateWorld and sponsored by SmashingMagazine
Blogger Template created by Deluxe Templates