တနိုင်ငံလုံး၏ ဆန္ဒခံယူပွဲရလဒ် စစ်အစိုးရကြေညာထောက်ခံသူ (၉၂) ရာခိုင်နှုန်းကျော်ရှိ
NEJ/
၂၇မေ၂၀၀၈

မေလ (၁၀) ရက်နှင့် (၂၄) ရက်တို့တွင် ကျင်းပခဲ့သည့် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲများ၌ မြန်မာ နိုင်ငံတ၀န်းလုံးရှိ မဲဆန္ဒပေးသူများ၏ (၉၂) ရာခိုင်နှုန်းကျော်က ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းကို အတည်ပြုရန် ထောက်ခံခဲ့ကြ သည်ဟု စစ်အစိုးရက ထုတ်ပြန်ကြေညာသည်။

မြန်မာနိုင်ငံရှိ ဆန္ဒမဲပေးခွင့်ရှိသူ စုစုပေါင်း (၂၇,၂၈၈,၈၂၇) ဦးအနက် (၂၆,၇၇၆,၆၇၅) ဦးက မဲပေးကြပြီး (၂၄,၇၆၄,၁၂၄)ဦးက ထောက်ခံမဲပေးသဖြင့် ဖွဲ့စည်းပုံမူကြမ်းကို အတည်ပြုပေးရန် ထောက်ခံသည့် ရာခိုင်နှုန်း သည် (၉၂.၄၈) ရာခိုင်နှုန်းရှိသည်ဟု ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပရေးကော်မရှင်၏ ယမန်နေ့ ကြေညာ ချက်၌ ဖော်ပြသည်။

ကန့်ကွက်မဲပေးသူဦးရေ (,၆၃၁,၇၁၂) ဦး၊ ရာခိုင်နှုန်းအားဖြင့် (.) ရာခိုင်နှုန်းရှိပြီး ပယ်မဲ ဖြစ်သွားသူ (၃၈၀,၈၃၉) ဦး သို့မဟုတ် (. ၄၂) ရာခိုင်နှုန်းရှိကြောင်း၊ (၈၂.၇၄) ရာခိုင်နှုန်းက မဲရုံသို့ ကိုယ်တိုင်လာရောက် ဆန္ဒမဲပေးခဲ့ကြပြီး (၁၇.၂၆) ရာခိုင်နှုန်းက ကြိုတင်ဆန္ဒမဲပေးခဲ့ကြ သည်ဟု ဖော်ပြသည်။

ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကို မေ (၁၀) ရက်နေ့က မုန်တိုင်းဘေးသင့်သည့် နေရာများမှလွဲ၍ မြန်မာတနိုင်ငံလုံးရှိ မြို့နယ် (၂၇၈) မြို့နယ်၌ ကျင်းပခဲ့ပြီး မေ (၂၄) ရက်တွင် မုန်တိုင်းဒဏ် ခံရသည့် ရန်ကုန်နှင့် ဧရာဝတီတိုင်းရှိ ကျန်မြို့နယ် (၄၇) မြို့နယ်၌ ကျင်းပခဲ့သည်။

မေ (၁၀) ရက် ဆန္ဒခံယူပွဲတွင် မဲဆန္ဒရှင် (၂၂,၄၉၆,၆၆၀) ဦးအနက် (၉၂.) ရာခိုင်နှုန်းက ထောက်ခံကြောင်း မေ (၁၅) ရက်၌ စစ်အစိုးရက ကြေညာခဲ့ပြီး မေ (၂၄) ရက် ဆန္ဒခံယူပွဲတွင် မဲဆန္ဒရှင် (,၂၈၀,၀၁၅) ဦးအနက် (၉၂.၉၃) ရာခိုင်နှုန်းက ထောက်ခံကြောင်း ယမန်နေ့က ကြေညာခဲ့သည်။

မြန်မာနိုင်ငံ၌ အသက် (၁၈) နှစ်ပြည့်ပြီး ဆန္ဒမဲပေးခွင့်ရှိသူပေါင်း(၂၇,၃၆၉,၉၅၇) အပါအ၀င် လူဦးရေ (၅၇,၅၀၄,၃၆၈) ဦးရှိသည့်အနက် မုန်တိုင်းကြောင့် ဆန္ဒမဲပေးခွင့်ရှိသူ (၈၁,၁၃၀)ဦး သေဆုံး ပျောက်ဆုံးသွား သဖြင့် လူဦးရေ (၅၇,၃၇၀,၇၁၃) ဦးအနက် ဆန္ဒမဲပေးခွင့်ရှိသူပေါင်း (၂၇,၂၈၈,၈၂၇) ရှိသည်ဟု စစ်အစိုးရ ဆန္ဒခံယူပွဲ ကျင်းပရေးကော်မရှင်က ထုတ်ပြန်သည်။

နအဖစစ်အစိုးရ၏ ဖွဲ့စည်းပုံအခြေခံဥပဒေသည် စစ်တပ်အာဏာရှင်စနစ် သက်ဆိုးရှည်စေရန် ပံ့ပိုးထားသည့် ဥပဒေဖြစ်သဖြင့် ဆန့်ကျင်ကန့်ကွက်ကြောင်း၊ ဆန္ဒခံယူပွဲသည်လည်း တရားမျှတမှုမရှိသဖြင့် ဆန္ဒခံယူပွဲရလဒ် ကို အသိအမှတ်မပြုကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် အတိုက်အခံ ဒီမိုကရေစီအင်အားစုများက ထုတ်ဖော်ပြောကြားထားပြီးဖြစ်သည်။

ဆက်လက်ဖတ်ရူ့ရန်

Myanmar police detain Suu Kyi supporters

The members of Suu Kyi's National League for Democracy were marching Tuesday from the party's headquarters to her home when riot police shoved the group into a truck.

It was not immediately clear where the truck was headed or exactly how many people were detained.

Suu Kyi has been detained for more than 12 of the past 18 years, mostly under house arrest.

Security was stepped up around Suu Kyi's home as the military junta faced a deadline to decide whether extend her current period of house arrest or release her.

ဆက်လက်ဖတ်ရူ့ရန်

KNU ဥက္ကဌ စောဘသင် ကွယ်လွန်

ကရင်အမျိုးသား အစည်းအရုံး ကေအင်န်ယူ ဥက္ကဌ ပဒိုစောဘသင်စိန်သည် ယနေ့ နံနက် အစောပိုင်းက ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့တွင် ကွယ်လွန်သွားသည်။ ကွယ်လွန်ချိန်တွင် အ
သက် ၈၁ နှစ်ရှိပြီဖြစ်သည်။ စောဘသင်စိန်သည် ၂၀၀၀ ပြည့်နှစ်မှ စပြီး ကေအင်န်ယူ ဥက္ကဌအဖြစ် ရွေးချယ် တင်မြောက်ခံခဲ့ရသူဖြစ်သည်။



ပဒိုစောဘသင်စိန် နှင့် နော်သယ်လ်မာကြီး (ကရင်အမျိုးသားခေါင်းဆောင် စောဘဦးကြီး၏ သမီး)။ (ဓာတ်ပုံ မိုးမခ)



၂၀၀၂ခုနှစ်က ကေအင်န်ယူစခန်းတစ်ခုတွင် တွေ့ရသော ကရင်အမျိုးသားခေါင်းဆောင် စောဘိုမြ နှင့် ပဒိုစောဘသင်စိန်။ (ဓာတ်ပုံ မိုးမခ) ဆက်လက်ဖတ်ရူ့ရန်
ခွဲခွါချိန် ၂

ခွဲရတော့မယ်ဝေးရမယ်

နားဝယ်လှုပ်ရှားထိုစကားသံ

အဖန်ဖန်ကြားမလှုပ်ရှားနိုင်

ရင်ကားတင်းကြပ်တဖြတ်ဖြတ်ခုန်

နှုတ်ခမ်းစုံက ကွေးယုံပြုံးပြဟန်ဆောင်ရလဲ

မျက်တောင်လေးကတားမနေ။


လှုပ်ရှားနေဟန်ငြိမ်နေဟန်

ဘယ်လိုဟန်လဲမသဲကွဲ

မျက်ဝန်းထဲမှာဝိုးတ၀ါးသာ

သူ့ပုံသဏ္ဍန်လေးစိုရွဲနေ။


အမှာစကားလွမ်းစကား

ပြောကြားနှုတ်ဆက်ပြောလိုလျက်နှင့်

နေ့ရက်လကူးဆိုဘူးသည့်နှုတ်

အ၍လှုပ်နေပြောမထွက်ပေ။


ကိုယ်ကတစ်မြေသူတစ်မြေ

အိုလေဘယ်လိုမှ၊ဆုံမရမှန်းသိနေစမ်းတော့

ရင်ကျွမ်းပြီပေါ့ခွဲခွါချိန်။



moon02
ဆက်လက်ဖတ်ရူ့ရန်
သူငယ်ချင်း



သူငယ်ချင်း ......

ကိုယ့်ကမ္ဘာမှာ

နှောင်ဖွဲ့မှုမရှိဘူး

ချုပ်ချယ်မှုမပြုဘူး

တားဆီးမှုမလုပ်ဘူး

လာချင်လာ သွားချင်သွား

မင်းဆန္နတစ်ခုတည်းပါ ။


ဝင်လာခဲ့တဲ့အတွက်

ဆုံတွေ့ခွင့်ရခဲ့လို့

မင်းကိုကျေးဇူးတင်ပါတယ်။


နေပေးခဲ့တဲ့အတွက်

အတူတူရှိခဲ့ချိန်တွေကို

ကိုယ်တန်ဖိုးထားပါမယ်။


သွားမယ်ဆိုရင်လည်း

မင်းပျော်ရွင်ဖို့ပဲ

ဆုတောင်းရင်းနဲ့နှုတ်ဆက်ပါတယ် ။


ခွဲရချိန်တန်လို့

ဝေးခဲ့ကျရင်လည်း

ဝမ်းနည်းမနေချင်ဘူး

မင်းနဲ့ခင်မင်ခွင့်ရခဲ့ခြင်းကသာ

ကိုယ့်အတွက်

အကောင်းဆုံးဆုလာဘ်တစ်ခုပါ ။ ။ ။



radium


အဝေးမှ သူငယ်ချင်းများအတွက် တင်လိုက်ခြင်းဖြစ်ပါသည်။ သူငယ်ချင်းများအားလုံးပျော်ရွှင်နိုင်ပါစေ။



ဆက်လက်ဖတ်ရူ့ရန်

ဖွဲ့စည်းပုံမူကြမ်း ပြည်လုံးကျွတ် ဆန္ဒခံယူပွဲများ မြန်မာပြည်အနှံ့ ကျင်းပ
NEJ/
၁၀မေ၂၀၀၈

လှည်းကူးမြို့နယ်တွင် ဆန္ဒမဲပေးနေသူများ မုန်တိုင်းကယ်ဆယ်ရေးလုပ်ငန်း အရေးတကြီး လုပ်ဆောင်ရန် နိုင်ငံတကာက တိုက်တွန်းနေ သည့်ကြားမှ နအဖစစ်အစိုးရက ၎င်းတို့စိတ် ကြိုက်ရေးဆွဲထားသည့် အခြေခံဥပဒေမူကြမ်း ဆန္ဒခံယူပွဲကို မုန်တိုင်းဘေးသင့်သည့် နေရာ များမှလွဲ၍ မြန်မာနိုင်ငံတ၀န်းလုံး၌ ယနေ့ ကျင်းပသည်။

သက်ဆိုင်ရာ ပြည်နယ်နှင့်တိုင်း မြို့နယ်အသီးသီး၌ ရပ်ကွက်များအတွင်းရှိ ဓမ္မာရုံနှင့် စာသင်ကျောင်းများတွင် မဲရုံဖွင့်လှစ်၍ ဆန္ဒမဲပေးပွဲ ကျင်းပခြင်းဖြစ်ပြီး ပြည်သူလူထု အနေဖြင့် မဲရုံအများစု၌ လွတ်လပ်စွာ မဲပေးခွင့်ရကြကြောင်းသိရသည်။

ဆန္ဒမဲရလဒ်များကို စစ်အစိုးရက တရားဝင်ထုတ်ပြန်ကြေညာခြင်းမရှိသေးသဖြင့် မသိရ သေးသော်လည်း အာဏာပိုင်များ၏ စနစ်တကျကြိုတင် စီစဉ်ထားမှုအောက်တွင် ကြောက်ရွံ့စွာဖြင့် အများအပြား ထောက်ခံမဲ ပေးကြကြောင်း သိရသည်။

ဆန္ဒမဲပေးပွဲအခြေအနေများကို သက်ဆိုင်ရာ မြို့နယ်များအလိုက် ဒေသခံများနှင့် ခေတ်ပြိုင်က ဆက်သွယ်မေးမြန်းခဲ့ရာ ၎င်းတို့၏ ဖြေကြားချက်များမှာ အောက်ပါအတိုင်း ဖြစ်သည်။

မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့။

ကျောက်ပန်းတောင်းမြို့ခံတဦးကကြိုတင်မဲတွေ များနေတယ်။ ရပ်ကွက်ထဲမှာ ကြိုတင်မဲတွေ ဆိုပြီး အမှန်တွေချည်း ခြစ်ခိုင်းနေတာ။ (၁၀) ရက်မတိုင်ခင်ကတည်းက။ ရပ်ကွက်ထဲကနေ တအိမ်ဝင်တအိမ်ထွက် ခင်ဗျားတို့ (၁၀) ရက်နေ့ကျတော့ အလုပ်ပျက်တယ်။ ဒီနေ့ပေးလိုက်ပါ ဆိုပြီး နာမည်လေးနဲ့ လက်မှတ်ကလေး ထိုးပေးလိုက်ရပြီးတော့ ရပ်ကွက်က လူတွေကပဲ အမှန်တွေ ခြစ်သွားကြတယ်။ ဒီနေ့ကျတော့ မဲရုံမှာလွတ်လပ်စွာ သွားပေးလို့တော့ ရပါတယ် ဒါပေမယ့် ကြိုတင်မဲတွေများနေတော့ လာပြီး မဲပေးတဲ့ လူက မရှိတော့ဘူး။ သူတို့ဖာသာ သူတို့ အမှန်ခြစ်ပြီးသွားပြီ။ (၈၀) ရာခိုင်နှုန်းလောက်က ကြိုတင်မဲ လုပ်ပြီးသွားပြီလေ။ မဲရုံမှာ တန်းစီ စောင့်နေတဲ့လူတွေမရှိဘူး။ တခါသွားမှ လူလေး () ယောက် () ယောက်လောက်ပဲ ရှိတော့ တယ်။ မဲရုံကိုသွားပြီး မဲရုံမှူးဆီမှာ မဲလာပေးကြောင်း လက်မှတ်ထိုးရတာပေါ့၊ ထိုးပြီးတော့ စာရွက်ကလေးပေးတယ်၊ ကြိုက်ရင်အမှန်ခြစ် မကြိုက်ရင် ကြက်ခြေခတ်ပေါ့၊ ဒါပေမယ့် သူတို့ဘက်က တဖက်သတ်ကြီး ပြီးသွားပြီ။ တဖက်သတ်ကြီးပဲ။ ထောက်ခံမဲက (၈၀) ရာခိုင်နှုန်း လောက်ပါသွားပြီ။ တချို့နယ်တွေ ရွာတွေမှာဆိုရင် မဲရုံကိုမရှိဘူး၊ အခန်းထဲမှာ ပေးရတယ် ဆိုတာမရှိဘူး။ သူကြီးက လာတဲ့လူတိုင်း အမှန်ခြစ်ခိုင်းတယ်။ ကျောက်ပန်းတောင်းနယ်ဘက်က လက်ပန်ပင်ရွာမှာဆို ဟာလာပြင်ထဲမှာ မဲပေးရတယ်။ မိသားစု () ယောက်ရှိရင် အိမ်ထောင်
ဦးစီးတယောက်က () ယောက်စာဆိုပြီး အမှန်ခြစ်သွားတာဟု ပြောသည်။

မန္တလေးမြို့။

မန္တလေးမြို့ခံတဦးကဓမ္မာရုံတွေ၊ ကျောင်းတွေမှာ မဲရုံလေးတွေ လိုက်ကာလေးတပ်ပြီး မဲပေးနေ ကြတယ်။ တုံကင်လေးတွေ လာပေးထားတယ်၊ အိမ်မှာ အဲဒီ တုံကင်လေးတွေနဲ့ မှတ်ပုံတင် နံပါတ်ကို တိုက်ပြီး မဲစာရွက် ထုတ်ပေးတယ်။ လိုက်ကာလေးတွေနဲ့ အခန်းလေးတွေနဲ့ဆိုတော့ လွတ်လွတ်လပ်လပ် မဲပေးနိုင်တဲ့ အနေအထားပါပဲဟု ပြောသည်။

မင်းဘူးမြို့။

မင်းဘူးမြို့ခံတဦးက သူတို့ စာရွက်ကလေးတွေ ပေးတယ်လေ။ စာရွက်ကလေးတွေနဲ့ တယောက်ချင်းသွားပေါ့။ လက်မှတ်ထိုးပြီး မဲထည့်ရတာပေါ့။ ထောက်ခံရင် ထောက်ခံပေါ့၊ မထောက်ခံရင် မထောက်ခံနဲ့ပေါ့၊ ထောက်ခံရင် အမှန်ခြစ်ပေါ့။ လွတ်လွတ်လပ်လပ် ပေးရပါတယ်။ စောင့်မကြည့်ဘူး၊ ခန်းစည်းလေးတွေ လုပ်ထားတယ်။ သူတို့ပေးတဲ့ စာရွက်ထဲမှာ သူထည့်တယ် ကိုယ်ထည့်တယ် မသိရဘူးလေ။ ကိုယ်ထည့်ချင်သလို ထည့်လို့ရတယ်။ သူတို့ကို ပြစရာမလိုဘူး၊ မဲပုံးထဲ ထည့်လိုက်ရုံပဲ ။ ထောက်ခံတာ များတာပေါ့ဗျာ။ ဗမာပြည်မှာတော့ သူတို့ကိုပဲ ထောက်ခံ ရတာပဲ၊ မထောက်ခံရင်လည်း သိတယ်မလား၊ ကြောက်ပြီးတော့ ထောက်ခံကြတာပဲ၊ ဒါပါပဲ။ အခြေခံဥပဒေထဲမှာ ဘာတွေပါလဲ ကျုပ်တော့ မသိဘူးဗျ။ အကုန်လုံး ထောက်ခံတော့ ကျနော် လည်း ထောက်ခံလိုက်တယ် ဟု ပြောသည်။

မကွေးမြို့။

မကွေးမြို့ နည်းပညာ တက္ကသိုလ် ၀န်ထမ်းတဦးက မဲစာရွက်နဲ့ မဲရုံမှူးကနေ တဆင့် မဲပေးဖို့ လုပ်ပေးပါတယ်။ လွတ်လွတ်လပ်လပ် မဲပေးလို့ ရပါတယ်။ မဲပေးတဲ့ လူများတယ်။ ထောက်ခံတဲ့ လူများပါတယ်။ ဖွဲ့စည်းပုံက ကောင်းပါတယ် ။ ချထားတဲ့မူတွေက ဖတ်ကြည့်တာ ဒေါက်တိုင်
(
) ခုလုံး ပြည့်စုံပါတယ်။ အရင်ကထက်စာရင်တော့ ကောင်းတယ်လို့ မြင်တယ်ဟု ပြောသည်။

ပခုက္ကူ မြို့။

ပခုက္ကူ မြို့ခံတဦးက ရပ်ကွက်ထဲက စာသင်ကျောင်းတွေမှာ သွားပေးရတာ။ လွတ်လွတ်လပ်
လပ် ပေးလို့ရတယ်။ ဖိအားပေးတာ မရှိဘူး။ လူတွေအများကြီးပဲ သွားပေးကြတယ်။ လော်စပီ ကာနဲ့ အော်နေတယ်၊ ပေးကြဖို့။ တရပ်ကွက်ကို တရုံ () ရုံ လုပ်ထားပေးတယ်။ သိသလောက် တော့ တော်တော်များများ ကန့်ကွက်မဲ ပေးကြမယ် ထင်ပါတယ်။ ကျမကတော့ ကြောက်ကြောက်နဲ့ ကန့်ကွက်မဲ ပေးလိုက်တယ်ဟု ပြောသည်။

ရှမ်းပြည်နယ်၊ မူဆယ်မြို့။

မူဆယ်မြို့ခံတဦးကမဲထည့်ခွင့်ရတဲ့ လူစာရင်းစာအုပ်မှာ လက်မှတ်ထိုးပေးရတယ်။ လက်မှတ်ထိုး ပြီးရင် မဲပြားလေး ထုတ်ပေးတယ်။ မဲပြားလေးကို ယူပြီး အခန်းထဲမှာ အမှန် အမှား ခြစ်ပြီး ပုံးထဲမှာ ထည့်လိုက်ရတယ်။ ဒါပါပဲ။ အေးအေးဆေးဆေးပါပဲ။ လွတ်လွတ်လပ်လပ် ပေးလို့ရပါတယ်။ ထောက်ခံတဲ့ လူများတယ်။ ဘာဖြစ်လို့လဲဆိုတော့ အားလုံးက ကြောက်တာကိုး။ မေးလိုက်ရင် ဘယ်လိုလဲဆို အားလုံးက မလုပ်နဲ့ ကြောက်တယ်ဆိုတာချည်းပဲ။ လွတ်လပ်တယ် မလွတ်လပ်ဘူး၊ အနောက်မှာ ဘာရှိတယ်ဆိုတာ ဘယ်သူမှ သိတာ မဟုတ်ဘူး။ ဘယ်လို စာရင်းမှတ်ထားတယ်၊ အနောက်က စာရင်းဘယ်လိုပြန်လိုက်မယ် မသိဘူး၊ အဲဒီတော့ စိတ်ထဲမှာ ရှိတဲ့ဟာနဲ့ အားလုံး ဆန့်ကျင်ပြီးတော့ လုပ်ခဲ့ရတာပေါ့။ စိတ်ထဲမှာရှိတာတော့ နိုးပေါ့ဗျာ၊ ဒါပေမယ့် အမှန်ပဲခြစ်ခဲ့ရ တာပေါ့ ဟု ပြောသည်။

မြစ်ကြီးနားမြို့။

မြစ်ကြီးနားမြို့သားတဦးကကျနော် သွားပေးတယ်၊ အထက်တန်းကျောင်း မဲရုံမှာ၊ လွတ်လွတ် လပ်လပ် ပေးပိုင်ခွင့်ရှိတယ်လေ။ ထောက်ခံမဲ တော်တော်များတယ်နော်။ ရုံးဝန်ထမ်းတွေလည်း တော်တော်များတယ်လေ။ ကန့်ကွက်တဲ့ လူတော့ သိပ်မရှိဘူး။ ထောက်ခံတဲ့ လူတွေက ဘယ်လို ကြောင့် ထောက်ခံလဲတော့ မသိဘူး။ ကျနော် မဲပေးတာ () ခါရှိပြီ ၁၉၉၀ တုန်းက တခါ မဲပေး ဘူးတယ်။ ခုမဲပေးပွဲက မှန်မှန်ကန်ကန်လို့ပဲ ထင်တာပဲ။ ကျနော်တို့ လက်လုပ် လက်စားတွေ အနေနဲ့ မထောက်ခံလို့ မကောင်းဘူးပေါ့ ဒါကြောင့် ထောက်ခံလိုက်တာပါ။ အခြေခံဥပဒေဟာ ကောင်းသလား မကောင်းဘူးလားဆိုတာ စဉ်းစားထား တာဘာမှမရှိဘူး။ လေ့လာထားတာလဲ မရှိပါဘူး။ ဘုမသိဘမသိနဲ့ ထောက်ခံလိုက်တာပါဟု ပြောသည်။

မြ၀တီမြို့။

မြ၀တီမြို့ခံတဦးကမြ၀တီမှာ ဆန္ဒမဲပေးတဲ့ လူတွေကို ရဲ၊ မီးသတ်၊ ကြက်ခြေနီ၊ ကြံ့ဖွံ့၊ စွမ်းအား ရှင်၊ စစ်တပ်၊ ရပ်ကွက်လူကြီး အပါအ၀င်၊ သူတို့ရှေ့မှာ ထည့်ရတော့ ဘယ်သူက ကြက်ခြေခတ် ရဲမှာလဲ။ မြ၀တီမှာ ကြိုတင်မဲကို ထည့်တုန်းကလည်း လူတွေက သူတို့ စာရေးတွေက ခြစ်ထား ပြီးသား မဲကိုပဲ ထည့်ရတယ်။ ဒီနေ့ မြ၀တီမှာ မဲထည့်တဲ့ ပုံစံက သွယ်ဝိုက်ပြီး ခြိမ်းခြောက် ထည့် ခိုင်းတဲ့ပုံစံ ဖြစ်နေတယ်။ အကူအညီ ပေးမလိုလိုနဲ့ စောင့်ကြည့်တာတွေ တချိန်လုံးရှိနေတယ်။ ရပ်ကွက်မှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးတွေကိုလည်း မရလို့ကတော့ မင်းတို့ ခွေးဖြစ်ဖို့ အသင့်ပြင် ထားလို့ ပြောထားပြီးသားပဲ။ ဒီလိုပုံစံမျိုးနဲ့ ထည့်ရတဲ့မဲဟာ သိကြားမင်းနဲ့ပြိုင်လည်း သိကြားမင်း ပဲရှူံးမယ်ဟု ပြောသည်။

မန္တလေးမြို့။

မန္တလေးမြို့ခံတဦးကမဲထည့်ရတာတော့ အေးအေးဆေးဆေးပါပဲဗျာ။ ဒါပေမယ့် စကားပြော စက်တွေနဲ့ ဝေါ်ကီတော်ကီတွေနဲ့ ပြောနေကြတော့ မဲပေးတဲ့လူတွေ အနှောက်အယှက်ဖြစ်တယ်။ ကြိုတင်မဲပေးမယ့် မိတ်ဆွေတယောက် မဆင်မပြေဘူး ဖြစ်သွားတယ်။ ခရီးသွားစရာရှိလို့ဆိုတာ မပေးပါနဲ့တော့တဲ့။ ရပ်ကွက်မှာ ခွဲတမ်းပြည့်သွားပြီလို့ ပြောတယ်။ မဟာအောင်မြေမြို့နယ်က အမှတ် (၃၄) မူလတန်းကျောင်း မဲရုံမှာတော့ ရပ်ကွက် () ခုကလူတွေ မဲပေးစရာမလိုတော့ဘူး ကြိုတင်မဲ ထည့်လိုက်ပြီဆိုပြီးပြောလို့ အကွက်နံပါတ် (၃၉၀) နဲ့ (၃၉၁) က မိသားစုတချို့ မဲမပေး ခဲ့ရဘူး။ သူတို့နံပတ်တွေ မဲပေးပြီးပြီဆိုပြီးတော့ လက်မှတ်တောင်မထိုးခဲ့ရဘူး ပြန်လာခဲ့ရတယ်။ မန္တလေးနဲ့ဆင်ခြေဖုံးကျေးရွာတွေမှာ အာဏာစက်နဲ့ ထောက်ခံခိုင်းနေတယ် ကြားတယ်။ လူတွေ ကြောက်ကြတယ်ဗျ။ သတ္တိနည်းနေသေးတယ်။ အကြောက်တရားရှိနေသေးတယ်ဟု ပြောသည်။

ဆက်လက်ဖတ်ရူ့ရန်

မြန်မာအနုပညာရှင်များ လေဘေးသင့်ဒုက္ခသည်များကို သွားရောက်ကူညီ
ကိုသက် | မေ ၁၁၊ ၂၀၀၈

ထင်ရှားသည့် ရုပ်ရှင်၊ ဂီတနှင့် စာပေနယ်ရှိ အနုပညာရှင်များ နာဂစ် မုန်တိုင်းဒဏ်ကြောင့် ဒုက္ခရောက်နေကြသူများထံ သွားရောက်ကာ ကောက်ခံရရှိသည့်စားနပ်ရိက္ခာနှင့် အကူပစ္စည်းများ သွားရောက် ပေးအပ်သည်ဟု လူရွှင်တော် ဇာဂနာက ဧရာဝတီကို ပြောသည်။

အနုပညာရှင်များသည် ဆန်၊ အ၀တ်အထည်၊ ဆေးဝါး၊ မိုးကာနှင့် ငွေကြေးတို့ကို ဧရာဝတီတိုင်းရှိ ဘိုကလေးနှင့် ဒေးဒရဲ၊ ရန်ကုန်တိုင်းရှိ ကွမ်းခြံကုန်း၊ ဒဂုံမြို့သစ်တောင်ပိုင်းနှင့် လှိုင်သာယာမြို့နယ်များသို့ သွားရောက် လှူဒါန်းကြသည်။

“ပြည်သူတွေတကယ် ဒုက္ခရောက်နေတယ် … ဒီတော့ တို့တတွေ လှူကြရအောင်ဆိုပြီး နိုင်သလောက် ၀ိုင်းလှူကြတာပဲ။ မနက်ကဆို စင်ကာပူကအလှူရှင်တွေက အထည်တွေလှမ်းလှူလို့ အခုပဲသွားယူနေတာ” ဟု လူရွှင်တော် ဇာဂနာက ပြောသည်။

လေဘေးကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ကိုင်နေကြသည့် အနုပညာရှင်များတွင် ရုပ်ရှင်သရုပ်ဆောင်များ ဖြစ်ကြသည့် ကျော်သူ၊ လူမင်း၊ လွင်မိုး၊ ကျော်ရဲအောင်၊ အိန္ဒြာကျော်ဇင်၊ နေတိုး၊ မျိုးစန္ဒီကျော်၊ ဦးအောင်လွင်၊ မေသန်းနု၊ ခန့်စည်သူ၊ ဝေဠုကျော်၊ စိုးမြတ်သူဇာ၊ စိုးမြတ်နန္ဒာ၊ မိုးဟေကို၊ ဒါရိုက်တာ မိုက်တီး၊ အယ်ဒီတာ ဇော်သက်ထွေး၊ အဆိုတော် စိုင်းစိုင်းခမ်းလှိုင်၊ လူရွှင်တော် ညောင်ညောင်နှင့် ဇာဂနာ တို့ပါဝင်သည်။

ယနေ့နံနက်ပိုင်းတွင် သရုပ်ဆောင် ဝေဠုကျော်နှင့်အဖွဲ့က ဧရာဝတီတိုင်း မြောင်းမြမြို့နယ်သို့သွားကာ ဆန်အိတ် ၃၀၀၊ ကျပ်ငွေသိန်း ၃၀၊ အ၀တ်အစားနှင့် မိုးကာများကို သွားရောက်လှူဒါန်ကြောင်း သိရသည်။

“မင်းသား၊ မင်သမီးတွေ သရုပ်ဆောင်တွေ သွားတဲ့အခါကျတော့ တော်ရုံလူအန္တရာယ်မပြုရဲဘူးပေါ့။ ဘိုကလေးကို ဆန်အိတ်ပေါင်း ၁၀၀၀ နဲ့ ကျပ် ၁၈ သိန်း၊ အ၀တ်အစားနဲ့ ဆေးတွေပေးဖို့ရှိတယ်” ဟုလည်း လူရွှင်တော် ဇာဂနာက ပြောသည်။

ယမန်နေ့က သရုပ်ဆောင် လူမင်းနှင့်အဖွဲ့သည် ဧရာဝတီတိုင်း ဒေးဒရဲမြို့နယ်သို့ သွားခဲ့ကြပြီး မနက်ဖြန်တွင် သရုပ်ဆောင် အိန္ဒြာကျော်ဇင်နှင့်အဖွဲ့က ရန်ကုန်တိုင်း ကွမ်းခြံကုန်းမြို့နယ်သို့ သွားမည်ဖြစ်သည်။ ယခုလ ၁၄ ရက်နေ့နှင့် ၁၅ ရက်တို့တွင် သရုပ်ဆောင် စိုးမြတ်သူဇာနှင့် ကျော်ရဲအောင်တို့က ဧရာဝတီတိုင်း ဘိုကလေးမြို့သို့ သွားကြမည်ဖြစ်သည်။

အနုပညာရှင်များ ကောက်ခံရရှိသည့် အကူအညီစာရင်းအရ ကျပ်ငွေ သိန်း ၃၀၀ ခန့်၊ အ၀တ်အစား အစုံ ၅၀၀၀၊
ဆေးဝါးနှင့် စောင် ကျပ်သိန်း ၄၀ ဖိုးခန့် ရှိသည်။

“ရန်ကုန်မြစ်ကြီးညှီနေပြီ … မကြာခင် ၀မ်းရောဂါနဲ့ ယားနာ ဆိုတာလာတော့မယ်။ အားလုံးမှာတာဝန်ရှိပါတယ်” ဟု လူရွှင်တော် ဇာဂနာက ပြောသည်။

စစ်အစိုးရထုတ်ပြန်သည့်စာရင်းများအရ နာဂစ် မုန်တိုင်းကြောင့် လူဦးရေ ၂၃၃၅၀ သေဆုံးပြီး ၃၇၆၁၉ ဦး ပျောက်ဆုံးကာ တသန်းထက်မနည်း အိုးမဲ့၊ အိမ်မဲ့ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံရှိ အမေရိကန်သံအမတ် ရှာရီ ဗီလာရိုစာက မုန်တိုင်းကြောင့် သေဆုံးသူ ၁ သိန်း ကျော်နိုင်သည်ဟု ပြောသည်။

ကုလသမဂ္ဂ အပါအဝင် ကျွမ်းကျင်သူများကမူ သေဆုံးပျောက်ဆုံးသူ ဦးရေ ယခုထက် ပိုမိုနိုင်ကြောင်းနှင့် လူ တသန်းခန့် အိုးမဲ့အိမ်မဲ့ဖြစ်နိုင်သည်ဟု ခန့်မှန်းကြသည်။
ဆက်လက်ဖတ်ရူ့ရန်
ဆက်လက်ဖတ်ရူ့ရန်
ကိုဇေသီဟနှင့် အကယ်ဒမီနန္ဒလှိုင်တို့ မင်္ဂလာမော်ကွန်းတင်လက်မှတ် ရေးထိုးပြီးစီးခြင်း






ဆက်လက်ဖတ်ရူ့ရန်

၇၊ ၅၊၂၀၀၈ ရက်နေ့တွင်လှိုင်သာယာမြို့နယ် ရုံးရှေ့မှတ်တိုင်အနီး မ၀တရုံးမျက်စောင်းထိုး ဈေးဆိုင်အပြင် ဘက်နံရံတွင် စစ်ဖိနပ်အောက်မှလွတ်မြောက်ရေး ကန့်ကွက်မဲတွေပေး၊ ကန့်ကွက်မဲနဲ့ တခဲနက် မပျက် ပျက်အောင်ဖျက်စတဲ့ စတစ်ကာများကပ်ခြင်း၊ နိုင်ငံတကာမှ နာဂစ်ဒုက္ခသည်များအား လှူဒါန်းသော ရုပ်ဝတ္တု ပစ္စည်းအားလုံးအား လူထုလက်ထဲသို့ မှန်ကန်စွာရောက်ရှိရန် သတိပေးစာများကို လူထုတရပ်လုံးအတွက် စတေးခံအကောင်းဆုံးမြေသြဇာအဖွဲ့လူငယ်များမှ လိုက်လံ၍ လှုပ်ရှားဆောင်ရွက်ကူညီမှုများပြုလုပ်ခဲ့ပါသည်။ လူထုဆန္ဒခံယူပွဲကို အတင်းအကျပ်မပြုလုပ်ရန် တိုက်တွန်းစာများ လက်ရေးမူဖြင့် လိုက်လံဖြန့်ဝေခဲ့ပါသည်။

လူထုတရပ်လုံးအတွက် စတေးခံ

အကောင်းဆုံးမြေသြဖာ

ဆက်လက်ဖတ်ရူ့ရန်

နောက်မုန်တိုင်းတခု လာနိုင်သည်ဟု ကုလသမဂ္ဂ သတိပေး
ဧရာဝတီ| မေ ၉၊ ၂၀၀၈

နောက်ထပ် မုန်တိုင်းတခု မြန်မာပြည်ကို ဦးတည်လာနိုင်သည်ဟု ကမ္ဘာ့ကုလသမဂ္ဂက ယနေ့ သတိပေး ကြေညာလိုက်ကြောင်း AFP သတင်းတွင် ရေးသားဖော်ပြထားသည်။

၎င်းမုန်တိုင်းမှာ ကြောက်မက်ဖွယ်ရာ နာဂစ် ဆိုင်ကလုံး မုန်တိုင်းနောက်မှ ဖြည်းညင်းစွာ ရွေ့လျားလာသော နာက်ဆက်တွဲ မုန်တိုင်း ဖြစ်ပြီး အခြေအနေ အမျိုးမျိုးဖြစ်သွားနိုင်သည်ဟု ဆိုထားသည်။

နာဂစ်မုန်တိုင်း ဒဏ်ကြောင့် အနည်းဆုံး လူဦးရေ ၁.၅ သန်းခန့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပြီး လူ ၁ သိန်းကျော် သေဆုံးခဲ့ရသဖြင့် မုန်တိုင်းဆိုသည့် အသံကပင် မြန်မာပြည်သူလူထုအတွက် အလွန် ထိတ်လန့် ကြောက်ရွံ့ ဖွယ်ရာ ဖြစ်နေရကြောင်း ကုလသမဂ္ဂ၏ ပြောရေးဆိုခွင့်ရှိသူ ရစ်ချတ် ဟိုဆေးကပြောသည်။

ကျနော်တို့ မိုးလေဝသ ပညာရှင်တွေရဲ့ အဆိုအရတော့ လာမယ့် ၇ ရက်အတွင်း မြန်မာပြည်မှာ မိုးသည်းထန် စွာ ရွာသွန်းမယ်လို့ သိရပါတယ်ဟု ဟိုဆေးက AFP သို့ ပြောကြားလိုက်သည်။

လူတွေမှာ အမိုးအကာမရှိတဲ့အချိန် နောက်ထပ်မိုးသည်းထန်မယ့် ကိစ္စကတော်တော် ကြီးမယ့် ပြဿနာ ဖြစ်လာနိုင်တယ်ဟု ၎င်းကဆက်ပြောသည်။

ရေကြောင့် ကူးစက်ရောဂါတွေ ပျံ့နှံ့နိုင်တာနဲ့ အမိုးမရှိတာနဲ့ မုန်တိုင်းထပ်လာဦးမှာနဲ့….။ နောက်တခါ မုန်တိုင်းထပ်လာလို့ မြစ်ဝကျွန်းပေါ် ဒေသကိုဝင်ခဲ့ရင်ပြဿနာကတော့ အကြီးကြီးပဲဟု၎င်းကပြောသည်။

နှစ်ပေါင်းများစွာ အထီးကျန်စွာ နေခဲ့သော မြန်မာစစ်အစိုးရအနေနှင့် နိုင်ငံတကာ အကူအညီများကို အစောပိုင်း ကာလက လက်ခံမည်ဟု ဆိုခဲ့သော်လည်း သဘာဝဘေးဒဏ် ကယ်ဆယ်ရေးကျွမ်းကျင် ပညာရှင်များ အပါအဝင် ကယ်ဆယ်ရေး လုပ်သားများကို လက်ခံရန် အဆင်သင့်မဖြစ်သေးပေ။

အခုထွက်ပေါ်လာတဲ့ သတင်းနဲ့ ပတ်သက်လို့ မြန်မြန် ကြိုတင်ဆောင်ရွက်မှုတွေ မလုပ်ဘူး ဆိုရင် မကြာခင်လာမယ့် ဆိုင်ကလုံန်းကြောင့် နောက်ထပ် လူတွေအများကြီး သေရဦးမယ်ဟု ဟိုဆေးက ပြောသည်။

ယခုအချိန်သည် မြန်မာပြည်၌ မုတ်သုန်ရာသီ အစပျိုးချိန်ဖြစ်သောကြောင့် မိုးသက်မုန်တိုင်းများ ကျရောက်ကာ မိုးသည်းထန်စွာ ရွာသွန်းလေ့ရှိသော အချိန်လည်း ဖြစ်သည်။

မုန်တိုင်းမလာလည်း မိုးရာသီကစပြီ။ အမိုးမရှိတဲ့အိမ်တွေကတော့ တော်တော်လေး ဒုက္ခရောက်ရ ဦးမှာပဲဟု ရန်ကုန်မြို့မှ ဒေသခံတဦးက ပြောသည်။

ခိုင်လုံသော မိုးလေဝသ သတင်းရပ်ကွက်တခု၏ အဆိုအရ မြန်မာပြည်သို့ နာဂစ်မုန်တိုင်း မဝင်ရောက်မီ အစောပိုင်း အိန္ဒိယနှင့် ထိုင်းနိုင်ငံတို့တွင် သတိပေးကြေညာစဉ် ကတည်းက မိုးလေဝသနှင့် ဇလဗေဒ ဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းလွင်က ပြင်းထန်သည့် မုန်တိုင်းဖြစ်နိုင်ကြောင်း နေပြည်တော်သို့ အကြောင်း ကြားခဲ့သည်ဟုဆိုသည်။

သို့ရာတွင် နေပြည်တော်မှ တာဝန်ရှိသူများက ပြည်သူလူထု အထိတ်တလန့်ဖြစ်မည် စိုးသောကြောင့် ၎င်း သတင်းကို ကြေညာခြင်းမပြုရန် ပိတ်ပင်ခဲ့သည်ဟု သိရသည်။

ဆက်လက်ဖတ်ရူ့ရန်

နတ်ဆိုးနာဂစ်

နာဂစ်နတ်ဆိုး ဘယ်အငြိုးနဲ့

ထိုးနှက်ရက်စက် နင်တမင်ဖျက်သလဲ

မမြင်ရက်တဲ့ မြေဇာပင်လူသားတွေ

အပူများလို့ ပြိုလဲပျက်သုဉ်း

အားလုံးဆုံးရှုံးနေပြီ

အတုံးအရုံးနဲ့ ပျက်ဆီးလို့

ရမ္မက်မီးတွေတောက်နေရပြီ

အပျက်အဆီးအောက်မှာ

လူသားတွေ အစပျောက်နေပြီ

ခဏလောက်မြင်သာရင်

မင်းကြင်နာနိုင်မှာလား နတ်ဆိုး ...

အပျက်ဆီးအမျိုးမျိုးနဲ့

ဆိုးကျိုးတွေပေးတဲ့မင်း

ခဏအတွင်း ထွက်သွားသင့်ပြီ

အပျက်တရားနဲ့ ငါတို့မြေ

ငါတို့တွေ ကာကွယ်ချင်ပေမယ့်

အလာမလွယ်တဲ့ ခရီးနဲ့

မကြီးမြတ်နိုင်တဲ့ ငါတို့အတွက်

ငါတို့လက်တွေကို အားနာတယ်

cloudpoem

ဆက်လက်ဖတ်ရူ့ရန်

ကယ်ဆယ်ရေးနောက်ကျမှုကြောင့် ရန်ကုန်မြို့ခံတွေ မကျေမနပ်ဖြစ်နေ

06 May 2008

နာဂစ်
ဆိုင်ကလုံးမုန်တိုင်းတိုက်ခိုက်ပြီး သေကျေပျက်စီးမှုတွေဖြစ်ခဲ့တဲ့ ၃ ရက်ကျော်ကြာနေပေမယ့် မုန်တိုင်း ဒဏ် အတော်လေးခံလိုက်ရတဲ့ ရန်ကုန်မြို့နယ် အတော်များများမှာ ကယ်ဆယ်ရေးလုပ်ငန်းတွေ ထိထိရောက်ရောက် မရှိတာကြောင့် ရန်ကုန်မြို့ခံတွေ၊ လေဘေး ဒဏ်ခံရသူတွေအကြားမှာ အာဏာပိုင်တွေအပေါ် အတော် လေး မကျေမနပ်ဖြစ်နေကြပါတယ်။ ရန်ကုန်မှာတော့ အခုအချိန်အထိ လမ်းပန်းဆက်သွယ်ရေးတွေ ခက်ခဲနေ ပြီး စားဝတ်နေရေးတွေလည်း ချို့တဲ့မှုဖြစ်နေကြပါတယ်။ ရန်ကုန်မြို့က နောက် ဆုံးအခြေအနေတွေ ဘယ်လိုရှိ သလဲဆိုတာ ရန်ကုန်မြို့ခံအချို့နဲ့ ဆက်သွယ်မေးမြန်းထား တဲ့ ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

ရန်ကုန်မှာတော့ သောက်ရေသန့်ရရှိရေးကအစ သွားလာမှုတွေ အရောင်းအ၀ယ်တွေ အားလုံး အခုအချိန်အထိ ပုံမှန်အဆင့် မရောက်သေးပါဘူး။ လမ်းတွေပေါ်မှာလည်း သစ်ပင်တွေ ပြိုလဲနေဆဲရှိပြီးတော့ အပျက်အစီးတွေ ကိုလည်း အခုမှ မြို့တော်စည်ပင်က နေရာအချို့မှာ စတင်ရှင်းလင်းနေပါတယ်။ ဖုံးလိုင်းတွေလည်း ပြန်အသုံးပြု လို့ရတယ်ဆိုပေမယ့် အတော်များများကတော့ ခေါ်ယူရ ခက်နေဆဲပါ။ အင်တာနက် ဆက်သွယ်ရေးတွေမှာ တော့ မြန်မာ့ဆက်သွယ်ရေး အင်တာနက်ဝန်ဆောင်မှုတွေ ပြန်အသုံးပြုလို့ရပြီဆိုပေမယ့် အရင် ပုဂံဆိုက်ဘာ တက်လို့ခေါ်တဲ့ မြန်မာတယ်လီပေါ့ အင်တာနက်ဝန်ဆောင်မှုကတော့ သုံးလို့မရသေးပါဘူး။ ရန်ကုန်မြို့စွန်နေ ပြည်သူအတော်များများ စားဝတ်နေရေးအခက်အခဲ ကြုံနေရပေမယ့် လုံလောက်တဲ့ကယ်ဆယ်နေရာချထား ရေးလုပ်ငန်းတွေ မရှိတာကြောင့် ဒေသခံတွေကြားမှာ အာဏာပိုင်တွေအပေါ် အတော်လေး မကျေမနပ် ဖြစ်နေကြပါတယ်။ ရန်ကုန်က နောက်ဆုံးအခြေအနေ မြင်ကွင်းကိုတော့ ရန်ကုန်နယ်ခံတဦးက အခုလိုပြောပါ တယ်။

ဒီမှာတွေ့တာတော့ ကြံ့ခိုင်ဖွံ့ဖြိုးရေးက အလံတွေထောင်ပြီး အပင်တွေ လိုက်ခုတ်နေတာတော့ တွေ့တယ်။ သူတို့လုပ်တာမှန်းသိအောင် အလံထောင်ထားတာပေါ့။ ပြီးတော့ ရေလိုက်ဝေတာတွေ့တယ်။ စည်ပင်ကတော့ ဒီနေ့မှစပြီး လမ်းတွေဘာတွေ ရှင်းတုန်းရှိသေးတယ်။ ဟုတ်တိပတ်တိတော့ မဟုတ်သေးဘူး။ လက်နဲ့ပဲရှင်းနေ တာ။ တကယ်တမ်းရှင်းမယ်ဆို ဒီအပင်ကြီးတွေက Folk Lift တွေဘာတွေနဲ့ရှင်းမှရမယ်။ အခုထက်ထိ လမ်း ဘေးမှာ လူနှစ်ဖက်စာလောက်ရှိတဲ့ အပင်ကြီးတွေ ရှိနေတုန်းပဲ။ ရန်ကုန်မြို့မှာရှိတဲ့ သစ်ပင်ကြီးတွေရဲ့ ၉၀% ကတော့ ကုန်ပြီ။ လမ်းတွေကတော့ ပိတ်နေတုန်းပဲ။ သွားလို့လာလို့ရရုံလောက်ပဲ ကိုယ့်ရပ်ကွက်အလိုက် လူတွေက ကိုယ့်ဘာသာကိုယ်
သင့်တော်သလို ရှင်းထားရတာပေါ့။

လိုင်းကားတွေရော ပြန်ထွက်ပြီလား။

လိုင်းကားက အကုန်မထွက်နိုင်သေးဘူး။ တချို့တွေပဲ ထွက်နိုင်သေးတယ်။ ကားခက
အရင်တုန်းက ၅၀ ဆို အခု ၅၀၀ လောက်ဖြစ်နေတယ်။

ဈေးတွေရော ပြန်ထွက်ပြီလား။

ဈေးတွေတော့ မထွက်နိုင်သေးဘူး။ ပိတ်ထားတုန်းပဲ။ ဖြစ်သလိုပဲ ၀ယ်ခြမ်းပြီး
စားနေရတယ်။

တခြား အိုင်စီအာစီလို ကယ်ဆယ်ရေးအဖွဲ့အစည်းတွေရော တွေ့ပါသလား။

မတွေ့သေးပါဘူး။

ယူအန်အေဂျင်စီတွေလုပ်နေတာရော တွေ့မိပါသလား။

မတွေ့မိသေးပါဘူး။ အခုထိတော့ ဘာမှမကြားရသေးဘူး။

အခု ရန်ကုန်မြို့ထဲ အခြေအနေရော ဘယ်လိုရှိပါသလဲ။

မီးလုံးဝမလာဘူး။ ဆီဝယ်ရင် တဂါလံကို တသောင်းပတ်ဝန်းကျင်လောက် ပေးရ
တယ်။

ဝယ်လို့ရောရလား။

ဝယ်လို့တော့ရတယ်။ ရတယ်ဆိုတာ ဒီနေ့စပြီး ဆီတွေ ပြန်ပေးတယ်။ ဒီဇယ်တို့ စီအန်န်ဂျီတို့ စပြီး ပြန်ပေး နေပြီ။ တန်းစီတဲ့ကားတန်းကြီးကတော့ တမိုင်လောက်ရှည်တယ်။

တခြား ဆန်တို့၊ ဆီတို့၊ အစားအစာတို့ရော ဘယ်လိုရှိပါသလဲ။

ဆန်တွေကတော့ ဈေးတက်သွားတယ်။ ငကျွဲဆန်ကိုပဲ အရင် ၉၀၀လောက်က အခု,၄၀၀ လောက် ပေးစားနေရတယ်။

ရန်ကုန်မြို့ခံတွေအကြားမှာ အခုလက်ရှိ ကယ်ဆယ်ရေးလုပ်ငန်းတွေ နှေးကွေးနေတာ၊ လုံလောက်မှုမရှိတာ တွေအပေါ် မကျေမနပ်ဖြစ်နေတာတင် မဟုတ်ပါဘူး။ မုန်တိုင်းလာခါနီး အာဏာပိုင်တွေဘက်က အများပြည် သူကို သတင်းပြည့်ပြည့်စုံစုံ မပေးနိုင်တာ၊ ပြင်ဆင်မှုတွေမရှိတာ အပေါ်မှာလည်း မြို့ခံအချို့က အာဏာပိုင် တွေအပေါ် အပြစ်တင်ပါတယ်။ ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့က ကိုစိုးထွန်းကတော့ အခုလို အရေးပေါ် အခြေအနေမှာ အာဏာပိုင်တွေဘက်ကရော နိုင်ငံတကာကပါ မုန်တိုင်းဒဏ်ခံရသူတွေကို ထောက်ပံ့ ကူညီတာ တွေ အရေးပေါ်လိုအပ်တယ်လို့ ပြောပါတယ်။

မိုးလေ၀သနဲ့ ဇလဗေဒ တာဝန်ရှိတဲ့လူတွေက ပြည်သူလူထုကို တိတိကျကျ၊ လုံလောက်တဲ့ ရှင်းလင်းမှုတွေ မလုပ်ခဲ့ဘူး။ ပြည်သူလူထုကို နားလည်သဘောပေါက်အောင် သေသေချာချာ ရှင်းလင်းအောင်မလုပ်ခဲ့တဲ့ အတွက် ဒီမုန်တိုင်းဟာ ဘယ်လောက်တောင် ပြင်းထန်နိုင်တယ်၊ မပြင်းထန်နိုင်ဘူးဆိုတာ နားမလည်၊ သဘော မပေါက်ခဲ့ကြဘူး။ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းအဆင့်ဆင့်ကလည်း မုန်တိုင်းမတိုက်ခင်မှာ ပြည်သူလူထုကို ကြိုတင်ကာကွယ်မှုတွေ၊ လေတိုက်လို့ ပြိုသွားနိုင်တဲ့အိမ်တွေ၊ ပါသွားနိုင်တဲ့ရွာတွေ၊ အိမ်ခြေတွေကို ဘေးလွတ်ရာကို နေကြဖို့၊ ခိုလှုံကြဖို့ စီစဉ်ပေးသင့်တယ်။ ဒီလိုကြိုတင်ကာကွယ်မှုတွေ မလုပ်ခဲ့ကြလို့ အခု မဖြစ်သင့်တဲ့ အဖြစ်ဆိုးတွေ ဖြစ်ခဲ့ရပြီ။

အဲတော့ အခုအရေးအကြီးဆုံးက အသက်မသေဘဲ ရှင်ကျန်ရစ်တဲ့ နေဖို့ထိုင်ဖို့ မရှိတဲ့လူတွေ၊ စားဖို့သောက်ဖို့ မရှိတဲ့လူတွေ၊ ကျန်းမာရေးဒုက္ခရောက်နေသူတွေအတွက် အရေးကြီးဆုံးအခြေအနေ ဖြစ်နေပါပြီ။ ဒုက္ခရောက် နေတဲ့ မြန်မာပြည်သူတွေ၊ အကူအညီ လိုအပ်နေတဲ့လူတွေကို ထိထိရောက်ရောက် အကူအညီပေး နိုင်အောင် ၀ိုင်းဝန်းကြိုးပမ်းပေးကြဖို့ ကျနော်တို့အနေနဲ့ အလေးအနက် မေတ္တာရပ်ခံအပ်ပါတယ်။

ရန်ကုန်မှာတော့ ကုလသမဂ္ဂ အေဂျင်စီတွေပေါင်းပြီး လေဘေးဒုက္ခသည် ကယ်ဆယ်ရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ စတင် ပြင်ဆင်လုပ်ဆောင်နေပြီလို့ သိရပါတယ်။ အာဏာပိုင်တွေဘက်ကတော့ လေဘေးဒဏ် အတော်လေးခံလိုက်ရပြီး အပျက်အစီး၊အဆုံးအရှုံး အများစုဖြစ်နေတဲ့ ရန်ကုန်ဆင်ခြေဖုံး လှိုင်သာယာ၊ ရွှေပြည်သာ၊ ဒဂုံမြို့သစ်လို နေရာတွေမှာတော့ ဒုက္ခသည်တွေထံ သွားရောက်တွေ့ဆုံအားပေးတာ၊ အထောက် အပံ့တွေ ပေးနေတာတွေကို အစိုးရမီဒီယာတွေမှာ ဖော်ပြနေပါတယ်။

ဆက်လက်ဖတ်ရူ့ရန်

လပွတ္တာမှာ လူထောင်ပေါင်းများစွာ မုန်တိုင်းဒဏ်သင့် သေဆုံးဟု လွှတ်တော် ကိုယ်စားလှယ်ပြော

မောင်ဒီး

နာဂစ်ဆိုင်ကလုန်း မုန်တိုင်းဒဏ်ကြောင့် ဧရာဝတီတိုင်း လပွတ္တာမြို့တွင် အသေအပျောက်များသည်ဆိုသော ကြောင့် ယမန်နေ့ညက ရန်ကုန်သို့ ရောက်ရှိလာသည့် လပွတ္တာမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဒုဥက္ကဌ၊ လပွတ္တာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအေးကြူကို မဇ္ဈိမက ဆက်သွယ်မေးမြန်းထား သည်။

ယနေ့ ထုတ်ပြန်သော အစိုးရ၏ စိစစ်ဆဲ ရှိသည်ဆိုသော သတင်းတွင် လူ ၁ဝဝဝ သေဆုံးသည်ဟု ပြောသည်။ သို့သော် ဦးအေးကြူက အစိုးရ ကြေညာချက်ထက် အဆများစွာ ပိုသည်ဟု ပြောသည်။

မေး။ လပွတ္တာမှာ ဖြစ်ပျက်ခဲ့တာတွေ ပြောပြပါ ဆရာ။

ဖြေ။ လပွတ္တာက သောကြာနေ့၊ ၂ ရက်နေ့ ညနေ ၃ နာရီလောက်က စတိုက်တာ။ စတိုက်တဲ့ မုန်တိုင်းက ည ၁ဝ နာရီ ၁၁ နာရီလောက်မှာ နည်းနည်းလေး လျော့သွားတယ်။ ဒါပေမဲ့ အရှိန်က မသေးဘူး။ လေကပတ်လည် တိုက်သွားတာ။ မြို့က ကုန်းပေါ်မို့လို့ တော်သေးတယ်။ မြို့လယ်လမ်းမှာ ရေကခါးလယ်လောက် ရှိတယ်။ မြို့စွန် တွေမှာ ရင်ဘတ်အထိ ရောက်တယ်။ ခေါင်းမိုးတွေ အကုန်လန်ကုန်တာ။ ပြိုတဲ့အိမ်ကပြို။ တမြို့လုံး ခေါင်မိုး မလန်တဲ့ အိမ်မရှိသလောက်ဘဲ။ သွပ်တွေကလည်း မရှိတော့ဘူး။ လေနဲ့ ပါသွားတာ။

လူတွေက ခုထိ အမိုးမရှိဘဲ နေရတာ။ မိုးရွာတဲ့အခါ ကြမ်းခင်းရှိတဲ့ အိမ်တွေက အောက်မှာ မိုးသွားခိုနေရတယ်။ ဒီကြားထဲ မြွေက တက်သေးတယ်။ မြွေကိုက်လို့ ရွေးမြစ် ဟိုဘက်ကမ်းက လူတယောက် မြွေကိုက်ခံရလို့ သေ တယ်။ ကျနော့် အိမ်နားက ကောင်မလေးကလည်း ဂျပ်မြွေ ကိုက်ခံလို့ ဆေးရုံတင်တာ ဆေးမရှိလို့ဆိုပြီး နှစ်ရက် လောက် စောင့်ခိုင်းနေတယ်။

မြို့ပေါ်က မြေးအဘိုးနှစ်ယောက် မုန်တိုင်းအရှိန်ကြောင့် တိုက်ပြိုကျပြီး သေတယ်။ မြေးအဘိုးနှစ်ယောက်က ညသန်းခေါင်ကျော်ကြီးမှာ မုန်တိုင်းကလည်း တိုက်တော့ အပေါ်က အမိုးကြီး ပြိုကျပြီး သေတာ။ အဘိုးက ဦးနှောက် ပွင့်သွားတယ်။ မြေးလေးက ပွဲချင်းပြီးသေတယ်။ နောက်ပြီး အိမ်ခေါင်မိုးတွေ လန်ကုန်လို့ ဘုန်းကြီး ကျောင်းမှာ မိုးသွားခိုတဲ့လူတွေ ဘုန်းကြီးကျောင်း နံရံကြီး ပြိုကျလို့ လူ ၉ ယောက် သေတယ်။ ရေဆိုင်ကုန်းမှာ လည်း ၈ယောက် သေတယ်။ အဆောက်အဦးတွေ ပိကျပြီး သေတာ။

မေး။ ။လူအထိအခိုက်များတာဘယ်ဖက်ဖြစ်မလဲ။

အသေများတာက မြို့ရဲ့ အောက်ဘက်ခြမ်း၊ ပင်လယ်နဲ့ ဆက်နေတဲ့ အခြမ်း၊ လပွတ္တာနဲ့ တတန်းတည်း ဆွဲလိုက် ရင် အောက်ပိုင်းအဆိုးဆုံး။ မြစ်ကြီး ၃ မြစ်ရှိတယ်ဗျာ။ ပြန်မလော့၊ ရွေး၊ အလယ်ကျော်မြစ်တို့ နားမှာရှိတဲ့ ရွာ တွေက အကုန်ကုန်တာပဲ။ အုပ်စုပေါင်း ၅၆ အုပ်စု ရှိတယ်။ ၃ဝ ကျော်လောက်က ထိတာပဲ။ တအုပ်စုမှာ ကျေးရွာပေါင်း ၁ဝရွာ ပတ်ဝန်းကျင်စီ ရှိကြတယ်။ အဲဒီရွာတွေ အကုန်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရေက အိမ်လောက် မြင့်တယ်။ ၁၅ ပေ၊ ပေ ၂ဝ လောက် ဖြစ်သွားတယ်ဗျာ။ လူတွေက အိမ်ခေါင်မိုးပေါ် တက်နေရ တယ်။ တက်နေတော့လည်း လေကတိုက်၊ လှိုင်းက ရိုက်ဆိုတော့ အိမ်တွေပြိုကျ၊ အဲဒီမှာ လူတွေ ပြန်သေရော။ လူ ၄၊ ၅ ထောင်လောက်ရှိတဲ့ ရွာတရွာမှာ လူ ၃၊ ၄ ရာလောက်ပဲ ပြန်ရတယ်။ လပွတ္တာမြို့ တခြမ်းလုံး ပျက်သွား တာပဲ။

မေး။ ။ အထိအနာဆုံး ရွာနာမည်တွေ ပြောပြနိုင်မလား။

ပျဉ်စလူ၊ သင်္ကန်းကြီး၊ ရွေး အဲဒီရွာတွေက အဆိုးဆုံးပဲ။ ကျန်တဲ့ ရွာတွေလည်း အကုန်လုံးနီးပါး ပျက်သွားတယ်။

မေး။ ။ ပျဉ်စလူတို့၊ သင်္ကန်းကြီးတို့မှာ သေတဲ့ လူတွေထဲမှာ အမျိုးသား၊ အမျိုးသမီး၊ ကလေးဦးရေ အရေအတွက် ရာခိုင်နှုန်းတွေ သိရမလား။

အမျိုးသမီးတို့ အမျိုးသားတို့ ခွဲလို့ မရဘူး။ ပျဉ်စလူက လွတ်လာတဲ့ ကလေးမ တယောက်ကို မေးကြည့်တယ်။ နင်တို့ ပျဉ်စလူမှာ ရေလွတ်တာ ဘယ်နှစ်ယောက်လောက် ရှိလဲဆိုတော့ ၂ ရာ ၃ ရာလောက်ပဲ ရှိတယ်တဲ့။ ဒါဆို ရွာလူဦးရေက ဘယ်လောက်လဲဆိုတော့ ၄၊ ၅ ထောင်လောက် ရှိတယ်တဲ့။ ရေက အိမ်လောက် ကြီးနေတာ၊ လှိုင်းလုံးတွေက ပုတ်နဲ့ဆိုတော့ ဘယ်ခံနိုင်မှာလဲ။ လူတွေက နီးရာ တိုင်တွေ၊ သစ်ပင်တွေ တွယ်ဖက်ထားရတာပဲ။ လက်လျှော့လိုက်တာနဲ့ သေတာပဲ။

မေး။ ။ အစိုးရက တရားဝင်ပြောထားတာက လပွတ္တာမှာ လူ ထောင်ကျော်ပဲ သေတယ်ဆိုပြီး ပြောထားပါတယ်။ အခုဆရာပြောတာက အနည်းဆုံး သောင်းဂဏန်း သေတဲ့ အနေအထား ဖြစ်နေတယ်။

အစိုးရပြောတာ မကျေနပ်လို့ ကျနော် ရန်ကုန်တက်လာတာ။ ရွာလုံးကျွတ် ပျက်သွားတာ အများကြီးပဲ။ လပွတ္တာတဝက် အောက်ခြမ်းမှာ တော်တော်များများ ရွာလုံးကျွတ် ပျက်သွားတာ။ လွတ်လာတဲ့ လူတွေက ၆ ယောက်လောက်မှာ တယောက် နှစ်ယောက်လောက်ပဲ။ ၁ဝ ယောက်မှာ ၃ ယောက်လောက်ပဲ ကျန်တယ်။ ကျန်တာ အကုန်သေတာပဲ။ လပွတ္တာ အောက်ဖက်ခြမ်းက ကုန်သလောက်ပဲ။

အလောင်းတွေက ပြန့်ကျဲနေတာ။ ဓနိပင်ကြားထဲမှာ ခေါင်းတွေစိုက်နေတာ။ သစ်ပင်တွေမှာ ပိုးစိုးပက်စက် တွယ်ရက်ကပ်နေတာ။ ရေထဲမှာ မျှောနေတာ။ လူသေတာတော့ဗျာ၊ ရင်တုန်စရာ ဖြစ်တယ်ဗျာ။

ထန်းတော၊ အုန်းတောတွေက ခါးပြတ်သွားတယ်ဗျာ။ မုန်တိုင်းလည်း ပြီးရော အုန်းတောတွေ မရှိတော့ဘူး။ ဂျပန်က ဆောက်ပေးတဲ့ တာဝါတိုင် (ဆက်သွယ်ရေးတိုင်) တွေဆိုရင် ကွေးပြီးတော့ လဲကျသွားတယ်ဗျာ။ တချို့တွေက မခံနိုင်လို့ တာပေါ် တက်ပြေးတယ်။ တာပေါ်မှာလည်း ရေက လည်ပင်းလောက် ရောက်နေတယ် ဆိုတော့ ကြာလာရင် ဘယ်ခံနိုင်မလဲ။ တာတွေ ပတ်ပတ်လည်မှာ သေနေကြတာ။ ရာဂဏန်းရှိတယ်။ လှိုင်းက အုပ်၊ လေက တိုက်ဆိုတော့ အိမ်တွေ အကုန်ပြိုကုန်တာ။ ၁ဝဝ ရာခိုင်နှုန်း ပျက်စီးတာ။

မေး။ အဲဒီက လူတွေအတွက် ကယ်ဆယ်ရေးတွေကို အစိုးရက ဘယ်လိုလုပ်ပေးလဲခင်ဗျ။

ဖြေ။ ကယ်ဆယ်ရေးသမားတွေတော့ဗျာ၊ ဖြစ်ပြီး နောက်တရက်အထိ မလာရဲကြဘူး။ လေက ပြင်းနေသေးတယ် ဆိုပြီး နောက်တရက်လောက်မှ လာကြတာ။ ဟိုမှာ အသက်ရှင်ကျန်နေတဲ့ လူတွေက တရက်ခွဲလောက် ထမင်းမစားဘဲ နေရတာ။ နောက်တော့ သူတို့ကို သွားကယ်လာတယ်။ အလောင်းတွေကိုတော့ မသယ်နိုင်လို့ ဒီအတိုင်း ထားပစ်ခဲ့ရတယ်။

ကယ်ဆယ်ရေး စခန်းက လပွတ္တာ ၅ ရပ်ကွက် ကမ်းနားလမ်းမှာ ဖွင့်ထားတယ်။ ကြက်ခြေနီ အလံတိုင် ထောင်ထားပြီး စားစရာ၊ အဝတ်အစားတွေ၊ ဆေးဝါးတွေ ပေးတယ်။ နေဖို့ကျတော့ လူတွေကို မြို့ထဲက ဘုန်းကြီးကျောင်းတွေ၊ ပညာသင် ကျောင်းဆောင်တွေမှာ ထားရတယ်။ တချို့ အသိရှိတဲ့ လူတွေက အသိအိမ်တွေမှာ သွားနေကြတယ်။

ဖျားနာတဲ့လူတွေကို ဆေးရုံပို့ရင်လည်း ဆေးရုံမှာက ဆေးမရှိ၊ အမိုးကလည်း လန်၊ လူနာတွေလည်း ပြည့်ကျပ်။ လူတွေကလည်း နီးစပ်ရာ ဆေးခန်းတွေကို သွားနေရတယ်။ ဒီအစိုးရက မလုပ်ပေးနိုင်ဘူးဗျာ။

အခု မြို့ပေါ်ကို တက်လာတဲ့လူတွေက ပြန်သွားဖို့ ဆိုတာ မလွယ်တော့ဘူးနော်။ ဟိုမှာ ရေမရှိတော့ဘူး။ သူတို့သောက်တဲ့ ရေတွင်းတွေကို ပင်လယ်ရေငံတွေ လွှမ်းသွားပြီဗျာ။ ပင်လယ် ရေငံကြီးကို ဘယ်လို သောက်ရမှာလဲ။ စားစရာ၊ ဆန်ဆီဆားတွေ အားလုံး မရှိတော့ဘူး။ ပါကုန်ပြီ။ ဘာသွား စားသောက်တော့မှာလဲ။ မြို့ပေါ်မှာမှ ဆန်ပြုတ်လေးတောင် သောက်ရမယ်ဆိုပြီး ပြေးလာကြတာ။ ပိုက်ဆံလည်း မပါဘူး။ အဝတ်တထည် ကိုယ်တခုနဲ့ ပြေးလာကြတာ။ သူတို့ ဘယ်လို ပြန်ကြတော့မှာလဲ။

မေး။ လပွတ္တာကို ရောက်လာတဲ့ ဒုက္ခသည်တွေ ဘယ်လောက်များမယ်လို့ သိရလဲ။

ဖြေ။ ၁ သောင်းလောက် ရှိတယ်။ သူတို့ပြောတာတွေ နားထောင်ရရင်ဗျာ တကယ်ကို စိတ်မကောင်းဘူး။ ၆ ယောက်ရှိတဲ့ မိသားစုမှာ ၂၊ ၃ ယောက်လောက်က ပါသွားတယ် ဆိုပြီး လူတွေက ငိုယိုနေကြတာ။ တကယ့်ကို ဝမ်းနည်းစရာပဲ။

မေး။ လူတွေက အစိုးရ မုန်တိုင်းသတင်း သတိပေးတာတွေ မသိကြလို့လား။

ဖြေ။ မိုးလေဝသတို့က လွှင့်တာတွေ ကြားရပါတယ်။ ဒါပေမဲ့ ကျနော်တို့ဆီမှာ ဖော်မြူလာလို ဖြစ်နေတာက ဘင်္ဂလားပင်လယ်မှာ မုန်တိုင်းပေါ်တယ်။ ပေါ်ပြီးတော့ ပုသိမ်မြို့ရဲ့ အနောက်ဖက် မိုင် ၃၅ဝ ကျော်လောက်မှာ ရှိတယ်။ နောက်တဖြေးဖြေး ရွှေ့လျားတယ်။ သူက အရှေ့ဘက်ကို ရွှေ့လျားတယ်။ ဆိုတော့ ဟိုင်းကြီးဘက် ရောက်သွားမယ်။ ဟိုင်းကြီးကနေ ဂွဘက်ကို ရောက်မယ်။ ဂွကနေ သံတွဲကို တက်မယ်။ သံတွဲကနေ စစ်တွေတက်ပြီး ဘင်္ဂလားဒေ့ရှ်ကို တက်မယ်။ ဒါ ဖော်မြူလာပဲ။ မုန်တိုင်း ဖော်မြူလာ။

ကျနော် နှစ်ပေါင်း ၂ဝ ကျော် ၃ဝ လပွတ္တာမှာ နေလာတာ။ ဒီအတိုင်းပဲ လူတွေကလည်း အေးဆေးနေကြတာ။ အခုကျမှ ဒီမုန်တိုင်းက ဟိုင်းကြီးကနေ ဖြစ်ပြီးတော့ အရှေ့ဘက်ကို မရွှေ့ဘဲနဲ့ ရှေ့တည့်တည့်ကို ဝင်ချလာတာ။ ဝင်ချတော့ ဟိုင်းကြီးတို့၊ လပွတ္တာတို့၊ ဘိုကလေးတို့၊ နောက် အဲဒီကနေ ရန်ကုန်ကို တက်တာ။ တခါမှ ဒီလို မဖြစ်ဖူးတော့ လူတွေက အေးဆေးနေကြတာ။ ညနေကျမှ လေက ပြင်းလာတယ်။ ရေတွေတက်လာမှ ကျနော်တို့ ဂရုစိုက်မိတာ။

မေး။ ။ ဆရာ ရန်ကုန်ကို ထွက်လာတဲ့ လမ်းမှာရော အခက်အခဲတွေ ရှိခဲ့လား။

ကျနော်တို့ လပွတ္တာ အထက်ခြမ်းက တောင်ကြောတွေ ရှိသွားပြီ။ မြောင်းမြထိကို တောင်ကြောကြီး ဖြစ်နေတော့ ကားလမ်းတွေ ပေါက်ပါတယ်။ လမ်းမှာတော့ တဲပြိုတာ၊ သစ်ပင်ပြိုတာတွေတော့ တွေ့ခဲ့ပါတယ်။ ရေကတော့ မတက်နိုင်ဘူး။ ကျနော် လပွတ္တာက ထွက်လာတာ မနေ့က မနက် ၁ဝ နာရီမှာ ထွက်လာတာ ည ၉ နာရီလောက်မှာ ရန်ကုန်ရောက်ပါတယ်။

ဆက်လက်ဖတ်ရူ့ရန်
 

Design in CSS by TemplateWorld and sponsored by SmashingMagazine
Blogger Template created by Deluxe Templates