ကရင်ပြည်နယ်တွင်အလုပ်သမားနေ့ကျင်းပ

ယနေ့ကျရောက်သည့် (၁၁၈) ကြိမ်မြောက် ကမ္ဘာ့အလုပ်သမားနေ့တွင် ကော်သူးလေ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် (FTUK) က ကရင်ပြည်နယ်အတွင်း၌ အလုပ်သမားနေ့ အခမ်းအနား တရပ် ကျင်းပ သည်။

အခမ်းအနားတွင် မေဒေးနေ့ ဖြစ်ပေါ်လာပုံ ILO အဖွဲ့၏ လုပ်ငန်းစဉ်များနှင့် နအဖ၏ လူထုဆန္ဒခံယူ ပွဲကို ကန့်ကွက်ရန် စသည်တို့ကို ဆွေးနွေးဟောပြောကြသည်။

ဖာပွန်မြို့နယ်၊ ကျိုက်ထိုမြို့နယ်နှင့် ရွှေကျင်မြို့နယ်၊ မြို့နယ် () ခု ဆုံရာ တြိဂံဒေသတွင် အခမ်း အနားကို ကျင်းပခြင်းဖြစ်ပြီး ဒေသတွင်း ကျေးရွာ (၃၀) မှ လူအင်အား (၄၀၀) ခန့် တက်ရောက် ကြသည်။

အခမ်းအနား တက်ရောက်လာသူ (၄၀၀) ခန့်မှာ မဲပေးပိုင်ခွင့်ရှိသူများ ဖြစ်ကြပြီး ၎င်းတို့က လွတ် လပ်စွာ စည်းရုံးခွင့် ရရှိရေး၊ အဓမ္မခိုင်းစေမှု ပပျောက်ရေး၊ နအဖ၏ ဆန္ဒခံယူပွဲကို ကန့်ကွက်ရေး၊ အလုပ်သမားများ အခွင့်အရေး ပြည့်ဝစွာ ရရှိရေး၊ လွတ်လပ်စွာ ဆန္ဒဖော်ထုတ်နိုင်ရေး၊ ဘဝလုံခြုံမှု ရရှိရေး၊ စစ်အာဏာရှင်စနစ် ကျဆုံးရေး စသည်တို့ကို စာတန်းများ၊ ဆိုင်းဘုတ်များ၊ နဖူးစည်းများ ဖြင့် ကြွေးကြော်ခဲ့ကြသည်။

တက်ရောက်လာသူ စောကညောက "ကျနော်တို့ကတော့ ကန့်ကွက်မဲထည့်ဖို့ အားလုံးစီစဉ်ထား တယ်။ ဖြစ်နိုင်ချေ ရှိ မရှိကတော့ နအဖရဲ့ သစ္စာရှိမှုအပေါ်မှာပဲ မူတည်တယ်။ ဒါပေမယ့် သူတို့က တော့ လိမ်မှာ သေချာတယ်" ဟု ပြောသည်။

အဆိုပါဒေသသည် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် တပ်မဟာ ()၊ တပ်မဟာ ()၊ တပ်မဟာ () နယ်မြေနှင့် နီးစပ်ပြီး အခမ်းအနားလုံခြုံရေးအတွက် ၎င်းတပ်မဟာ () ခုမှ တာဝန် ယူပေးခဲ့သည်။

ကော်သူးလေ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး စောရွာဟေက "ဒီနှစ် ဇန်နဝါရီကနေ မတ်လအထိ ကျနော်တို့အဖွဲ့ရဲ့ စစ်တမ်းအရ ညောင်လေးပင်ခရိုင် တပ်မဟာ () မှာ ကရင်လူထု (၄၅၃) ယောက် အတင်းအဓမ္မ ခိုင်းစေခြင်း ခံရတယ်။ ခိုင်းတဲ့ စစ်တပ်က ခမရ (၂၃၇)၊ ခမရ (၃၅၁)၊ ခမရ (၅၉၀)၊ ခမရ (၅၉၉) တို့ဖြစ်တယ်။ ရွာသားတွေကို စစ်သုံးလမ်းတွေ ဖောက်ခိုင်းတယ်၊ စစ်စခန်းတွေ ဆောက်လုပ်ပေးရတယ်၊ စစ်တပ်အတွက် ရိက္ခာနဲ့ တပ်အသုံး အဆောင်ပစ္စည်းတွေ ထမ်းပို့ပေးရတယ်" ဟု ခေတ်ပြိုင်သို့ ပြောသည်။

တောင်ငူခရိုင် တပ်မဟာ () တွင်လည်း ယခုနှစ် ဇန်နဝါရီမှ မတ်လအထိ ရွာသား (,၆၈၉) ဦး သည် ဒေသအခြေစိုက် ခမရ (၃၄၆)၊ ခလရ (၃၀)၊ ခလရ (၇၃) တို့၏ အဓမ္မခိုင်းစေခြင်းခံရသည် ဟု ၎င်းက ပြောသည်။

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင်လည်း ရောင်ခြည်ဦး အလုပ်သမားအဖွဲ့၊ မြန်မာနိုင်ငံ အလုပ် သမား သွေးစည်းညီညွတ်ရေးအဖွဲ့၊ မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ်အပါအဝင် မြန်မာ
အလုပ်သမားအရေး ဆောင်ရွက်နေကြသည့် အဖွဲ့အစည်းများက အလုပ်သမားနေ့ အခမ်းအနား များကို ပြုလုပ်ခဲ့ကြသည်။

(၁၉) ရာစုအတွင်း ခါးသီးလှသော ဘဝများကို ရင်ဆိုင်ခဲ့ကြရသော အဖိနှိပ်ခံ အလုပ်သမားတို့သည် ၁၈၈၆ ခု မေလ () ရက်တွင် အမေရိကန်နိုင်ငံ ချီကာဂိုမြို့မှ စတင်၍ ဖိနှိပ်သူ အစိုးရ၊ အရင်းရှင် နှင့် လုပ်ငန်းရှင်တို့အား မိမိတို့ဘဝနှင့် အသက်ကို ရင်း၍ ညီညွတ်သွေးစည်းစွာ သပိတ်မှောက် တိုက်ပွဲဝင်ခဲ့ပြီး ၁၈၉၀ မေလ () ရက်နေ့မှ စတင်ကာ သမိုင်းဝင် မေဒေးနေ့အဖြစ် သတ်မှတ်ခဲ့ သည်။

0 comments:

 

Design in CSS by TemplateWorld and sponsored by SmashingMagazine
Blogger Template created by Deluxe Templates