နတ်ဆိုးနာဂစ်
ထိုးနှက်ရက်စက် နင်တမင်ဖျက်သလဲ
မမြင်ရက်တဲ့ မြေဇာပင်လူသားတွေ
အပူများလို့ ပြိုလဲပျက်သုဉ်း
အားလုံးဆုံးရှုံးနေပြီ ။
အတုံးအရုံးနဲ့ ပျက်ဆီးလို့
ရမ္မက်မီးတွေတောက်နေရပြီ
အပျက်အဆီးအောက်မှာ
လူသားတွေ အစပျောက်နေပြီ
ခဏလောက်မြင်သာရင်
မင်းကြင်နာနိုင်မှာလား နတ်ဆိုး ...
အပျက်ဆီးအမျိုးမျိုးနဲ့
ဆိုးကျိုးတွေပေးတဲ့မင်း
ခဏအတွင်း ထွက်သွားသင့်ပြီ
အပျက်တရားနဲ့ ငါတို့မြေ
ငါတို့တွေ ကာကွယ်ချင်ပေမယ့်
အလာမလွယ်တဲ့ ခရီးနဲ့
မကြီးမြတ်နိုင်တဲ့ ငါတို့အတွက်
ငါတို့လက်တွေကို အားနာတယ် ။ ။
1 comments:
ကဗျာဖတ်ပြီး ခံစားသွားတယ်။
Post a Comment