ဆန္ဒခံယူပွဲရက် အပြောင်းအလဲ မရှိ

မဇ္ဈိမသတင်းဌာန

ချင်းမိုင်။ ။ ဆန္ဒခံယူပွဲကို မေလ (၁၀) ရက်နေ့တွင် စနေနေ့တွင် ပုံမှန်အတိုင်း ကျင်းပသွားမည် ဖြစ်ကြောင်း အစိုးရပိုင် မီဒီယာက ယနေ့ ကြေညာလိုက်သည်။

ဆန္ဒခံယူပွဲကျင်းပရန် ရက်ပိုင်းသာလိုပြီး ပြည်သူများလည်း မဲပေးရန်ဆန္ဒ ပြင်းပြနေသည်ဟုလည်း အစိုးရ၏ ကြေညာချက်က ဆိုသည်။

ရန်ကုန်အခြေစိုက် ကုလသမဂ္ဂ သတင်းရပ်ကွက်ကို ကိုးကားသော သတင်းအရ ဧရာဝတီတိုင်းသည် မုန်တိုင်းဒဏ်ကို ဆိုးဆိုးရွားရွား ခံခဲ့ရသည်ဟု ဆိုသည်။ ဧရာဝတီတိုင်း လပွတ္တမြို့နယ်တွင် ၇၅ ရာခိုင်နှုန်း ပျက်စီးခဲ့သည်ဟု အစိုးရ သတင်းက ထုတ်ပြန်ထားသည်။

ကုလသမဂကလည်း မြန်မာပြည်သို့ အဖွဲ့တဖွဲ့ စေလွှတ်ရန် ရှိနေသည်။ ရန်ကုန်တွင် သောက်ရေပြတ်လတ်မှု ကြုံနေရသည်ဟု ရန်ကုန်အခြေစိုက် ကုလသမဂ္ဂ သတင်းရပ်ကွက်ကို ကိုးကား၍ အေပီသတင်းတပုဒ်က ဆိုသည်။

0 comments:

 

Design in CSS by TemplateWorld and sponsored by SmashingMagazine
Blogger Template created by Deluxe Templates