KNU ဥက္ကဌ စောဘသင် ကွယ်လွန်
ကရင်အမျိုးသား အစည်းအရုံး ကေအင်န်ယူ ဥက္ကဌ ပဒိုစောဘသင်စိန်သည် ယနေ့ နံနက် အစောပိုင်းက ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့တွင် ကွယ်လွန်သွားသည်။ ကွယ်လွန်ချိန်တွင် အသက် ၈၁ နှစ်ရှိပြီဖြစ်သည်။ စောဘသင်စိန်သည် ၂၀၀၀ ပြည့်နှစ်မှ စပြီး ကေအင်န်ယူ ဥက္ကဌအဖြစ် ရွေးချယ် တင်မြောက်ခံခဲ့ရသူဖြစ်သည်။
ပဒိုစောဘသင်စိန် နှင့် နော်သယ်လ်မာကြီး (ကရင်အမျိုးသားခေါင်းဆောင် စောဘဦးကြီး၏ သမီး)။ (ဓာတ်ပုံ မိုးမခ)
၂၀၀၂ခုနှစ်က ကေအင်န်ယူစခန်းတစ်ခုတွင် တွေ့ရသော ကရင်အမျိုးသားခေါင်းဆောင် စောဘိုမြ နှင့် ပဒိုစောဘသင်စိန်။ (ဓာတ်ပုံ မိုးမခ)
0 comments:
Post a Comment