မြို့နယ်အချို့တွင် ဆန္ဒခံယူပွဲ မေ ၂၄ သို့ ပြောင်းလဲသတ်မှတ်


ချင်းမိုင်။ ။ စစ်အစိုးရက ဧရာဝတီတိုင်းမှ ၇ မြို့နယ်နှင့် ရန်ကုန်တိုင်း အတွင်းရှိ မြို့နယ် ၄၀ တို့တွင် အခြေခံ ဥပဒေ မူကြမ်းအပေါ် ဆန္ဒခံယူပွဲကို မေ ၂၄ ရက်နေ့သို့ ပြောင်းလဲ သတ်မှတ်လိုက်သည်။

မြန်မာ့ ရုပ်မြင်က လွန်ခဲ့သည့် ငါးမိနစ်အတွင်းက ကြားဖြတ်သတင်း ကြေညာသွားရာတွင် နာဂစ်မုန်တိုင်း ကြောင့် လူသောင်းပေါင်းများစွာ သေကြေပျက်စီးမှု ဖြစ်ခဲ့ပြီးနောက် မုန်တိုင်းဒဏ် ဆိုးရွားစွာ ခံခဲ့ရသော မြို့နယ်များတွင် ဆန္ဒခံယူပွဲကို ရက်သတ္တပတ် နှစ်ပတ် ရွှေ့ဆိုင်းလိုက်သည်ဟု ပါရှိသည်။

0 comments:

 

Design in CSS by TemplateWorld and sponsored by SmashingMagazine
Blogger Template created by Deluxe Templates