ကမ္ဘာ့အပုဆုံးအမျိုးသားနှင့် ခြေတံအရှည်ဆုံးအမျိုးသမီး

(၂၀၀၉)ခုနှစ် ဂင်းနစ်မှတ်တမ်းစာအုပ်သစ်တွင် ကမ္ဘာ့အရပ်အပုဆုံးလူသားအဖြစ် မှတ်တမ်းတင်ခြင်းခံခဲ့ရသူနှင့် ကမ္ဘာ့ ခြေတံအရှည်ဆုံးအမျိုးသမီးတို့အား အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့ရှိ Trafalgar Squareတွင် အတူယှဉ်တွဲတွေ့ရသည့် သူတိုင်းက အလွန်သဘောကျနေခဲ့သည်ဟုသိရသည်။ အသက်(၂၀)အရွယ် ဟီပင်ပိုင်သည်တရုတ်လူမျိုးဖြစ်ပြီး ၎င်း၏ အရပ်မှာ (၂)ပေ(၅.၃၇)လက်မမျှသာရှိပြီး ကမ္ဘာ့အရပ်အပုဆုံးပုဂ္ဂိုလ်အဖြစ်မှတ်တမ်းဝင်ခဲ့သည်။ ပန်ကရာတိုဗာမှာမူ ရုရှားနိုင်ငံသူဖြစ်ပြီး လက်ရှိစပန်နိုင်ငံတွင် နေထိုင်လျက်ရှိသည်။ သူမ၏ခြေတံများမှာ (၄)ပေ(၄)လက်မအရှည်ရှိသည်။ သူမ၏ခန္ဓာကိုယ်အထက်ပိုင်းမှာမူ သာမန်အနေအထားမျှသာရှိသည်။ ကမ္ဘာ့ခြေတံအရှည်ဆုံးအမျိုးသမီးအဖြစ် ရွေးချယ် သတ်မှတ်ခြင်းခံရသူ ပန်ကရာတိုဗာမှာ ကမ္ဘာ့အရပ်အမြင့်ဆုံးအမျိုးသမီးအဖြစ်မူ စံချိန်တင်ခွင့်မရရှိခဲ့ပေ။ အရပ်(၆)ပေ (၄)လက်မရှိသော အသက်(၃၄)နှစ်အရွယ်ပန်ကရာတိုဗာအနေနှင့် ကွယ်လွန်သွားခဲ့ပြီဖြစ်သော အရပ်(၇)ပေ (၇)လက် မရှိသူ ဆန်ဒီအလန်ထက် များစွာအရပ်ပုနေသေးကြောင်းသိရသည်။

2 comments:
စိတ်ဝင်စားစရာပို့စ်ပါပဲ ယုန်ကလေးရေ။ ဓာတ်ပုံတွေနဲ့ မျှဝေပေးတာ ကျေးဇူးတင်ပါတယ်နော်...
ကျေးဇူးပါ ယုန်ကလေးရေ... အခုလို ရေးပြတော့ အားလုံးလည်း သိရတာပေါ့ :)
Post a Comment