အိမ်လေးသုံးလေးအိမ်နှင့်မထင်မရှားသော်ညားလည်း ကျမတို့ငယ်ငယ်လေးကတည်းက ကျမတို့ အမိုးနှင့်အပါးက ရွာတ ရွာလို့ ခေါ်ကြတာကို ကျမသိလာခဲ့တယ်။ တကယ်တော့ ကျမရဲ့ မိုးမိုးက ဒီရွာကမဟုတ်ဘူးတဲ့။ ဒါဆိုရင် ဘယ်ရွာကလဲ။ ကျမလည်း ကျမမိုးမိုး ရွာကိုတော့သိချင်တယ်လေ။ မိုးမိုးပြောပြချက်အရ မိုးမိုက တခြားရွာကတဲ့ ကျမပါပါနဲ့အိမ် ထောင် ကျမှ ဒီနေရာကို လာနေရတာတဲ့။ ကျမဒီနေရာကို သိပ်မုန်းတာပဲ။ အိမ်ကလည်း အားလုံးပေါင်းမှ လေးအိမ်ပဲရှိတာကိုး။ လူတွေလည်းအဲ့ဒီလိုပါပဲ။ အားလုံးမှ အယောက်နှစ် ဆယ်တောင်မပြည့်ဘူး။ သစ်ပင်တွေက ကျမတို့ရွာတခုလုံးကို ပိန်းထူ အောင်ကာရံထားသလိုပါပဲ။ မနက်လည်း မနက်လိုမထင်ရ။ ညရောက်တော့ပိုဆိုးတာပေါ့။
ခြင်တွေ ဖြုတ်တွေ ဆို ပေါ့မှပေါ့။ ဒါကို မိုးမိုးက ဒီရွာမှာ နေချင်တယ်တဲ့။ ပါးပါးကို သိပ်ချစ်တဲ့မိုးမိုးကတော့ နေချင်မှာပေါ့ လေ။ ကျမကတော့ ဒီရွာကိုစိတ်ကုန်လှပါပြီး။ ရွာမှာရှိတဲ့လူတွေက ညဖက်ကျရင် ရွာထဲမှာ မအိပ်ကြဘူး။ မိုးကာတွေ စောင်တွေ ယူပြီးတော့ တောထဲမှာသွားအိပ်ကြတယ်တဲ့ ကျမဘယ်လိုလုပ်သွား အိပ်ချင်မှာလဲ။ ကိုယ့်အိမ်ရှိလျက်နဲ့ မအိပ်ရတဲ့ဘ၀ကို ကျမလည်း မလိုလားသလို ကျမသူငယ်ချင်းတွေ ကလည်း လိုလာမယ်လို့ မထင်ပါဘူး။ ဘာလို့ အပြင် မှာသွားအိပ်ရသလဲလို့ မိုးမိုးကိုမေးတော့ အော် ဖိုးမုရယ် မိုးမိုးတို့ရွာက သူများရွာတွေလို မဟုတ်ဘူးလေ။ ရန်သူလာရင် ပြေးရမှာပဲ မဟုတ်ဘူးလား။
ပြေးရတင်မကဘူး သူတို့လာရင် မိုးမိုးတို့ အကုန်လုံးကို သေနတ်နဲ့ ပစ်သတ်တာ တယောက်မှ ညှာတာမဟုတ်ဘူး။ အဲ့ဒါကြောင့် လုံခြုံတဲ့နေရာကို သွားအိပ်ရတာပေါ့။ မိုးမိုးလည်း ဘယ်အိပ်ချင်မှာလဲ။ သူတို့ကို ကြောက်လို့တော့ မဟုတ်ပါ ဘူး။ မိုးမိုးတို့မှာ ပြန်ခုခံနိုင် မယ့် လက်နက်ဆိုတာလည်းမရှိဘူး။ ဘာဆိုဘာမှရှိတာမဟုတ်ဘူးလေ။ အဲ့ဒါကြောင့်ပါ။ တနေ့ကျရင် ဖိုးမုနားလည်လာမှာပါ။ မိုးမိုးပြော ဆိုသမျှကိုသာ နာထောင်နေတော့တယ်။ တကယ့်တော့ ကျမအသက် အရွယ်နဲ့ ဆိုရင် ဘာမှာ သိနားမလည်သော်လည်း ရှင်းပြလျှင်တော့ အားလုံးကို နားလည်ပါတယ်။ ယခုကျမ အသက် (၈)နှစ်အရွယ်လေးပဲရှိသေးတာပဲ။
နောက်ထပ်ကျမအများကြီး ကျော် ဖြတ်ရအုံးမှာပါလား။ ကျမမိုးမိုးပြောပြချက်အရ ကျမမောင်လေး (၁)နှစ်သားအရွယ်က ကျမရဲ့ ပါပါက ဆုံးသွားတာတဲ့။ ကျမ၈နှစ် သမီးရောက်နေသော်လည်း ကျမရဲ့ ပါပါကိုး သိပ်မတွေ့ရပါ။ အကြောင်းက တော့ ကျမရဲ့ပါပါက အမြဲတမ်းရှေ့တန်းသွားနေတာတဲ့။ အော် ကျမရဲ့ပါပါက တကယ်တော့ နိုင်ငံတာဝန်ကို တစိတ်တ ဒေသက ထမ်းရွက်နေတာပဲ လို့ တွေးပြီးဝမ်းသာမိတယ်။ မိုးမိုးပြောပြချက်အရ ပါပါဟာ ရန်သူ့လက်ချက်နဲ့ ဆုံးသွား တာတဲ့။ ဖြစ်မှဖြစ်ရလေ ပါပါရယ်။ တရက် ပါပါဟာအိမ်မှာ ပြန်လာရင်း မိသားစုနဲ့ ပျော်နေ တဲ့နေ့လေးတစ်နေ့မှာပေါ့။ အဲ့ဒီနေ့လေးဟာ ကျမတို့ရဲ့ မိသားစုအသိုက်အမြိုက်ကို ဖျက်သိမ်းလိုက်သလိုပါပဲ။ ကံဆိုးမိုးမှောင်းကျတဲ့ နေ့ပဲလို့ကျမခံ ယူလိုက်ပါတယ်။
ကျမရဲ့ တစ်ဦး တည်းသော မောင်လေးဟာ အပါးပြန်လာတဲ့နေ့မှ ငှက်ဖျားနဲ့ အိပ်ရာထဲမှာ ခွေခွေလေး ဖျားနေတာက စတာပါပဲ။ အပါးသူ့သားလေး ဖျားနေတာကို မကြည့်ရက်တဲ့အတွက် မိုးမိုးကို ဆူတော့တာပဲ။ သိတဲ့အတိုင်းပါပဲ။ ဒီအိမ် လေးသုံးလေးအိမ်ရှိတဲ့ရွာမှာ ဘယ်လိုလုပ်ဆေးစုံ မှာလဲ။ အိမ်နီးချင်းအိမ်တွေမှာလိုက်တောင်းတော့လဲ သူတို့မှာမရှိ တော့ဘူးတဲ့။ မနေ့ကမှ ကုန်သွားတယ်လို့ ပြောလိုက်တော့ ပါပါဟာ စိတ်မကောင်းစွာနဲ့ အိမ်ကို ပြန်လာတော့တာပဲ ။ မိုးမိုးကတော့ တောရဲ့ ဓလေ့ထုံးထမ်းစဉ်လာအရ အရွက်တွေကို ထောင်းပြီးတိုက်တယ်။ ဒါပေမယ့် ကျမရဲ့ မောင်လေး ဟာ အခြေအနေမကောင်းလာပါဘူး။
အိမ်နီးနားချင်းတွေလည်း လာပြီးကြည့်ပေးကြတယ်။ သူတို့အပြောအရ ဒီနေ့မှဆေးမသောက်ရရင် အခြေအနေဆိုးလာ နိုင်တယ်တဲ့။ ဒါကြောင့်မို့ အပါးဟာ တခြားနည်းနဲ့ ရအောင်ရှာချင်တယ်လေ။ မိုးမိုးမေးတော့ မိုးမိုးကဟိုဘက် ကရွာမှာ တော့ ရှိတယ်တဲ့ ဒါပေမယ့် မိုးချုပ်နေပြီး ဘယ်လို လုပ်မလဲ။ အခုသွားမှ ရှင်မနက်စောစောပြန်ရောက်လာမှာ။ မသွားပါနဲ့ ဒီဆေးတွေနဲ့ တိုက် ကြည့်ပါဦးမယ်။ ရွာရဲ့ အခြေအနေကလည်း မကောင်းဘူး။ ရန်သူရှိတယ်လို့ ပြောသံတွေ မနေ့က ကြားနေရတယ်။ သူတို့ဘယ်တော့ရောက်လာမလဲဆိုတာ ကျမတို့မသိဘူး။ တိုး တိုးတိတ်တိတ်နေကြရအောင်။ ဒါပေမယ့် ပါပါဟာ သားကိုချစ်ဇောနဲ့ မရရတဲ့နည်းနဲ့ ရှာချင် တယ်လေ။
မိုးမိုးဆီမှာ ဓါတ်မီးတောင်းပြီး ထွက်သွားတော့တာပါပဲ။ ဘယ်ကိုထွက်သွားလဲ ဆိုတာ မိုးမိုးကို ပြောမသွားပါဘူး။ မိုးမိုးမသိ အောင် သွားတယ်။ မိုးမိုးသိရင် သူကိုမလွတ်မှာ ဆိုးသတဲ့။ ဒီလိုနဲ့ ပါးပါးဟာ သားလေးကျန်မာဖို့အတွက် သားလေး သောက်ရမယ့်ဆေးကို ရအောင်ယူဖို့အတွက် တခြားရွာဘက်ကို ခြေဦးလှည့်တော့တာပဲ။ အဲ့ဒီရွာဟာ ဆိုလိုရှိ ရင် ကျမတို့ ရွာနဲ့ အဝေးကြီးပါ။ ဒါပေမယ့် ရဲဘော်တွေရဲ့ ခြေလှမ်းနဲ့တော့နာရီလေးပဲ လျောက်ရတယ်။ မိုးမိုးကတော့ သူ့သားကို ကုရင်းနဲ့ ပါပါးအတွက် စိုးရိမ်နေတာပဲ။ မိုးမိုးဟာ မအိပ်မနေပဲ ပါးပါးကို ပြန်လာနိုးပြန်လာနိုး မျှော်နေခဲ့တယ်။ ဒါပေမယ့် ပါပါးဟာ ပေါ်မလာပါဘူး။ အဲ့ဒီအချိန်တခြားရွာ ဘက်က သေနတ်သံတွေကို အဆက်မပြတ်ကြားနေရတယ်။
ကျမတို့ရွာမှာ ရွာသူရွာသားတွေလည်း အထုတ်ကိုဆွဲပြီး ပြေးတော့တာပါပဲ။ မှတ်မှတ်ရရ မိုးမိုးဟာ သမီးလေး မိုးမိုးလက်ကို ကိုင်ထား နော် မလွတ်စေနဲကြားလားတဲ့။ ကျမလည်း ဟုတ်ကဲ့။ မိုးမိုးဟာ ကျမကိုအထုတ်တခုပေးပြီး သူ့သားကို ချီလျက်နဲ့ ပြေးတော့တာပဲ။ ကျမလည်း မိုးမိုးတို့ပြေးတော့ ငိုပြီးလိုက်လိုက်သွားတယ်။ မိုးမိုးက မငိုပါနဲ့သမီး ရယ်။ မောင်လေးနိုးနေဦးမယ်။ သမီးမောင်လေးက နေမကောင်ဘူးမဟုတ်လား။ သမီးငိုရင် သမီး မောင်လေးနိုးမှာပေါ့။ ကျမလည်း မောင်လေးနိုးရင် ငိုမှာစိုးလို့ မငိုတော့ပဲ နေလေသည်။ အဲ့ဒီအချိန် မိုးမိုးမှာ ပူပင်သောက မြောက်များစွာနဲ့ တောထဲမှာ ပုန်းနေတော့တယ်။ မိုးမိုး အိမ်းနီးနားချင်းတွေကို ပါးပါးအတွက် သူစိုးရိမ် တယ်တဲ့။ ပြန်လည်းမလာသေးဘူး။
သူဘယ် လိုလုပ်ရမလဲဆိုတာ စဉ်းတောင်မစဉ်းစားတတ်တော့ပါဘူး။ အပါးအတွက် စိုးရိမ်ရတာတစ်မျိုး မောင်လေးကျန် မရေးမကောင်း တာကတဖုံ၊ တောထဲစစ်ပြေးရတာကလည်းတမူဆိုတော့ မိုးမိုးဟာ ရူးမတတ်အောင် ခံစားရတယ်။ တောထဲရောက်တော့လဲ တိတ်ဆိတ် စွာနဲ့ပဲ တောရဲ့ အကာအကွယ်ကို ယူရတယ်။ ဖြုတ်တွေကလည်းကိုက် ပြေးတုန်းက ဆူးနင်းမိ မှန်းမသိသော်လည်း နားတဲ့ အချိန်ရောက် ခြေထောက်နာလာတာကို ခံစားရတယ်။ မိုးမိုး ကိုပြောပြတော့ မိုးမိုးက စကားမပြောရဘူး ငြိမ်ငြိမ်နေတဲ့။ ကျမလည်း ကြောက်လွန်း ဘာမှကို မပြောရဲတော့ဘဲ တိတ်တိတ်လေး နေတော့တယ်။
အပါးပြန်လာမယ်ဆိုတာကို ကျမမေမေမျှော်လင့်သလို ကျမလည်းပါပါးကို စောင့်မျှော်နေဆဲပါ။ အဲ့ဒီနေ့ညက ကျမတို့ မိသားစု တောချုံပုတ်လေးထဲမှာ အိပ်ခဲ့ရတာကို ကျမခုထိမှတ် မိနေတုန်းပဲ။ မနက်လည်းလင်းရော ကိုယ်အိမ် ကိုယ့်ပြန် မရဲသေးတဲ့ ကျမတို့ရွာ သူရွာသား တွေရဲ့အဖြစ်ဟာ ဘယ်လောက်များကြေကွဲစရာကောင်းသလဲ၊ ဒါပေမယ့် ဦးလေးတစ် ယောက်ကို ရန်သူတွေရောက်နေလား။ ရှိသေးလား ဆိုတာကို ပြန်စုံစမ်းခိုင်းတယ်။ ပြီးမှ ကျမတို့ရွာ ထဲကို ပြန်လာရတာပါ၊ အိမ်ရောက်တော့ ရန်သူတွေမွေထားတာ ရစရာတစ်ခုမှ မရှိတော့ပါဘူးဆိုတာ ကျမတွေ့ခဲ့ရတယ်၊ ဒါပေမယ့် တောထဲမှာ ပွက်ထားတဲ့ဆန်လေးတွေကို ထောင်းပြီး တစ်မနက် စာကို ကျမတို့ မိသားစုရှိတာလေးနဲ့ စားသောက်ခဲ့ရတယ်၊ ဘာပဲ ဖြစ်ဖြစ်ကျမကတော့ ပါပါးကို မျှော်နေတုန်း ဆဲပါပဲ။
ကျမအပါးပြန်မလာတာကြာလို့ မိုးမိုးကို သွားမေးတော့ ကျမမိုးမိုးက ကျမကို ဖတ်ပြီးငိုနေတာကို ကျမကြုံခဲ့ရတယ်။ ကျမ မိုးမိုးက ဖိုးမုရယ် ဖိုးမုပါပါက ရန်သူသတ်လို့သေသွားပြီးတဲ့။ အဲ့ဒီအချိန်တုန်က ကျမငိုရမှာကိုလည် မသိသေးပါးဘူး၊ မိုးမိုးငိုနေတာမြင်မှ ကျမမျက်ရည်ကျပြီး ငိုခဲ့တာကိုသတိရနေတန်းပါ။ အပါးမရှိတော့တဲ့နောက်ပိုင်း မိုးမိုးဟာကျမ တို့မောင်နှမကို စားကျွေးခဲ့ရပါတယ်။ ရာသီတွေ နှစ်တွေလပြောင်းလို့ ကျမလည်းကျောင်း နေလို့ရတဲ့ အရွယ်ရောက်တော့ မိုးမိုးက ကျမကို တစ်ခြားရွာမှာ ကျောင်းတက်ဖို့အတွက် ပြောင်းလာခဲ့ပါတယ်။ အဲ့ဒီရွာမှာလည်း လေးတန်းအထိပဲရှိ တာပါ။ ကျမတို့ရွက်ထက်တော့ နည်းနည်းကြီးတာပေါ့။
ဒါပေမယ့် ရန်သူလာရင် ကာကွယ်ဖို့အတွက် ကျောင်းအောက်။ အိမ်အောက်တွေမှာ ဂတုတ်ကျင်းတွေ တူးထားကို ကျမ တွေ့မြင်သိခဲ့ရတယ်၊ သြော်... သူတို့ရွာတွေလည်း ငါ့တို့ရွာလို့ပဲ ရန်သူကြောက်ရတာ ပဲ၊ ပထမကျမကျောင်းသွားရတာကို မုန်းတယ်၊ ဒါပေမယ့် မိုးမိုးက ကျမကို အမျိုးမျိုးချော့ မော့ဖြေသိမ့်ခဲ့တယ်၊ တကယ့်လို့ ကျမကြီးလာပြီး ပညာမတတ်ရင် ကျမကို သူများခိုင်းတာ လုပ်ရမယ်တဲ့။ သမီးလုပ်ချင်သလားတဲ့ ကျမလည်း... မလုပ်ချင်ဘူးလို့ပြန်ဖြေတာပေါ့။ နောက်ပြီး သမီးရဲ့အပါးကို ချစ်သလားတဲ့။ ကျမအပါးကို ချစ်တာသိလျက်နဲ့ မိုးမိုးက ကျမကို တမင်မေးခဲ့တာပဲ။ ချစ်တာပေါ့လို့ ပြန်ဖြေခဲ့တယ်၊ မိုးမိုးဟာ အေး...မလုပ်ချင်ရင် ပါပါးကို ချစ်ရင်ကျောင်းတက်နော်။ စားကြိုးစားတဲ့။ ကျမလည်း အဲ့ဒီနေ့ ကစပြီး ကျောင်းတက်ခဲ့ရ တယ်။
ရင်နာခဲ့တဲ့ဘ၀တွေနဲ့ ကျမစားကို ကြိုးစားခဲ့တယ်။ ကျမလေးတန်းအောင်လို့ ငါးတန်းတက်ရမယ့်နေ့မှာ မိုးမိုးဟာ ကျမကို ဘယ် နေရာပို့ရမှန်းမသိခဲ့ပါဘူး။ တကယ်တော့ ကျမမိုးမိုးဟာ တောသူဌေးတစ်ယောက်ရဲ့ တစ်ဦးတည်းသော သမီးတဲ့။ ကျမဘယ်လိုသိခဲ့ ရသလဲဆိုရင် ကျမ(၅) တန်းတက်ရမယ့် အချိန်မှာ ကျမ မိုးမိုးဟာ ကျမတို့မောင်နှမကို လက်တွဲပြီး ကျမ ဘိုးဘိုး ဘွားဘွားရဲ့ အိမ်ကို ပြန်လာခဲ့တယ်၊ ကျမမှာ ဆွေမျိုးတွေရှိသေး တာကို ကျမဘယ်လိုမှ မယုံနိုင်ခဲ့ပါဘူး၊ အဘိုးအဘွားရှိတာကို ကျမမိုးမိုးတခါမှ ပြောသံမ ကြားဖူးပါဘူး၊ ဘာကြောင့်မပြောသလဲဆိုတာ ကျမဘိုးဘိုးအိမ်ရောက်မှ သိခဲ့ရပါတယ်၊ အဘိုးဟာ ကျမတို့မောင်နှမကိုကြည့်ပြီး မျက်ရည် တွေ ကျခဲ့ပါတယ်။ မင်းတို့အမိုးက မာန တအားကြီးလို့ အခုလိုမြေးလေးတို့ နေရတာတဲ့။
မိုးမိုးလည်း အဘိုးကို ဖတ်ပြီးငိုခဲ့ရပါတယ်၊ တကယ်တော့ မိုးမိုးဟာ အပါးနဲ့ယူတာကို ဘိုးဘိုးတို့က သဘောမတူ တဲ့အတွက် ခိုးရာ လိုက်သွားတာတဲ့။ အဘိုးတို့သဘောမတူတာကို သိတဲ့မိုးမိုးဟာ အဖေနဲ့ခိုးရာလိုက်ပြေးပြီးတဲ့အချိန်မှာ အိမ်ပေါ်ကို ပြန်မတက်လာ တော့ပါဘူး။ ခြေရာပါ ဖြောက်တဲ့သဘောပါပဲ။ ဒါပေမယ့် ကျမတို့မောင်နှမပညာရေးအတွက် အိမ်ကိုပြန်လာတာတဲ့။ အဘိုးက ကျမတို့ အပါးကို မုန်းပေမယ့် ကျမတို့ကိုတော့ ချစ်တာတုန်နေတာပဲ။ အဘိုးတို့နဲ့ နေရပေမယ့် ကျမ ကတော့ အပါးကို သတိရနေတုန်းပါပဲ။ ညညအိပ်လည်း အပါးက ကျမအတွက်မုန့်တွေ ၀ယ် ပြီး အိမ်ပေါ်ပြန်တက်လာတယ်ဆိုတဲ့ အိပ်မက်တွေ မက်ခဲ့တယ်။ ဒီအချိန်မှာ အပါးသာရှိခဲ့ လျှင်ဆိုတဲ့ အတွေးကို ကျမအခါခါတွေးမိပါသေးတယ်။ တကယ်လို့ အပါးသာ ရှိခဲ့လျှင် ကျမ အခုကျောင်းတက်နေတယ်။ မောင်လေးလည်း ကျောင်းတက်နေတယ်။
ဘိုးဘိုးလည်း စိတ်တွေဖြေခဲ့ပြီးဆိုတာကို ကျမအပါးကို ပြောလိုက်ချင်ပါတော့တယ်...... အပါးရေကောင်း ရာသုခ ရောက်ပါ စေသာ. ...နော်။။။
ယုန်ကလေး
3 comments:
တီတီယုံရေ...ဖတ်ရတာစိတ်မကောင်းဘူး..
စိတ်မကောင်းစွာနဲ့ပဲတစ်ပုဒ်လုံးကိုဆုံးအောင်
ဖတ်သွားတယ်။
ဖိုးမုလေးရယ်..ပါပါး ကောင်းရာသုခမှာ
စံပျော်နေမှာပါနော်....
ပါပါး ဖိုးမုလေးတို့ကိုကြည့်ပြီးကျေနပ်နေမှာပါ။
စိတ်မကောင်းဘူးတီတီယုံရယ်.. :(
ဖြစ်ရလေယုန်လေးရယ်။
ဖိုးမူလေးတွေ ချမ်းမြေ့ပါစေ။
ပါးပါးမိုးမိုးတို့ နဲ့ ကိုယ့်အိမ်မှာကိုယ်မြန်မြန် နေနိုင်ပါစေ။
ှု I feel a deep pity for you, indeed.
Post a Comment