လတ်တလော ကိုယ့်ရဲ့အကြိုက်။ ဆန္ဒ။ ခံယူချက်။ ဖြစ်တည်မူ...."


အမ(လင်းလတ်ကြယ်စင်) ရေ...ညီမရေးလိုက်ပြီးနော်။ လာဖတ်ပါဦး သေသေချာချာကို ရေးလိုက်တာ။
lol
ကိုယ့်ရဲ့နာမည်- နာမည်လား။ အများကြီးပဲကော။ ဒါပေမယ့် ယုန်ကလေးကိုပဲကြိုက် တယ်။

ကိုယ်ကိုသူငယ်ချင်းတွေက ဒီလိုခေါ်တယ်- ယုန်မ။ ကရင်မ။.....

ကိုယ်ဒီမှာနေတယ်- မြန်မာပြည်နဲ့နီးတဲ့ နိုင်ငံမှာ

ကိုယ့်ဆီဖုန်းဆက်ချင်ရင်- ကြိုက်တဲ့နံပတ်နှိပ်လိုက်..မြည်ရင်ကိုင်လိုက်မယ် အိုကေ

ကိုယ့်ရဲ့အကြိုက်ဆုံးတွေက

အရောင်ဆိုရင်- အဖြူရောင်ကိုကြိုက်တယ်။ ဒါပေမယ့် ပန်းရောင်။ အနီရောင်ကိုလည်း ကြိုက်တယ်။ အနီရောင်က ရဲရင့်ပြီး ပြတ်သားတယ်လေ။

အ၀တ်အစားဆိုရင်- လွတ်လပ်ပြီးပေါ့ပါးတဲ့အ၀တ်အစားကိုပိုကြိုက်တယ်။ မြန်မာဆန်တဲ့ အ၀တ်အစားကို နှစ်သက်တယ်၊

အစားအစာဆိုရင်- အသီးအရွက် အစိမ်းကြော်ကိုပိုကြိုက်တယ်။ ပင်လယ်အစားအစာကို အကြိုက်ဆုံးပဲ။

ပစ္စည်းဆိုရင်- ကဗျာဆန်ပြီး လှပတဲ့အရာကို နှစ်သက်တယ်။

သီချင်းဆိုရင်- အသံကုန်အော်တဲ့ သီချင်းကို မုန်းတယ်။ အကြိုက်ဆုံးသီချင်းက မြန်မာသီချင်းမှာဆိုရင် သူငယ်ချင်းချစ်သူ။ အင်္ဂင်္လိပ် မှာဆိုရင် cry on my shoulder ကို ကြိုက်တယ်။

စာရေးဆရာ- ဂျူး။ မြသန်းတင့်။ လွန်ထားထား။ ဂျာနယ်ကျော်မမလေး။ တက္ကသိုလ်ဘုန်းနိုင်။ ကောင်းသန့်။ မိုးမိုးအင်းလျား။

စာအုပ်ဆိုရင်-မွှေး။ ကြာတော့လည်း မောင့်စကား။ ကန္တရဦး။ သမီးလေးဖတ်ဖို့။ ....ဘ၀နဲ့ ပတ်သက်တဲ့စာအုပ်။ အမေနဲ့ပတ်သက်တဲ့ စာအုပ်တွေကို ကြိုက်တယ်။

life style-
မိဘတွေနဲ့ ပျော်ရွင်စွာနေထိုင်ခြင်း။

ကိုယ်ရဲ့ဝါသနာ-ပန်ချီဆွဲခြင်း။ စာဖတ်ခြင်း။ စာရေးခြင်း။ သီချင်းနာထောင်ခြင်း။

အလိုချင်ဆုံးလက်ဆောင်- ပန်ချီကားချပ်များ။ အရုပ်များ။ စာအုပ်များ။

ကိုယ့်ရဲ့ အချစ်ဆုံးသူက- ကျေးဇူးရှင် မိဘနှစ်ပါး နှင့် တစ်ဦးတည်းသော သူငယ်ချင်း။

ကိုရဲ့အခင်ဆုံးသူငယ်ချင်းက- အတန်းဖော်သူငယ်ချင်း။

ကိုယ့်ကို အများဆုံးနားလည်မှုပေးနိုင်သူက- လူတိုင်းဟာ ကိုယ်ကိုနားလည်မူအရှိဆုံးလို့ ထင်ပါတယ်။

ကိုယ့်ရဲ့အမုန်းဆုံးသူက-သူတပါးအပေါ်မှာ ကောက်ကျစ်တဲ့သူ။ လိမ်ညာလှည့်ဖြားတဲ့သူ။ သူတစ်ပါးပျော်ရွင်တာကို မနာလိုသူ။

ရင်အခုန်ဆုံးအချိန်-ခုလောလောဆယ်မှာတော့ မရှိသေးပါဘူး။ ဒါပေမယ့် ယုန်လေးထင်တယ်။ ချစ်သောသူနဲ့ ပြန်ဆုံမယ်နေ့ .... ဟိဟိ။

အကြောက်ဆုံးအချိန်- ချစ်သောသူပစ်သွားသောနေ့။

အမှတ်တရနေ့- ဆယ်တန်းဖြေပြီး သူငယ်ချင်းတွေနဲ့ ရွာကိုပြန်တဲ့နေ့။

ဆုတောင်းတိုင်းသာပြည့်မယ်ဆိုရင် တောင်းမဲ့ဆု- အေးချမ်းသာယာပြီး လှပတဲ့ အိမ်လေးထဲမှာ မိသားစုပျော်ပျော်နေချင်တယ်။ အိမ်ရဲ့အလှအပကို ပန်ချီကားတွေနဲ့ ချိတ်ဆွဲထားချင်တယ်။ တိတ်ဆိတ်တဲ့ ခြံထဲမှာလည်းပန်ချီဆွဲချင်တယ်။

အချစ်ဆိုတာ- ဘ၀မှာလိုအပ်တဲ့အရာတစ်ခု

အမုန်းဆိုတာ-မရှိလေကောင်းလေပဲ

အလွမ်းဆိုတာ- ကိုယ့်အနားမှာ မရှိတဲ့သူကို သတိရခြင်း။

သံယောဇဉ်ဆိုတာ- တွယ်တာခြင်းနှင့်ရစ်ပတ်သောအရာ။

ဘ၀ဆိုတာ- အမြဲတမ်းပြောင်းလဲတဲ့အရာ။

သူငယ်ချင်းဆိုတာ- ရင်ဖွင့်ဖော်ရင်ဖွင့်ဖက်။ တိုင်ပင်ဖော်တိုင်ပင်ဖက်။
ချစ်သူဆိုတာ-မိမိအပေါ်မှာ နားလည်မူရှိပြီး ကြင်နာတတ်သူ။

ကိုယ့်ကိုကိုယ်ဒီလိုထင်တယ်- လောကကြီးအကြောင်းကို စူးစမ်းလေ့လာ သင်ယူသူ

ကိုယ့်ရဲ့လက်ဆွဲဆောင်ပုဒ်က- အချိန်နှင့်ဒီရေသည် လူကိုမစောင့်။


အပြောချင်ဆုံးစကားတစ်ခွန်း- ကိုယ့်ကိုယ်ကို ယုံကြည်မူရှိပါ။

ကျန်တဲ့ကိုကို မမတွေလည်းပေးဦးနော်။ အမှတ်တရအဖြစ်နဲ့ပေါ့။ အိုကေ

ကိုပြည်စုံ
ကိုမာန်လှိုင်းငယ်
မမ အိမ်လေး
မမ biggesthu
dream angel

ယုန်ကလေး

0 comments:

 

Design in CSS by TemplateWorld and sponsored by SmashingMagazine
Blogger Template created by Deluxe Templates