လယ်သမား ကလေးငယ်တွေကို ကျောင်းပစ္စည်း ထောက်ပံပေးအပ်ပွဲ

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆၆ နှစ်မြောက် မွေးနေ့ အထိမ်းအမှတ်အဖြစ် တောင်သူလယ်သမား တွေရဲ့ ကလေး ၁၇၂ ဦးကို မေတ္တာအားမာန်အဖွဲ့က ကျောင်းသုံးပစ္စည်းတွေနဲ့ ထောက်ပံ့ကြေးငွေ ပေးအပ်ခဲ့ပါတယ်၊

အဲဒီပေးအပ်ပွဲအခမ်းအနားကို ၇န်ကုန်မြို့ သင်္ကန်းကျွန်းမြို့နယ်မှာ အခုလ ၁၈ ရက်နေ့ကကျင်းပ သွားခဲ့တာပါ၊

အခမ်းအနားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုတောင်သူလယ်သမားအဖွဲ့က တာဝန်ရှိ သူတွေ ၊ လယ်ယာမြေ အသိမ်းခံရတဲ့ လယ်သမားတွေ အပါအ၀င် ကလေးငယ်တွေလည်း တက်ရောက်ခဲ့ကြပါတယ်။

ဒီကလေးတွေဟာ အစိုးရရဲ့ လယ်ယာမြေအဓ္ဓမ အသိမ်းခံရတဲ့ တောင်သူလယ်သမားတွေရဲ့ ကလေးတွေလည်း ဖြစ်ပါတယ်၊

အဲ့ဒီနောက် အခမ်းအနားမှာ တက်ရောက်လာသူတွေက ကဗျာရွတ်ဆိုတာတွေ၊ အမှာစကား၊ ဆုံးမစကား ပြောကြားခဲ့ပါတယ်။

0 comments:

 

Design in CSS by TemplateWorld and sponsored by SmashingMagazine
Blogger Template created by Deluxe Templates