လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ ဆက်စပ်မှု ကွာခြားမှု

လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ ဆက်စပ်မှု ကွာခြားမှု

လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ ဆက်စပ်မှုကွာခြားမှုနှင့် ပတ်သက်ပြီး ပုံပြင်ကလေးတစ်ခုကို ပြန်လည်ဖေါက်သည်ချလိုပါသည်။ ဒီပုံပြင်ဟာ ကျမသင်တန်းတက်တုန်းက သင်ခဲ့ရတဲ့ ပုံပြင်တစ်ပုဒ်ဖြစ်ပါတယ်။ သူငယ်ချင်းတို့လဲ ဘယ်လိုသဘောရလဲဆိုတာ ဖော်ပြလိုက်ပါ တယ်။ ကျေးဇူးပြုပြီး ဒီပုံပြင်ကို ဆုံးအောင်းဖတ်ပေးပါနော်။

ရှေးအခါက ဒီမိုကရေစီနိုင်ငံကြီးတစ်နိုင်ငံမှာ လူသုံးသောင်လောက်နေထိုင်ကြတဲ့ ရွာကြီး တစ်ရွာရှိသတဲ့။ ရွာက သာမန်ရွာဆင်းရဲသား လယ်သမားတွေ အနေများကြတဲ့ ရွာဖြစ်သ တဲ့။ ငယ်စဉ်ကတည်းက မိဘနှစ်ပါးလုံး ဆုံးပါးသွားပြီး ဆွေမျိုးများနဲ့ နေထိုင်ရတဲ့ မိန်းမပျို လေးတစ်ယောက်ဟာ တစ်နေ့တော့ ရွာကနေ မျက်ရည်စက်လက်နဲ့ ထွက်ခွာသွားသတဲ့။ သူမဘာကြောင့်ဒီလို ၀မ်းနည်းပက်လက်နဲ့ ထွက်ခွာသွားကြောင်းကို မေ့သွားကြသတဲ့။

နှစ်တွေသုံးဆယ်ကျော်ကြာပြီတဲ့တနေ့မှာ သစ်လွင်ကောင်းမွန်ပြီး တကယ့်သူဌေးကြီးတွေမှ သာ စီးနိုင်တဲ့ ဇိမ်ခံကားကြီးတစ်စီးဟာ ရွာထဲကို တဖြေးဖြေးမောင်းဝင်လာသတဲ့။ ရွာသား တွေကလဲ ဒီလောက်ကောင်းတဲ့ ကားကြီးရွာကိုလာတာ မမြင်ဖူးတော့ ထွက်ကြည့်ကြသတဲ့ ကားကြီးဟာ ရွာသူကြီးအိမ်ရှေ့မှာ ရပ်ပြီးစိန်တွေ ရွှေတွေညွတ်နေအောင် ၀တ်ထားတဲ့ မိန် မကြီးတစ်ယောက်နဲ့ သူ့အဖေါ်တွေ ဆင်းလာသတဲ့။ ပြီးတော့ အဲဒီမိန်းမကြီးက ရွာသား တွေအားလုံးအတွက် လက်ဆောင်ပေးစရာပါလာတဲ့အတွက် နံက်ဖြန်ကျရင် ရွာလည်က ဓမ္မရုံကြီးမှာ လူစုပေးဖို့ ရွာသူကြီးကိုပြောသတဲ့။ ရွာသူကြီးကလည်း မိန်းမကြီးရဲ့အရှိန်အ၀ါ ကို စိုးရွံ့တာရော။ လက်ဆောင်ပစ္စည်းလိုချင်တာရော နှစ်ခုပေါင်းပြီး လူစုပေးဖို့ သဘောတူ လိုက်သတဲ့။

နောက်တစ်နေ့ နံနက် ဓမ္မရုံမှာ လူစုံတဲ့အခါကျတော့ မိန်းမကြီးက မတ်တပ်ရပ်လိုက်ပြီး လွန်ခဲ့တဲ့နှစ်ပေါင်းသုံးဆယ်လောက်တုံးက ဒီရွာကထွက်သွားတဲ့ မိန်းကလေးဟာ ကျမပဲလို ပြောလိုက်သတဲ့၊ အဲဒီအခါမှာ ရွာသားတွေအားလုံးဟာ အံ့သြလွန်းအားကြီးတဲ့အတွက် ဟင် ဆိုတဲ့ အသံကြီးထွက်လာသတဲ့။ မိန်းမကြီးကလဲ သူ့မအဖြစ်ကိုသူမ အကျဉ်းချုံပြီး ပြန်ပြောပြသတဲ့။ ဒီရွာကထွက်ကာစမှာ သူမဒုက္ခအမျိုးမျိုးရောက်ခဲ့သတဲ့။ နောက်ဆုံးမှာ ကံအားလျှော်စွာ အလွန်ချမ်းသာတဲ့ သူဌေးကြီးတစ်ဦးနဲ့ အိမ်ထောင်ကျပြီး အခြေနေ ကောင်းသွားသတဲ့။ အခုသူဌေးကြီးကွယ်လွန်သွားပြီး အမေရိကန်ဒေါ်လာ သန်းပေါင်းတစ် ထောင်ကျော်လောက် သူမအတွက် ချန်ထားခဲ့သတဲ့။ အဲဒီငွေတွေထဲကနေ သူမအတွက် နည်းနည်းဘဲချန်းထားပြီး သန်းတထောင်လုံး သူမကို ငယ်စဉ်ကကြည့်ရှု စောင့်ရှောက်ခဲ့ တဲ့ ကျေးရွာကိုလှူချင်ပါသတဲ့။

မိန်းမကြီးရဲ့ အဲ့ဒီပြောစကားကို ကြားလိုက်တဲ့အခါမှာ ရွာသားတွေအားလုံးဟာ အံ့သြ၀မ်း သာဖြစ်ပြီး ကျယ်လောင်စွာနဲ့ လက်ခုပ်သြဘာတွေ ပေးကြသတဲ့။ ဒါပေမယ့် မိန်းမကြီး ဆက်ပြောတဲ့စကားကို ကြားလိုက်တဲ့အခါမှာတော့ ရွာသားတွေအားလုံးဟာ မီးကိုရေနဲ့ သတ်လိုက်သလို ငြိမ်သွားကြသတဲ့။

မိန်းမကြီးက ဘာပြောသလဲဆိုတော့ ကျမဒီရွာကနေမျက်ရည်စက်လက်နဲ့ ထွက်သွားရတာ ဟာ လူယုတ်မာတစ်ယောက်ကြောင့်ဖြစ်ပါတယ်။ အခုဒီလူဟာ ဒီပရိသတ်ထဲမှာဘဲ ရှိပါ တယ်။ ကျမရွာမှာ စာရင်းငှားလုပ်ခဲ့စဉ်က လယ်ပိုင်ရှင်ဦးကောက်ဆိုသူပါဘဲ။ ဒီလူဟာ စီး ပွားရေးအရ ကျမက သူ့အပေါ်မှီခိုနေရတာကို အကြောင်းပြု အထက်စီးယူပြီး ကျမကိုအ ကြိမ်များစွာ မုဒိန်းကျင့်ခဲ့တဲ့အပြင် ကိုယ်ဝန်ရှိလာတဲ့အခါမှာလဲ ဆေးကြွေးပြီး ကိုယ်ဝန်ကို အတင်းအဓမ္မ ဖျက်ချပစ်ခဲ့တယ်။ ကျမရှက်လဲရှက်ခဲ့။ သူ့အန္တရယ်လဲကြောက်ရတော့ ထုတ် လဲမပြောရဲတာကြောင့် ရွာကနေထွက်သွားခဲ့တာဖြစ်ပါတယ်။

မိန်းမကြီးရှင်းပြတဲ့စကားကို နားထောင်ပြီး ရွာသားတွေဟာ မိန်းမကြီးမျက်နှာကို ကြည့် လိုက် ဦးကောက်ရဲ့ မျက်နှာကို ကြည့်လိုက်နဲ့ ဘာဆုံးဖြတ်ရမှန်းမသိအောင် ဖြစ်နေကြ သတဲ့။ ဦးကောက်ဟာလဲ ကြောက်လွန်းအားကြီးတဲ့အတွက် မျက်နှာတခုလုံးပြီး သွေးမရှိ တော့ဘူး။ မိန်းမကြီးကရွာကို လှူမဲ့ဒေါ်လာ သန်းတစ်ထောင်ဆိုတာ နည်းတဲ့ငွေမဟုတ်ဘူး ။ ရွာလမ်းတွေ အားလုံးကောင်းသွားမယ်။ ရွာမှာလိုအပ်တဲ့ ဆေးရုံတွေ။ ကျောင်းတွေ။ သက်ကြီးရွယ်အိုတွေအတွက် လူအိုရုံတွေ ဆောက်နိုင်မယ်။ တရွာလုံးအတွက် အကျိုးရှိမှာ ကတော့ အသေအချာပဲဖြစ်တယ်။

ခဏကြာတော့ ရွားသားတစ်ယောက်က မတ်တပ်ရပ်လိုက်ပြီး ဒီလိုလုပ်လို့တော့ မဖြစ်ဘူး ထင်တယ်။ အဖြစ်အပျက်တွေကလဲကြာပြီ။ သက်သေအထောက်အထားတွေလဲ မရှိတော့ ဘူး။ လူတစ်ယောက်ရဲ့အသက်ကို ဒီလိုလွယ်လွယ်နဲ့တော့ အဆုံးမစီရင်သင်ဘူးထင်တယ် ။ လို့ မရဲတရဲနဲ့ပြောလာတယ်။

အဲဒီအခါမှာ နောက်ထပ်ရွာသားတစ်ယောက်က ပထမရွာသားပြောတာကို လက်မခံဘူး။ သူကထပြီး အခု ဦးကောက်ဘာမှ ပြန်မပြောဘဲ ငြိမ်နေတာကိုကြည့်ရင် မိန်းမကြီးပြောတဲ့ အဖြစ်အပျက်ဟာ မှန်ပုံရတယ်။ ဦးကောက်ဟာ မုဒိန်းလဲကျင့်ခဲ့တယ်။ ကလေးလဲဖျက်ချပြီး လူလဲသတ်ခဲ့တယ်။ ဒီလိုလူယုတ်မာမျိုးကို သေဒဏ်စီရင်သင့်တယ်။ လို့ ပြောတယ်။

တတိယရွာသားတစ်ဦးက ဒုတိယရွာသားရဲ့အဆိုကို ထောက်ခံတယ်။ ဒါပေမယ့် သူစဉ်း စားပုံက ဒုတိယရွာသားနဲ့မတူဘူး။ သူက မိန်းမကြီးတောင်းဆိုချက်ကို လိုက်လျော့သင့် တယ်လို့ ထင်တယ် ဦးကောက်လုပ်ခဲ့တဲ့ကိစ္စ သက်သေခိုင်လုံတာ မခိုင်လုံတာထားဦး တော့ တစ်ယောက်ကိစ္စ တရွာလုံးအကျိုးဖြစ်နေတယ်။ လိုအပ်ရင် တစ်ရွာလုံးအကျိုး လူ့အကျိုး လူ့အဖွဲ့အစည်းတခုလုံးအကျိုးအတွက် တစ်ယောက်တစ်လေ အနာခံသင့်ရင် ခံရမယ်။
စတုတ္တရွာသားတစ်ဦးက မတ်တပ်ရပ်လိုက်ပြီး သူ့အမြင်ကို ဆွေးနွေးပြန်တယ်။ ဒါပေမယ့် သူစဉ်းစားပုံကလဲ ဒုတိယရွာသားနဲ့ရော တတိယရွာသားနဲ့ မတူဘူး။ နောက်တစ်မျိုး ဖြစ် နေပြန်တယ်။ အခုဆွေးနွေးသူတွေရဲ့ အရေအတွက်ကို အကြမ်းဖျင်းလေ့လာကြည့်တဲ့ အခါ မိန်းမကြီးတောင်းဆိုချက်ကို လိုက်လျောရမယ့် ဘက်ကများနေပုံရတယ်။ ဒါပေမယ့် အတိအကျတော့ မပြောနိုင်သေးဘူး။ အခုဓမ္မရုံထဲမှာလည်း ရွာသားတွေအားလုံးနီးပါး ရောက်နေကြပြီ။ သေချာသွားအောင် ဦးကောက်ကို အဆုံးစီရင်သင့်မသင့် ဒီမိုကရေစီနည်း နဲ့အညီ အားလုံးရဲ့သဘောဆနကို ရယူပြီးမှ ဆုံးဖြတ်လိုက်ကြရင် ကောင်းမယ်ထင်တယ်။

ပုံပြင်ကလေးကတော့ ဒါပါပဲ။


ကဲသူငယ်ချင်းတို့လဲ ဒီပုံပြင်ကိုဖတ်ပြီးဆိုတော့ ဦးကောက်နဲ့ ဒီမိန်းမကြီးရဲ့အမူကို ဘယ်လို စီရင်သင့်သလဲဆိုတာ သိချင်ပါတယ်။ ပထမရွာသားပြောတဲ့စကားကို ထောက်ခံတဲ့လူရှိသ လို မထောက်ခံလဲသူလဲရှိတယ်။ ထိုနည်းတူပဲ ဒုတိယ။ တတိယ။ စတုတ္တရွာသားတွေ ပြော တဲ့စကားကို ထောက်ခံတဲ့သူလဲ ရှိသလို မထောက်ခံတဲ့သူလည်းရှိပါတယ်။ ကဲ သူငယ်ချင်း တို့ကော ဘယ်သူကို ထောက်ခံမလဲဆိုတာ ကွန်မန့်မှာ ၀င်ရေးခဲ့ကြပါနော်။

4 comments:

Welcome said...

တရားသူကြီးလဲမဟုတ်၊ ရဲသားကြီးလည်း မဟုတ်တော့ ဥပဒေနဲ့ အညီ မဆုံးဖြတ်တတ် ပါဘူး။ ကလေးအတွေးနဲ့ပြောရရင်တော့
မိန်းကလေးဖက်က အများကြီးနစ်နာပါတယ်။
(ဒီမိုကရေစီနိုင်ငံကြီးတစ်နိုင်ငံ)လို့ ပြောခဲ့တာမို့
စွပ်စွဲချက်အပေါ် ခိုင်လုံတဲ့ အထောက်အထား တော့လိုမယ် ထင်ပါတယ်။ သက်သေလိုပါမယ်။
ဒါတွေ မပြနိုင်ရင်တော့ ဦးကောက်ကို အပြစ်ယူ လို့ မရနိုင်ဘူးလို့ ထင်မိပါတယ်။ တရားဥပဒေ မဲ့တဲ့နေရာမှာ ဆိုရင်တော့ ဦးကောက်ကတော့ သန်းတစ်ထောင်နဲ့လဲလှယ်နိုင်ကောင်းပါရဲ့

http://winzaw-mdy.blogspot.com

Myo Win Zaw said...

အဓိကကတော့ ဥပဒေဘဲ ဘယ်သူ့မှ ထောက်ခံစရာ မလိုဘူးထင်တယ် ဥပဒေနှင့်အညီ ဆောင်ရွက်ဖို့ပါ ဥပဒေအရ ဥပဒေကျူးလွန်တဲ့လူဆိုတာ ထုတ်ဖော် စွပ်ဆွဲလာရင် စွပ်ဆွဲလာသူက အချိန်မည်မျှပင် ကြာစေကာမူ နစ်နာခွင့်အတွက် စွပ်ဆွဲခွင့်ရှိတယ်။ ထို့အတူ စွပ်ဆွဲခံရသူလည်း သံသယအကျိုး ခံစားခွင့်ရှိ တယ် ရွာကောင်းဖို့အတွက် ဥပဒေကိုမျက်ကွယ်ပြုလို့ မရသလို တချိန်ကကျူးလွန်ခဲ့တဲ့အမှားအတွက်လည်း ကြာခဲ့ပြီဆိုပြီး မေ့ပျောက်ဖို့ မလုပ်သင့်ဘူး

Kaung Kin Ko said...

အစ်ကို့ အမြင်ကို ပြောရရင်တော့ ဦးကောက် တကယ်လုပ်ခဲ့ မလုပ်ခဲ့ ခိုင်လုံအောင် စစ်ဆေးပြီး လုပ်ခဲ့ရင်တော့ ပြစ်ဒဏ် ချ သင့်ပါတယ်။ သန်းတစ်ထောင်လှူမှာကို တော့ ထည့်မစဉ်းစားသင့်ဘူးထင်တယ်။ (ဦးကောက်မှာ အပြစ်မရှိခဲ့ရင်) အဲလို ငွေကြေးနဲ့ အနိုင်ကျင့်ကြေးသာဆိုရင်တော့ ရပ်ရွာအတွက် ကောင်းသွားတယ်ထားဦး ရေရှည်မှာ ပိုက်ဆံရှိတဲ့သူက ငွေကြေးနဲ့ အနိုင်ကျင့်လာမယ်။ ငွေကြေးရှိတဲ့သူတွေ လွှမ်းမိုးလာမယ်။ ငွေကြေးနဲ့ အနိုင်ကျင့်တာတွေ ခဏခဏဖြစ်လာမယ်။ ပြီးတော့ အပြစ်မဲ့သူ လူတစ်ယောက်ရဲ့ အသက်ကို အလေးထားသင့်တယ်လို့ ထင်ပါတယ်။ အပြစ်ရှိမရှိသေချာ မသိသေးပဲနဲ့ လည်း အများဆန္ဒခံယူပြီး မဆုံးဖြတ်သင့်ပါဘူး။ လူအများစုက လောဘသားမို့  သန်းတစ်ထောင်ကို မက်ပြီး မတရားဖြစ်သွားနိုင်သေးတယ်။ အပြစ်ရှိမရှိသေချာ စစ်ဆေးပြီးမှ အများဆန္ဒကို ခံယူသင့်ပါတယ်။ ကျွန်တော့် အမြင်ကို ပြောရရင် လူ့ အခွင့်အရေးနဲ့ တရားမျှတမှုက နံပါတ်တစ်၊ အများကြိုက်မှုက နံပါတ်နှစ်ပါ။ လူ့ အခွင့်အရေးမပါပဲနဲ့ လည်း ဒီမိုကရေစီဟာ ကြာရှည်မတည်တံ့နိုင်ဘူး ထင်ပါတယ်။

vanko said...

အင်း... ယုန်ကလေးရေ။ စဉ်းစားစရာတွေတော့ ပေးပြန်ပြီ။ ဘယ်သူ့ကို ထောက်ခံမလဲဆိုတာထက် ဒီမိုကရေစီဆိုတာ လူများစုကထောက်ခံတဲ့အတိုင်းလဲ လိုက်လုပ်လို့ မရဘူးလေ။ တရားဥပဒေဆိုတာရှိသေးတာကိုး။ လူအများဆုံးဖြတ်တဲ့အတိုင်း အများညီ၊ ဤကိုကျွဲဖတ်ဖို့ မသင့်ဘူးထင်တာပဲ။ တကယ်တန်း မှန်ကန်မျှတတဲ့ တရားဥပဒေအဆုံးအဖြတ်ကို ယူသင့်တာပေါ့။ အစ်ကို့အတွေးပါ။ အဆင်ပြေပျော်ရွှင်ပါစေ။

 

Design in CSS by TemplateWorld and sponsored by SmashingMagazine
Blogger Template created by Deluxe Templates