ခွပ်ဒေါင်း

တခေတ်ကျွန်းတွင်ဖြင့်

သနစ်ဆန်းကိုတဲ့ထွင်ကြပြန်…..။

ရှေးယခင်ဟိုအတိတ်မှာတော့

လည်ငြိတ်ကာတွန်သံချိုတဲ့

တက္ကသိုလ်အိုးဝေဒေါင်းဟာလေ

နွဲ့ နှောင်းကာဂုဏ်မာန်ထယ်လို့ 

မူရာကြွယ်ရွှင်ရွှင်ပျတယ်

ကတဲ့ပုံဖန်……..။

တဘာသာသည်တခေတ်တွင်ဖြင့်

ဘယ်အဟန်ဘယ်သနစ်ပေလဲ

ဆန်းသစ်သည့် ပုံသဏ္ဏာန်

ခွပ်ဟန်ပြဂုဏ်ထွား။

လောကဇမ္ဗူ

လူချင်းအတူတူမို့ 

ဘယ်လူဘယ်သူမိုးရမှာလဲ

မြန်မျိုးဂုဏ်ရှိန်တက်စေဖို့ 

အသက်ရယ်ဖက်ဝယ်ထုတ်ကာပ

" ရင်အုပ်ကိုတမန်ပြုမယ် " လို့ 

ရဲတုကွာမာန်ဇာတိတွေလ

ခွပ်မည့် ဟန်ဒေါင်းပျိုမိဝယ်

ဆောင်ဘိသည်တကား…….။


ရေးသားသူ။ ။ မင်းညိုဦး

0 comments:

 

Design in CSS by TemplateWorld and sponsored by SmashingMagazine
Blogger Template created by Deluxe Templates