အာဏာရှင်တို့သွားရာလမ်း

အာဏာဆိုတာ ရေပွက်ပမာ

တစ်ခဏတာမို့

ရလာအခိုက် လူမိုက်ပမာ

ဟိုရမ်းဒီရမ်းလွန်ဆိုးသွမ်းကာ

မဲမဲမြင်ရင်ကိုက်ပစ်ချင်ကြ

သခင်ကမွေးအိမ်ကခွေးသည်

ထမင်းကျွေးလက်ကျေးဇူးမှတ်၍

ပြန်လည်တိုက်ခိုက်မကိုက်ခဲ့လည်း

ပင်ကိုယ်စိတ်ပျောက်ရောဂါဖောက်ကာ

ခွေးရူးပြန်ချိန်ထိုအချိန်ဝယ်

ကျေးဇူးဆိုတာဗလာနတ္ထိသူမသိတော့

ထိုသို့ ပမာနှိုင်းယှဉ်ကာဖြင့်

အာဏာဆိုတာမရပါခင်

ထမင်းကျွေးလက်ကျေးဇူးမှတ်၍

ပြန်လည်တိုက်ခိုက်မကိုက်ခဲ့လည်း

အာဏာရူးချိန်ထိုအချိန်ဝယ်

ကျေးဇူးဆိုတာဗလာနတ္ထိသူမသိတော့

ထမင်းကျွေးလက်ပြန်ကိုက်ဖြတ်၏

ဘုရားတရားသံဃာ

ရတနာသုံးပါးဆည်းကပ်ငြားလည်း

အာဏာတည်ရေးချမ်းသာရေးနှင့်

မိမိအတ္တမာန်မာနကို ရှေ့ တန်းတင်၏

ထေရ် ကြီးဝါကြီးမထေရ်ကြီးတို့ 

ပြောဆိုဆုံးမသြ၀ါဒလည်း

လုံးဝလက်မခံသူငြင်းဆန်ခဲ့

ပြည်သူကမွေးပြည်သူကြွေးထား

စစ်ဗိုလ်များသည်အာဏာရူးပြီကျေးဇူးမသိပြီမို့

ခွေးရူးကောင်းစားတစ်မွန်းတည့်ဟု

သူသူငါငါတုတ်ဓါးကိုင်ကာပြေးထွက်လာ၍

တွေ့ ရာသင်္ချိုင်းဓါးမဆိုင်းဘဲ

ပိုင်းဖြတ်ခုတ်ထွင်ရှင်းလင်းချင်လည်း

အာဏာအရူးအော်ကာကျူးရင့်

သူသူငါငါတုတ်ဓါးကိုင်ကာပြေးထွက်မလာဘဲ

အော်သူကိုပင်အရူးထင်ခဲ့

ခွေးရူးဆိုတာကိုက်ခဲ့ပါရင်

ချိန်မှီဆေးသောက်ရောဂါပျောက်လည်

အာဏာအရူးကိုက်ခံရူးရင်

ကုရာနတ္ထိဆေးမရှိဘူး

ဒါကြောင့်—

အာဏာအရူးအာဏာအရူး အော်ကာကြူးရင့်

သူသူငါငါတုတ်ဓါးကိုင်ကာပြေးထွက်လာ၍

တွေ့ ရာသင်္ချိုင်းဓါးမဆိုင်းဘဲ

ပိုင်းဖြတ်ခုတ်ထွင်ရှင်းလင်းပါလျှင်

အာဏာအရူးစစ်ဘီလူးတို့ 

ခွေးရူးပမာသေကြမှာပါ—–


ရေးသားသူ။ ။ မင်းသုည(ကွမ်းခြံကုန်း)

0 comments:

 

Design in CSS by TemplateWorld and sponsored by SmashingMagazine
Blogger Template created by Deluxe Templates