မကြောက်တရား

ကဗျာတစ်ပုဒ်အတွက်

စစ်ခင်းခဲ့ဘူးတယ်…….

အောက်ကြေးကဖောက်လို့ပေါ့……..

အများကြီး အများကြီး

တစ်ကယ်ကိုအများကြီး

ပန်းတွေ

ငုံကြတယ်

ပွင့်ကြတယ်………

ငှက်တွေ

ပျံကြတယ်

လွှားကြတယ်……..

ဟေ့သူငယ်ချင်း

သေချင်းတရားဟာ

လူ့ဘ၀ရဲ့လွှတ်တော်မဟုတ်……..

နရသိန်ဟာလဲ

တာဝတိံသာမဟုတ်

ဒါကို

သစ္စာတရားတိုင်းသိကြတယ်

ဒါပေမဲ့………

ဘာကြောင့်သင်္ချိုင်းမြေကိုလုကြတာလဲ ?

ဘာကြောင့်ဖိုးသူတော်ဝတ်ရဲတာလဲ ?

သေချာပါတယ်

အဖြေထွက်ရင်

အသေသတ်တောင်

မင်းမကြောက်တော့ဘူးဆိုတာပေါ့………


စာရေးသူ။ ။ နန်းရှင်

2 comments:

Welcome said...

လူတစ်ယောက်ဟာ
စိတ်လွတ်ကိုယ်လွတ်နဲ့
လွတ်လပ်ပျော်ရွှင်စွာ
စိတ်တိုင်းကျ
လုပ်ချင်တာလုပ်နေရမယ်ဆိုရင်
ဘာအကြောက်တရားမှ
ရှိမယ်မထင်ပါဘူး

ကေမောင်ငြိမ်း said...

ဟာ.. ကောင်းတယ်ဗျာ၊ ဖတ်ဖတ်ရင်း ပြီးခါနီးကျမှ အရှိန်ပိုကောင်းလာတယ် :) ဆက်ပြီး အားပေးနေပါတယ်ဗျာ

 

Design in CSS by TemplateWorld and sponsored by SmashingMagazine
Blogger Template created by Deluxe Templates