အနည်းဆုံး ၃၅၁ ဦးသေဆုံး

မုန်တိုင်းကြောင့် သေဆုံးသူ အနည်းဆုံး လူပေါင်း ၃၅၁ ယောက် သေဆုံးခဲ့သည်ဟု အစိုးရက သတင်းထုတ်ပြန် သည်။

ဟိုင်းကြီးကျွန်းတွင် အဆိုးဆုံးဖြစ်ပြီး လူ ၅၃ ယောက် သေဆုံးခဲ့သည်။ အိုးအိမ် ၂ သောင်းနီးပါး ပျက်စီးခဲ့ပြီး လူ ၉ သောင်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်သွားသည်ဟု ပါရှိသည်။

ရန်ကုန်တွင် အစိုးရယန္တရား ရပ်ဆိုင်း

နာဂစ်မုန်တိုင်းက ရန်ကုန်မြို့နှင့် မြို့အများအပြားတွင် အစိုးရယန္တရားကို ရပ်ဆိုင်းသွားစေသည်။ ရန်ကုန်မြို့သို့ လျှပ်စစ် ဓာတ်အားပေး စက်ရုံများ အားလုံး ရပ်ဆိုင်းထားရပြီး လူထုနှင့်ဆက်သွယ်ရေး ဖြစ်သော ရုပ်မြင်သံကြား ကြည့်၍မရ၊ ရေဒီယိုနားထောင်၍ မရသလို တယ်လီဖုံးလိုင်းများ အားလုံးနီးပါ ပြတ်တောက် နေသည်။ အင်တာနက်ကတော့ လုံးဝပြတ်တောက်နေသည်မှာ မနေ့ ညကတည်းက ဖြစ်သည်။ စစ်အစိုးရက အရေးပေါ် အခြေအနေ ကြေညာသည်ကိုပင် ရန်ကုန်မြို့ခံများ မသိရှိနိုင်ပဲ ဖြစ်နေသည်။

လမ်းမများပေါ်တွင် အပျက်အစီးများကြောင့် အသွားအလာကလည်း ကန့်သတ်မှုများ ဖြစ်သည်။ ရန်ကုန်မြို့သို့ အခြားမြို့များမှ ကား၊ ရထားများ ၀င်ရောက်မှု အားလုံး ရပ်ဆိုင်းနေသည်။

လူအများက အစားအသောက်များကို အလုအယက် ၀ယ်ယူနေကြရာဖွင့်လှစ်သော ဈေးဆိုင်အနည်းငယ်မှာ လူများ ပြည့်ကြပ်နေသည်။

လောလောဆယ်အချိန်တွင် စားသောက်ကုန်များ ဈေးတက်မှုမကြမ်းသေးသော်လည်း တက်မည့်အရိပ် အယောင် ဖြစ်သည်။

လျှပ်စစ်ဓာတ်အားပေး စက်ရုံများ အားလုံး ရပ်နားထားရသလို ဓာတ်ကြိုးများ ပြတ်တောက်၍ တလအတွင်း ပုံမှန် ဖြစ်နိုင်ဖို့ မလွယ်ဟု လျှပ်စစ်ဌာန ၀န်ထမ်းတဦးက ပြောသည်။

အနည်းဆုံး လူ ၅ ဦး စနေနေ့ မုန်တိုင်းကြောင့် သေဆုံးပြီး ဖြစ်သည်ဟု မဇ္ဈိအထောက်တော်များက သတင်းပေး ပို့သည်။

မုန်တိုင်းကြောင့် နေအိမ် ထုတ်တန်းပြိုကျမှု၊ သစ်ပင်ပြိုလဲမှုများကြောင့် သေဆုံးကြရခြင်း ဖြစ်သည်။

သစ်ပင် ပန်းပင် များပြားသော ရန်ကုန်မြို့တော်ဟု ခေါ်ဝေါ်မရှိခဲ့သော်လည်း ယခုအခါတွင်အပင်များ ပြောင် သလင်းခါ နီးပါး ဖြစ်နေသည်။

လမ်းပေါ်တွေ့နေကြ စွမ်းအားရှင်များ၊ ရဲများကိုလည်း မတွေ့ရသလို ရပ်ရွာလုံခြုံရေး၊ သန့်ရှင်းရေးအတွက် ကိုယ်ထူ ကိုယ်ထ တာဝန်ယူ လုပ်ဆောင် နေကြရသည်။

မီးစက် အသုံးပြုသော နေအိမ် အနည်းငယ်မှလွဲ၍ ယနေ့ညဘက် တမြို့လုံး အမှောင်ကျနေသည်။

လမ်းဘေးရပ် ကားအများအပြား ပျက်စီး

ရန်ကုန်မြို့တွင် ပျက်စီးမှု အကြီးအကျယ် ဖြစ်ပေါ်စေခဲ့ေ“သာ မုန်တိုင်းသည် ယခုတော့ ရပ်သွားပြီ ဖြစ်သည်။

လမ်းဘေးတွင် ရပ်ထားသော ကားများ သစ်ပင်များ ပိလျှက်နေပြီး လမ်းများလည်း အပျက်အစီးများဖြင့် ပိတ်ဆို့နေသည်။ အစိုးရ အဆောက်အဦး အတော်များများလည်း ပျက်စီးကုန်သည်။

ယနေ့ နံနက်ကူးချိန်မှစ၍ ရန်ကုန်တွင် မိုးရွာစေခဲ့သော နာဂစ်မုန်တိုင်းသည် ဧရာဝတီတိုင်း ဟိုင်းကြီးကျွန်းကို ဖြတ်သန်း ဝင်ရောက်ခဲ့ခြင်း ဖြစ်ပြီး မုန်တိုင်းအားမှာ အမြင့်ဆုံး တနာရီ ၁၉၂ ကီလိုမီတာအထိ ရှိခဲ့သည်။ လူအသေအပျောက် များသည်ဟု ကောလာဟလ ထွက်ပေါ်နေသော ဧရာ

ဝတီတိုင်းတွင်းရှိ ပုသိမ်၊ မြောင်းမြ၊ လပွတ္တာ၊ မောင်လမြိုင်ကျွန်း၊ ဘိုကလေး၊ ချောင်းသာ၊ ငွေဆောင်၊ ဂွ ကုန်တွင်းသို့ ရောက်သောအခါ တနာရီမိုင် ၁၂ဝ ထိ ရှိခဲ့သည်။

မိုးစဲ လေငြိမ်ပြီ

ရန်ကုန်မြို့တွင်းတွင် ယခုအချိန်တွင် မိုးလုံးဝ စဲသွားပြီး လေလည်း ငြိမ်သွားပြီ ဖြစ်သည်။ သို့သော် အပျက်အစီး များဖြင့် လမ်းများ ပိတ်နေဆဲ ဖြစ်သောကြောင့် လိုင်းကားများ ပြေးဆွဲခြင်းလဲ မရှိပဲ taxi များလည်း ပြေးဆွဲခြင်း မရှိသေးပေ။

တောင်ညွှန့်မှာ အိမ်ပြို

မင်္ဂလာတောင်ညွှန့် မြို့နယ်အတွင်း အိမ်တချို့ ပြိုလဲမှုများ ရှိသည်။"မနက် ၁၀ နာရီလောက်အထိ အရှိန်ပြင်းပြင်း နဲ့ တိုက်နေတာ ဖုန်းလိုင်းတွေက မနက် ၉ နာရီအထိ ရနေသေး တယ်။ GSM တွေရော လိုင်း

ဖုန်းတွေရော အခု လုံးဝမရတော့ဘူး။ အပျက်အစီး၊ အသေအပျောက်ကတော့ မနက်ဖြန်လောက်မှ သိရလိမ့်မယ်။ မီးလိုင်းတွေရော အောက်ကုန်တော့ ကျနောတို့ သတင်းတွေ ဘာတွေလဲ နားထောင်လို့ မရတော့ဘူး။ MRTV ရော radio ရောနားထောင်လို့ မရ

တော့ဘူး" ဟု မင်္ဂလာတောင်ညွန့် နေသူတဦးက ပြောသည်။

ရန်ကုန်မြို့သားများ မြန်မာ့ ရုပ်မြင်သံကြားနှင့် မြန်မာ့အသံရေဒီယိုတို့ကို ကြည့်ရှုနားဆင်၍လည်း မရဘဲဖြစ်နေ ကြသည်။

မိုးစဲသွားပြီဖြစ်သည့်အတွက် မြို့တွင်းရှင်းလင်းရေးကို ကိုယ်ထူကိုယ်ထသ

ာ ရပ်ကွက်အလိုက် လုပ်ဆောင်နေကြ သည်။

0 comments:

 

Design in CSS by TemplateWorld and sponsored by SmashingMagazine
Blogger Template created by Deluxe Templates