သူငယ်ချင်း



သူငယ်ချင်း ......

ကိုယ့်ကမ္ဘာမှာ

နှောင်ဖွဲ့မှုမရှိဘူး

ချုပ်ချယ်မှုမပြုဘူး

တားဆီးမှုမလုပ်ဘူး

လာချင်လာ သွားချင်သွား

မင်းဆန္နတစ်ခုတည်းပါ ။


ဝင်လာခဲ့တဲ့အတွက်

ဆုံတွေ့ခွင့်ရခဲ့လို့

မင်းကိုကျေးဇူးတင်ပါတယ်။


နေပေးခဲ့တဲ့အတွက်

အတူတူရှိခဲ့ချိန်တွေကို

ကိုယ်တန်ဖိုးထားပါမယ်။


သွားမယ်ဆိုရင်လည်း

မင်းပျော်ရွင်ဖို့ပဲ

ဆုတောင်းရင်းနဲ့နှုတ်ဆက်ပါတယ် ။


ခွဲရချိန်တန်လို့

ဝေးခဲ့ကျရင်လည်း

ဝမ်းနည်းမနေချင်ဘူး

မင်းနဲ့ခင်မင်ခွင့်ရခဲ့ခြင်းကသာ

ကိုယ့်အတွက်

အကောင်းဆုံးဆုလာဘ်တစ်ခုပါ ။ ။ ။



radium


အဝေးမှ သူငယ်ချင်းများအတွက် တင်လိုက်ခြင်းဖြစ်ပါသည်။ သူငယ်ချင်းများအားလုံးပျော်ရွှင်နိုင်ပါစေ။



2 comments:

လင်းထက် said...

ဟုတ်ကဲ့ပါ သူငယ်ချင်းလေးရေ ပေးတဲ့ဆုနဲ့ပြည့်ပါစေ သူငယ်ချင်း ညီမလေးယုန်ယုန်လဲ ပျော်ရွှင်အဆင်ပြေပါစေနော်..။ဟိ

ein said...

သူငယ်ချင်းဆိုတာဟင်းလင်းပြင်နှလုံးသားမှာ
ရင်ခုန်သံထပ်တူကျ ၊ ခံစားချက်တွေဝေမျှပြီး
ဘာသာလူမျိုး အတ္တမာနကို ဆွဲထုတ်၊လက်တွေမြဲမြဲဆုပ်ထားရင်း၊ဖြူစင်တဲ့
ခွန်အားတွေနဲ့သံယောဇဉ်ကြိုး ကျစ်သူတွေပေါ့...း)
ကဗျာလေးက ကောင်းတယ်ညလေးရေ...အားပေးနေပါတယ်ကွ...
ညလေးပြောချင်နေတဲ့ အဓိပ္ပါယ်တွေ အားလုံးလိုလို ပါသွားသလိုပါပဲကွာ အဆင်ပြေပျော်ရွှင်ပါစေအမရဲ့ယုန်လေးရေ...း)

 

Design in CSS by TemplateWorld and sponsored by SmashingMagazine
Blogger Template created by Deluxe Templates