ဒေါ်အောင်ဆန်းစုကြည်၏ ဆရာဝန်ကို လစဉ်ပုံမှန် တွေ့ခွင့်ပေးပြီ
ဒေါ်အောင်ဆန်းစုကြည် ရှေ့နေအတွက် လက်ထောက်ရှေ့နေ () ဦး ခန့်ခွင့်ရ

NEJ/ ၁၈ သြဂုတ် ၂၀၀၈

ဒေါ်အောင်ဆန်းစုကြည်၏ မိသားစုဆရာဝန် ဒေါက်တာတင်မျိုးဝင်းကို လစဉ် လဆန်းရက်ပထမ ကြာသာပတေးနေ့ တိုင်း ဒေါ်အောင်ဆန်းစုကြည်ထံ တွေ့ဆုံခွင့်ရပြီဖြစ်ကြောင်း တနင်္ဂနွေနေ့က ဒေါ်အောင်ဆန်းစုကြည်နှင့် ဒုတိယအကြိမ် တွေ့ခွင့်ရခဲ့သည့် ရှေ့နေဦးကြည်ဝင်းက ခေတ်ပြိုင်ကို ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် တင်ပြခဲ့သည့် အချက် () ချက်ကို အာဏာပိုင်များနှင့် ဆွေးနွေးရာမှ ဒေါက်တာတင်မျိုးဝင်းကို ယခုကဲ့သို့ ခွင့်ပြုခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ရှေ့နေဦးကြည်ဝင်းမှာ အသက်အရွယ်ရလာပြီဖြစ်သည့်အတွက် လက်ထောက် ရှေ့နေ () ဦး ခန့်ထားပေးရန် ဒေါ်အောင်ဆန်း စုကြည်က မေတ္တာရပ်ခံရာ အန်အယ်လ်ဒီပြောခွင့်ရပုဂ္ဂိုလ် ရှေ့နေဦးဥာဏ်ဝင်းနှင့် အမျိုးသမီး ရှေ့နေတဦးတို့ကို ရွေးချယ်ထားသည်ဟု ရှေ့နေဦးကြည်ဝင်းက ပြောသည်။

0 comments:

 

Design in CSS by TemplateWorld and sponsored by SmashingMagazine
Blogger Template created by Deluxe Templates