ကရင်တိုင်းရင်းသားရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာပွဲတော် ကျင်း
ယနေ့ကျရောက်သည့် ကရင်တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု ချည်ဖြူဖွဲ့မင်္ဂလာ အခမ်းအနားကို ထိုင်း-မြန်မာနယ်စပ် မယ်ပတောရ ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
၎င်းပွဲတော်ကို အဝေးရောက်မျိုးချစ်ကရင်အမျိုးသားများ၊ ထိုင်းနိုင်ငံရောက် ကရင်အမျိုးသားများ နှင့် အခြားတိုင်းရင်းသားညီအကို မောင်နှမများ တက်ရောက်ခဲ့ကြပြီး သံဃာတော်များအား ဆွမ်းကပ်ခြင်း၊ ရိုးရာတေးသီချင်းများဖြင့် ဖျော်ဖြေမှုများ ပြုလုပ်ခဲ့ကြသည်။
“ဒီပွဲတော်ကိုကျင်းပတဲ့ဆိုတာက ဟိုအရင်တုန်းလူကြီးတွေက ယုံကြည်မှုနဲ့လုပ်တာပါ၊ မျက် မှောက်ခေတ်ကျတော့ ကျနော်တို့ ကရင် အမျိုးသားတွေကြားမှာ စည်းလုံးညီညွတ်မှုရှိဖို့အဓိက ထားပြီးလုပ်တာပါ” ဟု ကရင့်ရိုးရာပွဲဖြစ်မြောက်ရေးကော်မတီအတွင်းရေးမှူး မန်းမျိုးမြင့်က ပြောသည်။
ကရင့်ရိုးရာယဉ်ကျေးမှုချည်ဖြူဖွဲ့မင်္ဂလာ အခမ်းအနားကို နှစ်စဉ် ဝါခေါင်လတွင် ပြုလုပ်ကျင်းပ လေ့ရှိပြီး ရှေးကရင်တိုင်းရင်းသားများ အယူအဆအရ ယခုလသည် မကောင်းဆိုးဝါးများ ပျော်မြူးသည့်လဖြစ်သောကြောင့် ၎င်းဝိဉာဉ်များ သားသမီးမြေးမြစ်များအပေါ် ကျ ရောက်ခြင်းမရှိစေရန် အဆောင်အယောင် (၇) မျိုးနဲ့ စီမံထားသည့် ချည်ဖြူမျှင်ဖြင့် လက်မှာပတ်ပြီး အကာ အကွယ်ပြုလုပ်သည့်ပွဲဖြစ် ကြောင်း ၎င်းကဆက်လက်ပြောသည်။
ပွဲတော်သို့တက်ရောက်လာသည့် ကရင်တိုင်းရင်းသူတဦးက “တနှစ်တခါ ကျမတို့ ကရင်ရိုးရာ လက်ချည်ပွဲ ကိုယ့်ရဲ့ရိုးရာပွဲဖြစ်လို့လား တော့မသိဘူး၊ အရမ်းပျော်ပါတယ်၊ ဆွေမျိုးမောင်နှမတွေ ဒီမှာလာဆုံကြတာပေါ့၊ အခြေအနေအရပ်ရပ်ကြောင့် ကိုယ့်မြို့ကိုယ်ရွာမှာ မ ပျော်ခဲ့ရတာ နှစ် (၂ဝ) လောက်ရှိပြီ၊ ကိုယ့်ပြည်နယ်မှာသာ လုပ်ရရင်တော့ ပိုပျော်မှာပေါ့” ဟု ပြောသည်။
ယနေ့ကျင်းပပြုလုပ်သည့် ကရင်တိုင်းရင်းသားရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာ အခမ်းအနားကို ထိုင်း နိုင်ငံအတွင်း (၁၇) ကြိမ်မြောက် ပြုလုပ်ခြင်း ဖြစ်ပြီး မြန်မာနိုင်ငံအတွင်းရှိ အခြားတိုင်းရင်းသား များမှာလည်း ယခုကဲ့သို့ ရိုးရာပွဲတော်များ ကျင်းပလေ့ရှိကြောင်း ကရင်တိုင်းရင်းသား တဦးက ပြောသည်။
“ဒီလိုပွဲတော်တွေဆိုရင် စိတ်ထဲမှာ အရမ်းဘဲခံစားရတယ်၊ ဘာဖြစ်လို့လည်းဆိုရင် ကျနော်တို့ ကရင်လူထုတွေ သူများနိုင်ငံထဲမှာ အများ ကြီးဘဲ ရောက်နေကြတယ်၊ တကယ်တမ်း ကိုယ့်နိုင်ငံ က အုပ်ချုပ်တဲ့အစိုးရတွေသာ ကောင်းရင် ကျနော်တို့ကရင်လူထုရော၊ အခြားတိုင်း ရင်းသားတွေ ရော အားလုံးရိုးရာပွဲတွေကို လုပ်နိုင်မှာပေါ့၊ သူများနိုင်ငံမှာ လာလုပ်ရတဲ့အခါကြတော့ သိပ်တော့ မပျော်ရဘူး” ဟု၎င်းက ဆက်လက်ပြောသည်။
စစ်အစိုးရအုပ်ချုပ်နေသည့် မြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုးစုများ၏ စာပေ၊ ယဉ်ကျေးမှုများ နှင့် နှစ်ကျင်းပပြုလုပ်သည့် ရိုးရာပွဲ တော်များကို တားမြစ်ပိတ်ပင်မှုများရှိနေပြီး တိုင်းရင်းသားများ နေထိုင်ရာဒေသများတွင်လည်း လူ့အခွင့်အရေးချိုးဖောက်မှုများကို ကျူး လွန်နေလျှက်ရှိသည်။
skip to main |
skip to sidebar
မတရားတာကို လက်မခံဘဲ မမှန်တာကို မကြောက်တာဟာ ဒီမိုကရေစီရဲ့ အနှစ်သာရပါပဲ....
ရေးပြီးသားစာများ
-
▼
2008
(144)
-
▼
August
(8)
- အမေရိကန်သမ္မတကတော် မယ်တော်ဆေးခန်းသို့ရောက်ရှိ ရို...
- (၈)လေးလုံးအရေးတော်ပုံ နှစ်(၂၀) ပြည့် အခမ်းအနားက...
- ပုလဲနက်မှသတင်းများကို သူငယ်ချင်းများအတွက် ကူးယူဖော...
- အစစ်အမှန်ထဲက ဘ၀ ဘ၀ဆိုတာ .. ဘာကိုခေါ်တာလဲ။ ...
- ကရင်တိုင်းရင်းသားရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာပွဲတော် ကျ...
- စီးဆင်းမြဲ စီးဆင်းဆဲပါ.. ရဲဘော်ရေ... မြစ်ေ...
- ဆက်လက် တိုက်ပွဲဝင်မည်ဟု ကေအန်ယူ ပြောကြား ...
- ဒေါ်အောင်ဆန်းစုကြည်၏ ဆရာဝန်ကို လစဉ်ပုံမှန် တွေ့ခွင်...
-
▼
August
(8)
အချိန်ကြည့်ရန်
စိတ်ကြိုက်ဖတ်စရာများ
- ကရင်သတင်း (1)
- ၀တ္တုတို (6)
- GW news (12)
- my slfe (3)
- Video (28)
- ကဗျာ (44)
- ကရင်သတင်း (47)
- ကာတွန်း (4)
- ခရီးသွားမှတ်တမ်း (3)
- စတိတ်မတ် (3)
- စပ်မိစပ်ရာ (28)
- ဓာတ်ပုံ (28)
- ဘာသာပြန်ဝတ္ထုတို (1)
- မူခင်းသတင်း (1)
- ပြည်တွင်းသတင်း (37)
- ရသခံစားမှုများ (2)
- သတင်း (62)
- သီချင်း (4)
- သုတ (20)
- ဟာသ (8)
- အင်တာဗျူး (3)
- အီဒီယံအသုံးအနှုန်းများ (7)
- ဆောင်းပါး (11)
- မြေသြဇာသတင်း (3)
- နိုင်ငံတကာသတင်း (13)
ဖတ်စရာလင့်များ
အားပေးနေတယ်
ကရင်စာမျက်နှာ
Karen Flag
သူငယ်ချင်းများ
Watch Movies
သတင်းဌာနများ
ပညာရေးလင့်များ
သီချင်းနားဆင်ရန်
နေ့ရက်တွေကို ကြည့်ရန်
Yonekalay. Powered by Blogger.
သူငယ်ချင်းများ
- Hongsar
- Sangpi
- Newlife
- ks
- သက်တန့်ချို
- မမ LET IT BE
- မသဒ္ဒါလှိုင်း
- ဇောင်း
- ကြယ်စင်လေး
- ရှင်ရဲထွတ်
- ပြည်စုံ
- ကဗျာရပ်ဝန်း
- ကိုရန်အောင်
- မသက်ဇင်
- ကေဇီလင်း
- မေအိခင်
- ငယ်ဆူးအိမ်
- အညာသား
- အချစ်မဲ့ဂီတာ
- ကိုဝင်းဇော်
- ခင်ဦးမေ
- အိမ်
- SAW
- ကိုရင်နော်ခင်လေးငယ်
- တည်ငြိမ်ကို
- ပန်းခရေ
- မယ်လိုဒီမောင်
- ကေသွယ်
- နိုင်းနိုင်းစနေ
- ၀ါဝါခိုင်မင်း
- ကလိုစေးထူး
- မိုးချိုသင်း
- နှင်းခါးမိုး
- မသဒ္ဒါ
- ဖိုးတရုတ်
- လင်းလတ်ကြယ်စင်
- နစ်နေမန်း
- မာန်လှိုင်းငယ်
- မေငြိမ်း
- မိုးသီးဇွန်
- ဒေါင်းမာန်ဟုန်
- ဒေါက်တာ လွဏ်းဆွေ
- ဆောင်းယွန်းလ
- ကောင်းကင်ကို
- အမ ခင်မင်းဇော်
- ကိုထိုက်
- ဆုံဆည်းရာ
- ဂျစ်တူး
- ပန်ဒိုရာ
0 comments:
Post a Comment