ပုလဲနက်မှသတင်းများကို သူငယ်ချင်းများအတွက် ကူးယူဖော်ပြလိုက်ပါသည်။

မူးယစ်ဆေးဝါးကိစ္စကြောင့် ချစ်သူ၏သတ်ဖြတ်ခြင်းခံခဲ့ရသည့် ဗြိတိန်သူ

အပိုင်းပိုင်း အထစ်ထစ် ခုတ်ဖြတ်သတ်ဖြတ်ခြင်း ခံထားရသေ အသက် (၁၇) နှစ်အရွယ် ဗြိတိန် အမျိုးသမီးလေးတစ်ဦး၏ ရုပ်အလောင်းအား အ၀တ်သေတ္တာတစ်လုံးထဲတွင် ထည့်သွင်းစွန့်ပစ်ထားသည်ကို ဘရာဇီးလ်နိုင်ငံတွင် တွေ့ရှိခဲ့ရသည်။ ရဲများ၏အဆိုအရ ကာလာ မာရီယာဘရုခ် ယခင်သူမ၏ ချစ်သူလည်းဖြစ်၊ မူးယစ်ဆေးဝါး သုံးစွဲဖော် လည်းဖြစ်သည့် မိုဟာမက် ကာဗယ်လ်ဟို၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရကြောင်း သိရသည်။ ဇူလိုင်လ (၂၈)ရက်နေ့က သူမ၏ ခုတ်ထစ်ခံရထားရသော ရင်ဘတ်ပိုင်းကို မြစ်ကမ်းဘေးရှိ တ၀က်တပျက် နစ်မြုပ်နေသော အ၀တ်အစား သေတ္တာတစ်လုံးအတွင်း ရှာဖွေတွေ့ရှိခဲ့ပြီး နောက် အခြားခန္ဓာကိုယ အစိတ်အပိုင်းများကို ဆက်လက်ရှာဖွေ နေဆဲဖြစ်ကြောင်း သိရသည်။ သို့ရာတွင် ဦးခေါင်း၊ လက်မောင်းနှင့် ခြေထောက်များမှာ ရေစီးတွင် မျောပါ ပျောက်ဆုံးသွားဖွယ်ရှိကြောင်း ရဲများကဆို သည်။ တွေ့ရှိခဲ့သော အစိတ်အပိုင်းများမှာ မာရီယာ၏ ခန္ဓာကိုယ်ဖြစ်ကြောင်း လန်ဒန်တောင်ပိုင်း တွင်နေထိုင် သည့် သူမ၏မိခင်ဖြစ်သူက ဘရာဇီးလ်ရုပ်သံအစီအစဉ်အား ကြည့်ရှုပြီး အတည်ပြုပေးခဲ့သည်။ မာရီယာမှာ ကမ္ဘာလှည့် ခရီးသည်ဗီဇာနှင့် လွန်ခဲ့သော သုံးလက ဘရာဇီးလ်နိုင်ငံသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။ ရဲများက သူမအား တွေ့ရှိခဲ့သည့် ဘရာဇီးလ်နိုင်ငံ ဂွိုင်အိုနီးယားမြို့တော်မှ မိုင် (၂၀) အကွာ သစ်တောဧရိယာ ပတ်ဝန်းကျင်တွင် ကျန်ရှိနေသေးသည့် ဦးခေါင်းနှင့် ခြေ၊လက် အစိတ်အပိုင်းများကို လိုက်လံရှာဖွေနေ ဆဲဖြစ်သည်။ မာရီယာ၏ အစ်ကိုဖြစ်သူ မိုက်ကယ်လ်ဘရုခ်က ၄င်း၏ညီမမှာ လွန်ခဲ့သောနှစ်ပတ်ခန့်က လန်ဒန်သို့ပြန်ရန် စီစဉ်ခဲ့သော်လည်း လေဆိပ်သို့အလာလမ်းတွင် မော်တော်ဆိုင်ကယ်တိုက်မှု ဖြစ်ပွားခဲ့ပြီး အပြန်ခရီးအား ရွှေ့ဆိုင်းခဲ့ရကြောင်း ပြောကြားခဲ့သည်။ ဆောက်ဖီးလ် ကွန်မြူနတီကျောင်းမှ ကျောင်းသူ တစ်ဦးဖြစ်သလို အင်္ဂလန်နာမည်ကျော် ဘောလုံးကလပ် ချယ်လ်ဆီးအမျိုး သမီးအသင်းတွင်လည်း ကစားသမား တစ်ဦးအဖြစ် ပါဝင်ခဲ့ဖူးသူ မာရီယာအား ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သည်ဟု သံသယရှိနေ ကြသော ချစ်သူဟောင်း အသက် (၂၀) အရွယ် မိုဟာမက် ကာဗယ်လ်ဟို ဒေါ့စ်ဆန်းတို့စ် အား ပုန်းအောင်းနေသည့် ဘရာဇီးလ်နိုင်ငံ တောနက်အတွင်းမှ ဇူလိုင် (၃၁) ရက်နေ့တွင် ဖမ်းဆီးရမိခဲ့ပြီဖြစ် သည်။ ရဲများ၏အဆိုအရ ကာဗယ်လ်ဟိုမှာ ဘရာဇီးလ်တွင် မွေးဖွားခဲ့သော်လည်း ၎င်း၏မိဘမျာမှာ လန်ဒန်တွင် နေထိုင်သူများဖြစ် ကြောင်း၊ ၄င်းနှင့် မာရီယာတို့မှာ လန်ဒန်တွင် တွေ့ဆုံခဲ့ခြင်းဖြစ်ကြောင် သိရသည်။

ကာဗယ်လ်ဟိုက မာရီယာအားသတ်ခဲ့ကြောင်း အလျင်အမြန်ဝန်ခံခဲ့ပြီး ၎င်း၏ လက်ကိုင်ဖုန်းအတွင်း မာရီယာ၏ ဦးခေါင်းနှင့် အခြား ခန္ဓာကိုယ်အစိတ်အပိုင်းများအား အယ်လ်ကေးဒါးအကြမ်းဖက်သမားတို့၏ လက်ချက်ကဲ့သို့ ပုံစံမျိုးဖြင့် နေရာချပြီး ဓာတ်ပုံရိုက်ထားကြောင်း သိရှိရသည်။ ကာဗယ်လ်ဟို၏ ထွက်ဆိုချက်အရ ၄င်းနှင့် မာရီယာတို့မှာ ဇူလိုင် (၂၅) ရက်နေ့ညက မူးယစ်ဆေးဝါးကိစ္စအတွက် စကားများခဲ့ပြီး သူမက ၎င်းအား ရဲလက်အပ်မည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း ထွက်ဆိုသွားသည်။ ထို့ကြောင့် ဇူလိုင်လ (၂၆) ရက်နေ့တွင် သူမ အား မီးဖိုချောင်သုံး ဓားတစ်လက်ဖြင့် သတ်ဖြတ်ပြီး သူမ၏ ခန္ဓာကိုယ်အား အမှိုက်ပုံတစ်ခုတွင် စွန့်ပစ်ပြီး ဧည့်ခံပွဲတစ်ခုသို့ပင် တက်ရောက်ခဲ့သေးကြောင်း၊ ထို့နောက်တွင်မှ သူမအား ခုတ်ထစ်ပြီး သူမ၏ ရင်ဘတ်ပိုင်း ကို အ၀တ်အိတ်ထဲထည့်၍ ခြေ၊လက်၊ဦးခေါင်းတို့ကို ရေထဲတွင် မျှောကာစွန့်ပစ်ခဲ့ကြောင်း၊ ထို့နောက် အ၀တ်အိတ်ကိုလည်း မြစ်ကမ်းဘေးတွင် စွန့်ပစ်ခဲ့ကြောင်း ၀န်ခံသွားသည်။ ဘရာဖီးလ်နိုင်ငံ၏ နိုင်ငံခြားရေး ၀န်ကြီးက ဗြိတိသျှအမျိုးသမီးတစ်ဦး ဘရာဇီးလ်နိုင်ငံ၊ ဂွိုင်အိုနီးယားမြို့အနီးတွင် အသတ်ခံခဲ့ရကြောင်း အတည် ပြုခဲ့ပြီး ဖမ်းဆီးရမိထားသော တရားခံကို ရုံးတင်စစ်ဆေးမှု အမြန်ဆုံး ပြုလုပ်သွားမည်ဟု ကြေညာသွားခဲ့သည်။

1 comments:

Han Thit Nyeim said...

ကြောက်စရာကြီး ပါလားဗျို့...။ ခင်ဗျားတို့ မိန်းကလေးများ ဆင်ခြင်လော့....။ ဟီ ဟိ။။

 

Design in CSS by TemplateWorld and sponsored by SmashingMagazine
Blogger Template created by Deluxe Templates