အစစ်အမှန်ထဲက ဘဝ

ဘ၀ဆိုတာ ..

ဘာကိုခေါ်တာလဲ။

ငါ့မေးလိုက်ချင်တယ်။

ဒါပေမယ့်...

ငါ့ကြားချင်တဲ့အဖြေက

ငါ့မလိုချင်တဲ့အဖြေ ဖြစ်နေတယ်။


ရွာမှာကျတော့လည်း

စစ်ဒဏ်ကြောင့် ဟိုပုန်းဒီပုန်း

မဖြစ်မနေ ပုန်းခိုရတဲ့ဘ၀က

ငါ့ရဲ့ ဘ၀အမှန်တွေပဲလား။

အိမ်ထောင်ဦးစီးခင်ပွန်းသည်က

တော်လှန်ရေးစစ်သည်တစ်ယောက်

ဒီလိုနဲ့

ရန်သူလာရင် ငါ့ဟိုရှောင်ပြေးရ ဒီရှောင်ပြေးရ

အဲ့ဒါငါ့ဘ၀အစစ်မှန်တွေပဲလား။

ဘာပဲဖြစ်ဖြစ်

အဲ့ဒါတွေကို ငါမမှုခဲ့ပါဘူး။

ဖြစ်လာခဲ့သမျှကို ငါ့ရင်ဆိုရဲတယ်။

စစ်ဒဏ်ကြောင့်လည်း

ငါပုန်းရပေမယ့် ငါပုန်းနိုင်တယ်။

ရန်သူတွေကြောင့်လည်း

ငါ့ရှောင်ရပေမယ့်

ငါ့ရှောင်နေနိုင်တယ်။

အခုအချိန်မှာ

တိုင်းပြည်အတွက် အသက်ပေးသွားတဲ့

ငါ့ခင်ပွန်းကို လေးစားဂုဏ်ယူလျက်

အဲဒါကမှ ငါ့ရဲ့ ဘ၀အစစ်အမှန်တွေပါ။

ယုန်ကလေး

0 comments:

 

Design in CSS by TemplateWorld and sponsored by SmashingMagazine
Blogger Template created by Deluxe Templates