သင်္ကြန်မိုး


သင်္ကြန်မှာ ရွာတဲ့မိုးလေးရယ်

ငါက အဝေးကို ငေးနေစဉ်

ချိုသာတဲ့ တေးသံများက

ငါ့ ပတ်ဝန်းကျင်မှာ လွင့်ပျံ့ဆဲလား။


ကောင်းကင်ပေါ်မှာ

ကျလာတဲ့ မိုးသီးတွေက

ကမ္ဘာလောကတခုလုံးကို

အေးမြစေခဲ့တုန်းပဲလား။


သင်္ကြန်ချိန်မှာ ..ဟိုတုန်းက.နွေးထွေးတဲ့

မင်းရဲ့ ကြင်နာမူတွေကို

ငါ့ နှလုံးသားက ပျော်မွေ့ခဲ့တာ

မင်းကော သိနိုင်ပါဦးမလား။


တခူးလမှာ ငါတို့ရဲ့ဆုံစည်းမှုက

အလွန်တရာမှ ရိုးသားပြီး..

ဘာအဆောင်တွေမှ မပါပဲ

ငါ့တို့.. ချစ်ခဲ့ကြတယ်

သင်္ကြန်မှာ ရွာတဲ့မိုးမင်းက

အခု ငါ့မျက်ဝန်းတွေလည်း

စိုနေတုန်းဆိုတာကို သင်္ကြန်မှာရွာတဲ့ မိုးမင်းက

နင်သိအောင် ပြောပေးနိုင်မလား။



ယုန်ကလေး

4 comments:

နွေမုန်တိုင်း said...

အခု ငါ့မျက်ဝန်းတွေလည်း စိုနေတုန်းဆိုတာကို သင်္ကြန်မှာရွာတဲ့ မိုးမင်းက နင်သိအောင် ပြောပေးနိုင်မလား။
~~~~~~~~~~~~~~~~~~~~~~
မိုးမင်းကြီးပြောပေးနိုင်ပါစေ ယုံကလေးရေ :D

စိုးထက် - Soe Htet ! said...

သင်္ကြန်မိုး ...

ကဗျာလေး မိုက်တယ် ... သတိရလာပြီ :)

မြန်မာပြည်ကိုလွမ်းတယ် said...

ယုန်ကလေးရေ..သင်္ကြန်ကိုလွမ်းလိုက်တာ

ရိုးမြင့်အောင် said...

ယုန်ကလေးရေ...
သင်္ကြန်ကို ခဏမေ့ထားတာ.. ကဗျာလေးဖတ်မိတော့ မေ့လို့ မရတော့ဘူး... လွမ်းလိုက်တာ သင်္ကြန်ကြီးရယ်.. :D

 

Design in CSS by TemplateWorld and sponsored by SmashingMagazine
Blogger Template created by Deluxe Templates