တစ်ချိန်က အတိတ်လေး


ထိုအတိတ်လေးက…..

မထင်မှတ်ပဲ ကိုကိုနဲ့ကျမ စတွေတဲ့နေ့လေးပေါ့။ ကျမတို့စတွေ့ကြတာ ဒီလိုခရေပင် အောက်မှာပဲဆိုတာ ကျမ ဘယ်တော့မှ မမေ့နိုင်ပါ။ အဲ့ဒီနေ့က ကျမခရေပင်အောက်မှာ ခရေပန်းလာကောက်မိသည်။ ခရေပန်းတွေကို တစ်ပွင့်ချင်းစီ လိုက်ကောက်နေတုန်း ကိုကိုဆိုတဲ့ ကောင်လေးတစ်ယောက်က ကျမကို ကြည့်နေသည်ကို ကျမ မသိချေ။ အဲ့ဒီနောက် သူက ကျမကို `ဟေ့´ ဆိုပြီး လှမ်းခြောက်လိုက်သည်။ ကျမလည်း အဲ့ဒီလိုခြောက် တာကို အမုန်းဆုံးပင်။ အဲ့ဒီနောက်

`လန့်သွားလား´

`မလန့်ပါဘူး..ဘာလိုလန့်ရမှာလဲ´

ကျမလည်း စိတ်တိုတိုနဲ့ ပြန်ဖြေမိခဲ့သည်။ နောက်ပြီး သူကဘာဖြစ်လို့ ကျမတို့ခြံကို ၀င်လာရတာလဲ။

`နင်က ဘာဖြစ်လို့ ငါတို့ခြံထဲကိုဝင်လာရတာလဲ။ နင်ကိုမေမေနဲ့ တိုင်ပြောမယ် ခိုးဝင်လာတယ်လို့…´

`ဟာ မဟုတ်ပါဘူး ညီမလေးရာ. ကိုကိုက ညီမလေးနဲ့ခင်ချင်လို့ပါ´

`ဘာကိုကိုဟုတ်လား..´

`အေးလေး ကိုကိုနာမည်က ကိုကိုလို့ခေါ်တယ် မှတ်ထားနော် အဲ့လိုခေါ်ရမယ်သိလား´

`မခေါ်ချင်ပါဘူး..´

ကျမ၏စိတ်ထဲတွင် နာမည်ကလည်း ကိုကိုတဲ့ ဘယ်လိုနာမည်ကြီးလည်းမသိဘူး။ ဆောင်းကတော့ မခေါ်တတ် ပါဘူး။ နင်လို့ဘဲခေါ်မှာပဲလို့ တွေးမိသည်။ ကျမလည်း ပန်းတွေကို စနစ်တကျ ထုတ်နေသည်။

`ညီမလေး နာမည်က ဘယ်လိုခေါ်လဲဟင်…´

`ဘာဖြစ်လို့မေးတာလဲ…မဖြေချင်ပါဘူး..´

`ခရေပန်းတွေကို ကြိုက်လား ကြိုက်ရင် ကိုကို အပင်ပေါ်က ခူးပေးမယ်လေ..အဲ့ဒါမှ လှမှာ..´

ဟွန်း သူကိုယ့်သူများ ကိုကိုတဲ့ အမြင်ကတ်ဖို့ကောင်းတဲ့ ကောင်လေးပဲ။ ဆောင်းကောက်တဲ့ ပန်းလည်းမွှေးပါ တယ်။ သူကများ ပိုင်စိုးပိုင်နင်းနဲ့ သူများခြံထဲဝင်လာပြီးတော့ ခူးပေးမယ်တဲ့။ မလိုချင်ပါဘူး သူခူးပေးမယ့်ပန်းကို ။



`အော် ဒါဆိုရင် ကိုကိုလည်း ၀ိုင်းကူကောက်ပေးမယ်နော် ရလား´

`မလိုပါဘူး…ဆောင်းဘာသာကောက်လို့ရတယ်´

`အဲ့..နာမည်က ဆောင်းလား လှတယ်သိလား..´

`ဘာ..မေမေနဲတိုင်ပြောမယ်´

`မတိုင်ပါနဲ့နော် ´

ကျမပြန်ခါနီးမှ သူ့ကို သေသေချာချာ ကြည့်မိတော့တယ်။ သူက ကျမနဲ့ရွယ်တူလောက်ပဲ ရှိဦးမယ်။ ကျမက (၁၂)ဆိုတော့ သူကကော ဘယ်လောက်ရှိမှာလဲ။ ရှိရင်(၁၃)နှစ်လောက်ပေါ့။ ဒါပေမယ့်သူက အသားကဖြူ တယ်။ ၀တ်ထားတဲ့ အကျီကတော့ စွတ်ကျယ်လက် ပြတ်လေးနဲ့ ဘောင်ဘီတိုတိုလေး။

`ကိုကိုက ဟိုဘက်ခြံမှာနေတယ်လေ ..အဖွားနဲ့နှစ်ယောက်တည်းနေတယ်။ လာလည်လို့ ရတယ်နော်။ ကိုကို မှာက ကစားဖို့အဖော်မရှိလို့။ အဲ့ဒါ ညီမလေးရောက်လာလို့ ကစားဖို့သူငယ်ချင်း ဟုတ်ပါဘူး ညီမလေးတစ် ယောက်ရသွားပြီ..´

ဟင်း သူ့ကိုလည်းမသိပဲနဲ့ ကစားဖော်လုပ်မယ်လို့ ဘယ်သူကပြောလဲ။ လုပ်ချင်ပါဘူး..။ ဆောင်းမှာလည်း သူ ငယ်ချင်းမရှိလည်း နောက်ရှိသွားမှာပဲ။ တွေ့တာတောင်အခုပဲ ရှိသေးတယ်။ စကားက ကျယ်လိုက်တာလို့ ကျမ စဉ်းစားနေမိသည်။ ကျမလည်း ပန်းများကိုထုတ်ပြီး ထိုကောင်လေးကို အမြင်ကတ်ကတ်နှင့် ဘာမှမပြောဘဲ အိမ်ကို ပြန်ပြေးလာခဲ့ မိသည်။

`မေမေရေ..ဒီမှာခရေပန်းတွေ..´

`ဘယ်မှာလဲ သမီးရဲ့…´

`ဒီမှာလေ မေမေရဲ့ သမီးသွားကောက်လာတာ လှလှလေးသီပေးနော်…´

`အေးအေး မေမေသီပေးမယ် အဖြစ်သည်းနေလိုက်တာ´

`မေမေကလည်း..သမီးက ဒီပန်းဆိုရင် ဘယ်လောက်ကြိုက်လဲဆိုတာ သိတာပဲ..´

`အေး..ဟုတ်ပါပြီ…´




တကယ်တော့ မေမေက ကျမကို ပြောလည်း ပြောချင်စရာပဲ။ ခရေပန်းကို တကယ်မြတ်မြတ်နိုးနိုး ကျမနှစ် သက်သည့် ပန်းတစ်မျိုးဖြစ်သည်။ အဲ့ဒါကို ကျမမေမေအသိဆုံးပင် မဟုတ်ပါလား။ အော်ခုနက မေမေကိုပြောဖို့ မေ့သွားတယ်။ ကျမ ခရေပန်းတွေ ကောက်တုန်းက ဟိုဘက်ခြံက ကောင်လေးတစ်ယောက် ကျမကိုလာ မိတ်ဖွဲ့တဲ့အကြောင်း၊ ပန်းကူကောက်ပေးတဲ့အကြောင်း၊ မေ့မေ့ကို ပြောဖို့မေ့သွားပြီ။ မေ့မေ့ကို သွားပြန်ပြောရ မလား။ ကျမရဲ့အကျင့်က ကျမသိသောအရာကို မေ့မေ့အားမပြောပြရလျှင် မနေနိုင်ပေ။ အဲ့ဒါနဲ့မေမေကို သွား ပြောပြလိုက်သည်။ မေမေကတော့

`သမီး ရန်မဖြစ်ရဘူးနော်…´

`ဟာမေမေကလည်း သမီးဘယ်မှာရန်ဖြစ်လို့လဲ..သမီးအဲ့လိုပဲ ပြန်ပြောတာကို´

`သိတယ်..နောက်ဆိုရင် ရန်မဖြစ်နဲ့လို့..´

`ဟုတ်ကဲ့မေမေ´



လို့ကျမ မေမေကို ပြန်ဖြေလိုက်သည်။ အဲ့ဒါနဲ့ကျမလည်း အပေါ်ထပ်ကိုတက်လာခဲ့သည်။ တကယ်တော့ မေမေ က ဒီမှာ တာဝန်ကျလို့ ကျမလိုက်လာရတာ မဟုတ်လား။ ကျမ မပျော်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီမှာနေရ တာလဲ သူငယ်ချင်းတွေလည်း မရှိဘူး။ ပျင်းလိုက်တာ။ ကျမ၏ မွေးရပ်မြေမှာကျန်ခဲ့တဲ့ သူငယ်ချင်းတွေကို လွမ်း လိုက်တာ။ အခုဆိုရင် သူတို့လည်း ဆောင်းကိုလွမ်းမှာပါလေ။ ဘာပဲဖြစ်ဖြစ် မေမေနဲ့လိုက်လာလည်း ပျော်တာ ပဲ။ မေမေက ကျောင်းဆရာမဆိုတော့ ကျရာတာဝန်ကို ထမ်းဆောင်ရမှာ မဟုတ်လား။ ခဏနေတော့ မေမေ က..

`သမီးရေ..ရပြီ လာယူ..´

`ဟုတ်ကဲ့မေမေ.လာပြီ´

`လှလိုက်တာ မွှေးတယ်နော် မေမေ´

`မေမေ သမီးကို ပန်ပေးလေ..နော် ´

`အင်းပန်ပေးမယ်…´

`မေမေက အရမ်းတော်တာပဲနော်..အဲ့ဒါကြောင့် မေမေကို ချစ်နေရတာ..´

`ကျမပါးစပ်ကလည်းပြောရင်း မေမေ့ရဲ့ပါးလေးနှစ်ဖက်ကို မွှေးမွှေးပေးလိုက်သည်။ မေမေကတော့ ..´

`ကောင်မလေး အမေကို သိပ်မချွဲနဲ့တော ဟုတ်ပြီးလား´

`ဟာမေမေကလည်း …ချွဲမှာပဲ မရဘူး….´

တနလာင်္နေ့ရောက်တော့ ကျမလည်း မေမေတာဝန်နဲ့ ရောက်လာတယ်ဆိုတော့ မေမေ သင်မယ့်ကျောင်းကိုပဲ တက်ရတာပေါ့။ မေမေကျောင်းသွားရင်လည်း မေမေနဲ့အတူတူပဲ သွားရမှာလေ။ ဒီနေမနက် မေမေက ကျမကို လာနှိုးသည်။

`သမီးဆောင်းရေ.. ဒီနေကျောင်းသွားရမယ်နော် ထတော့´

`ဟုတ်ကဲ့မေမေရေ.. ဟွန်းအိပ်ရတာလည်း မ၀သေးဘူး ´

ကျမ မနက်ပိုင်းဆို မေမေနဲ့တူတူ ကော်ဖီသောက်သည်။ ကျောင်းသွားရမယ်ဆိုတော့ ရေမိုးချိုးပြီး ကျောင်း သွားဖို့အတွက် ပြင်ဆင်ရတော့သည်။ မေမေကတော့ ကျမကျောင်းမှာ ထမင်းစားဖို့အတွက် ပြင်ဆင်တော့ သည်။ ကျမကို ထမင်းချိုသီးသန့် ထည့်ပေးသည်။ ပြီးနောက် မေမေလည်း ကျောင်းသွားဖို့အတွက် ပြင်ဆင် တော့သည်။ မေမေက ကျမအတွက်နဲ့တော်တော် အလုပ်ရှုပ်သွားလို့ မေ့မေ့ကို ကျမသနားမိသည်။ ဖေဖေမရှိ တော့တဲ့ နောက်ပိုင်း မေမေကပိုပြီးတော့ အလုပ်ရှုပ်သည့်မဟုတ်လား။ ပိုပြီးတော့ ပင်ပန်းသည့် နေ့ကများခဲ့ သည်။ ကျမက မနေ့က မေမေသီပေးတဲ့ ခရေပန်းလေးတွေကို ပန်ခဲ့သည်။ အဖြူနဲ့အစိမ်းလေးကို ၀တ်ပြီး ကျောင်းသွားဖို့ ဆင်းလာတော့သည်။ အဲ့ဒီနေ့ ကျမ၏ မျက်လုံးထဲမှာ မေမေက အဖြူအစိမ်း ရင်ဖုံးလေးနဲ့ အရမ်းကို ကျက်သရေရှိနေသည်။ ကျောင်းကို မေမေနဲ့အတူ ထွက်လာခဲ့သည်။..

ဆက်ရန်

ယုန်ကလေး

1 comments:

~P~ said...

အမ် ဒါဘဲလား..သိပါဘူးဘာတွေများဖြစ်အုန်းမလဲလို.ဆက်ဖတ်နေတာ..:D ..ယုန်လေးရဲ.မေမေက ချစ်ဘို.ကောင်းတယ်နော်။ စိတ်လည်းရှည်မဲ.ပုံဘဲ ။

 

Design in CSS by TemplateWorld and sponsored by SmashingMagazine
Blogger Template created by Deluxe Templates