သွေးမြစ်ကိုဖြတ်သန်း၍ အရိုးတောင်တန်းကိုကျော်လွှားခြင်း


ရှစ်ဆယ့်ရှစ်ဟာ
မြစ်တစင်းဆိုရင်...
အဲဒီမြစ်ဟာ
ကျောင်းသားတွေရဲ့ သွေးနဲ့စီးတဲ့
မြစ်ပဲဖြစ်မယ်။

ရှစ်ဆယ့်ရှစ်ဟာ
တောင်တန်းဆိုရင်...
အဲ့ဒီတောင်တန်းဟာ
ကျောင်းသားအရိုးတွေနဲ့
စုပုံမို့မောက်နေတဲ့
တောင်တန်းပဲဖြစ်မယ်။

စစ်အာဏရှင်စနစ် ကျဆုံးသွားမယ်
ဒီမိုကရေစီရမယ်ဆိုရင်
ကျောင်းသားတွေဟာ
နောက်ထပ်သွေးမြစ်နဲ့
အရိုးတောင်တန်းတွေကို
ဖြတ်သန်းကျော်လွှားဖို့
အသင့်ပဲဟေ...။

အောင်ဝေး

0 comments:

 

Design in CSS by TemplateWorld and sponsored by SmashingMagazine
Blogger Template created by Deluxe Templates