ကိုယ့်အဖြစ်က

သင်္ကြန်ချိန်မှာ

ရောက်ရောက်လာတဲ့ မင်းလေးရယ်

အခု မင်းဘယ်တွေများ

လိုက်ပျော်နေတာလဲ။

အများတွေက ပျော်ရွင်နေတဲ့အချိန်မှာ

ငါမှာတော့ ရင်ထဲမှာအဖော်မဲ့ပြီး

အထီးကျန်နေသလို

ခံစားရတယ်။


သင်္ကြန်ချိန်မှာ

ငါ့အနား အားပေးသူမဲ့စွာနဲ့

ရင်ထဲ ပူလောင်တာတွေကို

ဘယ်လိုဖြေသိမ့်ရမလဲ။


ဆိုးရွားလှတဲ့

ကိုယ့်အဖြစ်က

မင်းလေးသိနိုင်မလား

အကယ်၍ မင်းလေးသိခဲ့ရင်

ငါ့အနားမှာ အမြန်ပြန်လာခဲ့ပါနော်။

ယုန်ကလေး

3 comments:

ein said...

ရေးတတ်သလိုသာရေးနော် ညလေး ဘာမှမဖြစ်ဘူး...
မမ ကတော့အားပေးနေမယ် ...း)
သူသိပြီး အနားကို အမြန်ပြန်လာနိုင်ပါစေ ဒူမေးလေးရေ...း)

Unknown said...

ယုန်ကလေးရေ...

အလွမ်းတွေရယ်ပြေပါစေ......
ခံစားချက်တွေကို အသိအမှတ်ပြုပါတယ်....

ပြည့်စုံ

Unknown said...

သင်္ကြန်အကြောင်း မပြောပါနဲ့ကွယ် :(

 

Design in CSS by TemplateWorld and sponsored by SmashingMagazine
Blogger Template created by Deluxe Templates