မုံရွာ မီးလောင်းမှုဖြစ်ပွား


မနေ့ ညက မုံရွာမြို့ မုံရွာတောင်ရပ်ကွက်မှာ မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး အိမ်ခြေ ၅၀ ကျော် မီးထဲပါသွားခဲ့တယ်လို့ စစ်ကိုင်းတိုင်း မီသတ်ဌာနက ၀န်ထမ်းတစ်ဦးက ပြောပါတယ်။

ည ၈ နာရီ ကနေ ည ၁၀ နာရီအထိ မီးလောင်ကျွမ်းခဲ့ရာမှာ မုံရွာခရိုင်မှာရှိတဲ့ မီးသတ်ကားတွေ လာရောက် ငြိမ်းသက်ခဲ့ပါတယ်။

မီးစတင် လောင်ကျွမ်းတဲ့ အချိန် ည ၈ နာရီကနေ ၉ နာရီအထိ မုံရွာခရိုင်မှာရှိတဲ့ မီးသတ်ကားတွေက ကူညီ ငြိမ်းသက်ခဲ့တယ်လို သိရပါတယ်။


မီး စတင် လောင်ကျွမ်းခဲ့တဲ့ အကြာင်းကိုလည်း မုံရွာမြို့ခံ စစ်ကိုင်းတိုင်း တိုင်းအဆင့် ဆရာဝန် ဒေါက်တာ သန်းထွန်းက အခုလို ပြောပြပါတယ်။

ပေါ့ဆမီး လို့ပြောပါတယ်။ ကလေးတွေ ဖယောင်းတိုင်နဲ့ နေရင်းကနေပြီးတော့ မီးစလောင်တာ။ လူတွေက ဆင်းရဲသားတွေများပါတယ်

မီးဘေး ဒုက္ခသည်တွေအတွက်လည်း ကယ်ဆယ်ရေးစခန်းကို အောင်ဇေယျာရပ်ကွက်က ဓမ္မာရုံမှာ ပြုလုပ်ထားကြောင်း၊ သူတို့ရဲ့ ကျန်းမာရေးအတွက် ကျန်းမာရေးဌာန ရှိတာကြောင့် အဆင်ပြေနိုင်တယ်လို့ သူက ဆက်ပြောသွားတာပါ။

ဒေသခံ ရွာသားတွေဟာ မှုန့်ကြိတ်လုပ်ငန်း၊ မုန့်လုပ်ငန်းမျိုးစုံနဲ့ အသက်မွေးဝမ်းကျောင်း ပြုနေကြတဲ့ သူတွေ ဖြစ်တယ်လို့ သိရပါတယ်။ မီးလောင်မှုနှင့်ပက်သတ်လို့ ဆုံးရှုံးမှုတန်ဖိုးကိုတော့ အတည်ပြုလို့ မရသေးပါဘူး။

ပြီးခဲ့တဲ့နှစ် ဇွန်လ ၃ ရက်နေ့ မှာ မုံရွာမြို့က ရတနာဈေးသစ်ကြီး မီးလောင်းကျွမ်းတုန်းကလည်း ဆိုင်ခန်းပေါင်း ၄၀၀ ကျော် မီးလောင်ကျွမ်းခဲ့ပြီး ကျပ်သိန်းပေါင်း တစ်ထောင့် ခြောက်ရာကျော် ဆုံးရှုံးသွားခဲ့တာ ဖြစ်ပါတယ်။

ယုန်ကလေး

0 comments:

 

Design in CSS by TemplateWorld and sponsored by SmashingMagazine
Blogger Template created by Deluxe Templates