ဝေါ်လေကျေးရွာ မီးလောင်


အခုလ ၂၂ရက်နေ့မှာ စစ်အစိုးရတပ်နဲ့ ကရင် လက်နက်ကိုင် အဖွဲ့တွေအကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်ရှိ ဝေါ်လေရွာကို မီးလောင်ခဲ့တာကြောင့် အိမ်နဲ့ ဈေးဆိုင်ခန်း အဆောက်အဦ ၁၀ ခု ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရှို့မီးတာ ဖြစ်နိုင်တယ်လို့ ဝေါ်လေ ရွာသားတစ်ဦးက

ည ၁၂ နာရီ ခွဲလောက်မှာ လာရှို့တယ်။ ဘယ်သူတွေလည်းတော့ မပြောတတ်ဘူး ။ အဖွဲ့တွေ များတော့ စစ်တပ်တွေကလား၊ ဘယ်အဖွဲ့လဲတော့ မပြောနိုင်ဘူးလေ။ မီး စလောင် တော့ ရွာသားတွေပဲ ၀ိုင်းပြီး မီးငြိမ်း ရတယ် ဆိုပါတယ်။

တိုက်ပွဲတွေကြောင့် အိုးအိမ်တွေ စွန့်ခွာပြီး ထွက်ပြေးသွားတဲ့ ရွာသူရွာသားတွေရဲ့ အိမ်တွေလည်း မီးလောင်ထဲမှာ ပါသွားတယ်လို့ သိရပါတယ်။ ဝေါ်လေရွာမှာ အိမ်ခြေ (၂၀၀)ကျော်ရှိပြီး ထက်ဝက်နီးပါးကတော့ ဘေးကင်းတဲ့ နေရာမှာ ထွက်ပြေး တိမ်းရှောင်နေဆဲတဲ့အတွက် အိမ်ခြေနီးပါးမှာ လူမနေတော့တဲ့ အိမ်တွေ ဖြစ်နေတယ်လို့ ဆိုပါတယ်။

အခုတလော ခဏခဏ စစ်ဖြစ်တယ်ဆိုတော့ စီးပွားရေးလည်း အဆင်မပြင်ဘူး။ ဟိုကြောက် ဒီကြောက်နဲ့ နေရတယ်လေ၊ အခု ရွာထဲမှာ မီးပါ လိုက်ရှို့ ခံရတယ် ဆိုတော့ ဒေသခံတွေ ဒုက္ခရောက်နေပါတယ်ဟု ဝေါ်လေ ရွာသားက ပြောပါတယ်။

မီးလောင်တဲ့အတွက် ပျက်စီးဆုံးရှုံးသွားတဲ့ တန်ဖိုးကတော့ ကျပ် (၃၀)၊ ခန့် ရှိကြောင်း သိရပါတယ်။

Source: KSNG



0 comments:

 

Design in CSS by TemplateWorld and sponsored by SmashingMagazine
Blogger Template created by Deluxe Templates