Wide Horizons ကျောင်းသူကျောင်းသားများ





မိဘနဲ့ဝေး ဆွေးမျိုးနဲ့ဝေး
ဒီကျောင်းလေးထဲ ပညာသင်ရင်း
နင်နဲ့ ငါတို့
အသိပညာ၊ အတတ်ပညာတိုးလာခဲ့ကြ

ငါ့တို့တတွေ လူမျိုးမတူ ဘာသာမတူ
မောင်နှမရင်းချာ
မရှိအတူ ရှိအတူ နေလာခဲ့တာ
ငါ့အနေဖြင့် မမေ့နိုင်ပါ။

သြော်…
ကျောင်းလည်းပြီးလို့…
တစ်ယောက်တစ်လမ်း ကိုယ်ဆီလမ်းသို့
လာရာအတိုင်း ပြန်ခဲ့ရပြီး
အများအတွက် ကျရာတာဝန်
ထမ်းဆောင်နေရင်း
သူငယ်ချင်းတွေကို သတိရနေဆဲပါ။

ယုန်ကလေး

Wide Horizons ကျောင်းက သူငယ်ချင်းများအတွက် နှစ်သစ်မင်္ဂလာ အမှတ်တရလက်ဆောင်


3 comments:

ဂျေဂျူဝိုင် said...

ကျောင်းသား ကျောင်းသူ ဘ၀မှာ ပျော်ရွှင် ကြည်နူး ခဲ့ရသလို ကျရာတာဝန်တွေမှာလည်း ဆက်လက် ပျော်ရွှင် ကြည်နူးစွာ တာဝန် ထမ်းဆောင် နိုင်စေဗျာ။

ကိုခိုင် said...

မင်္ဂလာရှိသောမြန်မာနှစ်သစ်ဖြစ်ပါစေ။
လိုအင်ဆန္ဒများပြည့်ဝသောနှစ်ဖြစ်ပါစေ။
သူငယ်ချင်းများနဲ့လည်းပြန်လည်ဆုံတွေ့နိုင်ပါစေ။

လင့် လည်းယူသွားပါရစေ။း)

ကိုခိုင်

ကိုခိုင် said...

သို့
ဒေါ်ယုန်ကလေး
သတိရစွာနဲ့စာရေးလိုက်ပါတယ်။
စာပြန်ရေးတော့မယ်.....
လာလည်ပါဦးဆိုပြီး
အကြယ်ကြီးလာအော်သွားသောကြောင့်
မကြာမကြာရောက်လာပါသော်လည်း.....
အိမ်ကြီးရှင်
အိပ်ပျော်နေသည်...
သို့တည်းမဟုတ်
အလုပ်တွေရှုပ်နေသည်ဟုထင်မြင်ယူဆမိပါသောကြောင့်
တိတ်တိတ်ကလေးပြန်သွားရတာများပြီဖြစ်ကြောင်း
သိစေအပ်ပါသည်။
တော်သေးပြီ

ကိုခိုင်

 

Design in CSS by TemplateWorld and sponsored by SmashingMagazine
Blogger Template created by Deluxe Templates